သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီနဲ့ အာဂျင်တီးနား ကမ္ဘာ့ဖလား ဗိုလ်လုမည်


၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို ဒီကနေ့တနင်္ဂနွေနေ့ Brazil ဒေသစံတော်ချိန် ညနေ ၄ နာရီ၊ မြန်မာ စံတော်ချိန် တနင်္လာမနက် ၁ နာရီခွဲမှာ အာဂျင်တီးနားအသင်းနဲ့ ဂျာမနီအသင်းတို့ Rio de Janeiro မြို့မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဒီအသင်း ၂ သင်းဟာ အရင်ကလည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ၂ ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးတာပါ။ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ အာဂျင်တီးနားက အနိုင်ရခဲ့ပြီး ၁၉၉၀ မှာတော့ ဂျာမဏီက နိုင်ခဲ့ပါတယ်။ အမေရိကနိုင်ငံတွေမှာ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ (၇) ကြိမ်ကျင်းပခဲ့ပြီးတာမှာ ဘယ်ဥရောပ အသင်းကမှ မနိုင်ဖူးသေးပါဘူး။ (၇) ကြိမ်လုံး တောင်အမေရိက အသင်းတွေပဲ အနိုင်ရခဲ့တာပါ။

မနေ့ကကျင်းပခဲ့တဲ့ တတိယနေရာလုပွဲကို ဘရာဇီးနဲ့ နယ်သာလန်အသင်းတို့ ကစားခဲ့ကြတာမှာ အိမ်ရှင် ဘရာဇီးအသင်းက နယ်သာလန်ကို ၃ ဂိုး ဂိုးမရှိနဲ့ မရှုမလှ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒါဟာ အိမ်ရှင် ဘရာဇီးအသင်းအနေနဲ့ ဒုတိယအကြိမ်မြောက် အရှုံးကြီး ရှုံးသွားရတာလည်း ဖြစ်ပါတယ်။ Bralilia မြို့မှာ ကျင်းပတဲ့ ပွဲစဉ်အတွင်း တကွင်းလုံး ဘရာဇီးပရိတ်သတ်တွေနဲ့ ပြည့်နေခဲ့ပေမယ့် နယ်သာလန်အသင်းက အစောပိုင်းမှာကတည်းက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

XS
SM
MD
LG