သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Germanwings တွဲဘက်လေယာဉ်မှူး အမြင်အာရုံ ပြဿနာရှိခဲ့နိုင်


ွGermanwings လေကြောင်းပိုင်လေယာဉ်ကို တမင်ပျက်ကျစေအောင်မောင်းနှင်ခဲ့သူလို့ ယုံကြည်ထားတဲ့ တွဲဘက်လေယာဉ်မှူး Andreas Lubitz ရဲ့တိုက်ခန်းကို ဝင်ရောက်စစ်ဆေးစဉ် အပြင်မှာ စောင့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တဦးကို တွေ့ရပုံ။
ွGermanwings လေကြောင်းပိုင်လေယာဉ်ကို တမင်ပျက်ကျစေအောင်မောင်းနှင်ခဲ့သူလို့ ယုံကြည်ထားတဲ့ တွဲဘက်လေယာဉ်မှူး Andreas Lubitz ရဲ့တိုက်ခန်းကို ဝင်ရောက်စစ်ဆေးစဉ် အပြင်မှာ စောင့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တဦးကို တွေ့ရပုံ။

အလ်ပ်စ် (Alps) တောင်တန်းပေါ်မှာ လေယာဉ်ကို တမင်သက်သက် ပျက်ကျအောင် လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ Germanwings လေကြောင်းလိုင်းက တွဲဘက်လေယာဉ်မှူးဟာ စိတ်ရောဂါကုဆရာဝန်တွေနဲ့ ကုသမှုခံယူနေရတဲ့အပြင် အမြင်အာရုံချို့တဲ့တဲ့ ပြဿနာတွေလည်း ရှိနေနိုင်တယ်လို့ ဂျာမန်သတင်းစာတစောင်က တနင်္ဂနွေနေ့မှာပဲ ဖော်ပြလိုက်ပါတယ်။

အသက် ၂၇ နှစ်အရွယ် တွဲဘက်လေယာဉ်မှူး အန်းဒရီးယတ်စ် လုဘစ်ဇ် (Andreas Lubitz) ဟာ မျက်လုံးအမြင်လွှာ ရောဂါကြောင့် မျက်စေ့ကွယ်မှာ စိုးရိမ်နေတယ်ဆိုတဲ့ အထောက်အထားတချို့ကို စုံစမ်းစစ်ဆေးသူတွေ တွေ့ရှိခဲ့တယ်လို့ ဂျာမန်သတင်းစာ ဘေ အမ် ဆွန်တဂ် (Bild am Sonntag) မှာ ဖော်ပြခဲ့တာပါ။

လုဘစ်ဇ် (Lubitz) အိမ်မှာ သောကြာနေ့က ရှာဖွေတွေ့ရှိခဲ့တဲ့ အထောက်အထားတွေအရ ကျန်းမာရေး ပြဿနာတွေနဲ့ လိုအပ်တဲ့ ကုသမှုတွေ ခံယူနေရတဲ့လက္ခဏာတွေ တွေ့ရတယ်လို့လည်း အစိုးရရှေ့နေတွေက ပြောဆိုထားကြပါတယ်။ စိတ်ရောဂါဝေဒနာအတွက် ကုသမှု ခံယူနေရတဲ့ အထောက်အထားကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိထားတာပါ။

Lubitz နဲ့ အတူနေခဲ့တဲ့ ရည်းစားဖြစ်သူဟာလည်း ကိုယ်ဝန်ရှိနေတယ်လို့ ဂျာမန်သတင်းစာက ဖော်ပြပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါလာသူ လူပေါင်း ၁၅၀ စလုံး သေဆုံးခဲ့ရတဲ့ လေယာဉ်ပျက်ကျမှုမတိုင်ခင်အချိန်မှာပဲ တွဲဘက်လေယာဉ်မှူး လုဘစ်ဇ် (Lubitz) ဟာ လေယာဉ်မှူးကို စက်ခန်းထဲပြန်မဝင်နိုင်အောင် တံခါးသော့ခတ်ပိတ်ထားခဲ့တာကို လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်စက်မှာ တွေ့ရှိခဲ့ရ ကြောင်းလည်း ပြင်သစ်အာဏာပိုင်တွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG