[[Zawgyi/Unicode]]
ဂ်ာမနီအစိုးရအဖြဲ႔ဟာ အထူးအစည္းအေဝးတရပ္ကို Meseberg ၿမိဳ႕မွာ က်င္းပၿပီး ဆြီဒင္နဲ႔ ဖင္လန္ ဝန္ႀကီးခ်ဳပ္ေတြ က ဧည့္သည္ေတာ္ အျဖစ္ တက္ေရာက္ၾကပါတယ္။ လုံၿခဳံေရး ဆိုင္ရာကိစၥရပ္ေတြ ကို ေဆြးေႏြးၾကမွာ ျဖစ္တာေၾကာင့္ ဒါကသိပ္ကို အေရးႀကီးပါတယ္လို႔ ဂ်ာမန္ဝန္ႀကီးခ်ဳပ္ OLAF SCHOLZ က အစည္းအေဝးမစမီမွာ ေျပာပါတယ္။ လုံၿခဳံေရးကိစၥဟာ ဥေရာပနဲ႔ဆြီဒင္၊ ဖင္လန္တို႔ အတြက္လည္း အေရးႀကီးပါတယ္လို႔ ရႈိလ့္က ေျပာပါတယ္။
ဒီ အစည္းအေဝးမွာ လုံၿခဳံေရးအျပင္ ယူကရိန္းအက်ပ္အတည္းေၾကာင့္ ျဖစ္ေပၚလာတဲ့ စီးပြါးေရး သက္ေရာက္မႈေတြ၊ အဲဒီ သက္ေရာက္မႈနဲ႔ ရာသီဥတု အေျပာင္းအလဲေၾကာင့္ ေဆာင္႐ြက္ရမယ့္ အေျပာင္းအလဲေတြအေၾကာင္းလည္း ေဆြးေႏြးၾကဖို႔ ရွိတယ္လို႔ ရႈိ႕လ္က ဆိုပါတယ္။
ဆြီဒင္နဲ႔ ဖင္လန္တို႔ဟာ ႐ုရွားနဲ႔နယ္စပ္ခ်င္းဆက္ေနၿပီး ယူကရိန္းစစ္ပြဲမတိုင္မီက ေနတိုးနဲ႔ ႐ုရွား အၾကား ၾကားေနႏိုင္ငံေတြအျဖစ္ ရပ္တည္ခဲ့တာပါ။ ယူကရိန္းစစ္ပြဲ ျဖစ္ပြါးၿပီးေနာက္ ေနတိုး အဖြဲ႔ဝင္ ႏိုင္ငံအျဖစ္ ေလွ်ာက္ထားဖို႔ စဥ္းစားေၾကာင္း ေၾကညာခဲ့ၾကပါတယ္။
တကယ္လို႔ ဖင္လန္နဲ႔ဆြီဒင္တို႔က ေနတိုးအဖြဲ႔ကိုဝင္ဖို႔ ဆုံးျဖတ္ခဲ့ရင္ ေဘာ္လကန္ ေဒသ Kaliningrad ကမ္းေျခေတြမွာ ႏ်ဴကလီယားလက္နက္ေတြနဲ႔ အသံထက္ဆယ္ဆျမန္ ဒုံးက်ည္ေတြ ကို ခ်ထားမယ္လို႔ ႐ုရွားက ဆိုထားပါတယ္။
ဖင္လန္ႏိုင္ငံက ေနတိုးအဖြဲ႔ဝင္ ႏိုင္ငံအျဖစ္ ေမလ ၁၂ ရက္ေန႔ မွာ ေလွ်ာက္ထားဖို႔ ဆုံးျဖတ္လိုက္တယ္လို႔ ဖင္လန္သတင္းစာ Iltalehti က ေမလ ၁ ရက္ေန႔က ေျပာပါတယ္။ ဒီ သတင္းကို သီးျခား အတည္ျပဳလို႔ေတာ့ မရေသးပါဘူး။
==============
[[Unicode]]
ဂျာမနီအစိုးရ အထူးအစည်းအဝေး ဆွီဒင်နဲ့ဖင်လန်ဝန်ကြီးချုပ် တက်ရောက်
ဂျာမနီအစိုးရအဖွဲ့ဟာ အထူးအစည်းအဝေးတရပ်ကို Meseberg မြို့မှာ ကျင်းပပြီး ဆွီဒင်နဲ့ ဖင်လန် ဝန်ကြီးချုပ်တွေ က ဧည့်သည်တော် အဖြစ် တက်ရောက်ကြပါတယ်။ လုံခြုံရေး ဆိုင်ရာကိစ္စရပ်တွေ ကို ဆွေးနွေးကြမှာ ဖြစ်တာကြောင့် ဒါကသိပ်ကို အရေးကြီးပါတယ်လို့ ဂျာမန်ဝန်ကြီးချုပ် OLAF SCHOLZ က အစည်းအဝေးမစမီမှာ ပြောပါတယ်။ လုံခြုံရေးကိစ္စဟာ ဥရောပနဲ့ဆွီဒင်၊ ဖင်လန်တို့ အတွက်လည်း အရေးကြီးပါတယ်လို့ ရှိုလ့်က ပြောပါတယ်။
ဒီ အစည်းအဝေးမှာ လုံခြုံရေးအပြင် ယူကရိန်းအကျပ်အတည်းကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွါးရေး သက်ရောက်မှုတွေ၊ အဲဒီ သက်ရောက်မှုနဲ့ ရာသီဥတု အပြောင်းအလဲကြောင့် ဆောင်ရွက်ရမယ့် အပြောင်းအလဲတွေအကြောင်းလည်း ဆွေးနွေးကြဖို့ ရှိတယ်လို့ ရှို့လ်က ဆိုပါတယ်။
ဆွီဒင်နဲ့ ဖင်လန်တို့ဟာ ရုရှားနဲ့နယ်စပ်ချင်းဆက်နေပြီး ယူကရိန်းစစ်ပွဲမတိုင်မီက နေတိုးနဲ့ ရုရှား အကြား ကြားနေနိုင်ငံတွေအဖြစ် ရပ်တည်ခဲ့တာပါ။ ယူကရိန်းစစ်ပွဲ ဖြစ်ပွါးပြီးနောက် နေတိုး အဖွဲ့ဝင် နိုင်ငံအဖြစ် လျှောက်ထားဖို့ စဉ်းစားကြောင်း ကြေညာခဲ့ကြပါတယ်။
တကယ်လို့ ဖင်လန်နဲ့ဆွီဒင်တို့က နေတိုးအဖွဲ့ကိုဝင်ဖို့ ဆုံးဖြတ်ခဲ့ရင် ဘော်လကန် ဒေသ Kaliningrad ကမ်းခြေတွေမှာ နျူကလီယားလက်နက်တွေနဲ့ အသံထက်ဆယ်ဆမြန် ဒုံးကျည်တွေ ကို ချထားမယ်လို့ ရုရှားက ဆိုထားပါတယ်။
ဖင်လန်နိုင်ငံက နေတိုးအဖွဲ့ဝင် နိုင်ငံအဖြစ် မေလ ၁၂ ရက်နေ့ မှာ လျှောက်ထားဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဖင်လန်သတင်းစာ Iltalehti က မေလ ၁ ရက်နေ့က ပြောပါတယ်။ ဒီ သတင်းကို သီးခြား အတည်ပြုလို့တော့ မရသေးပါဘူး။
==============