သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးသုတေသနအတွက် ထိပ်တန်းကုမ္ပဏီ ၁၀ ခု ပူးပေါင်းမည်


ကမ္ဘာပေါ်က အဓိကရောဂါကြီးတွေကို ကုသနိုင်မယ့် နည်းလမ်းတွေ ရှာဖွေရာမှာ သာမန်အချိန်မှာ ပြိုင်ဘက်တွေဖြစ်ကြတဲ့ ထိပ်တန်းဆေးကုမ္ပဏီကြီး ၁၀ ခုက အမေရိကန် ကျန်းမာရေး ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ကြေညာလိုက်ပါတယ်။

မှတ်ဉာဏ်ယိုယွင်းတဲ့ Alzheimer ရောဂါ၊ ဆီးချိုရောဂါ ဒုတိယအမျိုးအစား၊ အဆစ်အမြစ်ရောင်ရောဂါနဲ့ ခန္ဓာကိုယ်တွင်း မူမမှန်တဲ့ ခုခံအားစနစ်နဲ့ဆိုင်တဲ့ ရောဂါတချို့ကို ကုသဖို့ သုတေသန လုပ်ငန်းတွေအတွက် ရှေ့လာမယ့် ၅ နှစ်အတွင်း ဒေါ်လာသန်း ၂၃၀ အကုန်အကျခံမှာ ဖြစ်တဲ့အကြောင်း အင်္ဂါနေ့ကပဲ ဝါရှင်တန်မြို့တော်မှာ ကြေညာခဲ့တာပါ။

ဆေးဝါးသစ်တွေ ရှာဖွေဖို့၊ အကျိုးအမြတ် ပိုရဖို့ ဈေးကွက်မှာ အပြိုင်အဆိုင် ကြိုးစားရင်း ဆေးကုမ္ပဏီကြီးတွေကတော့ မကြာသေးခင်နှစ်တွေအတွင်း ဒေါ်လာသန်းပေါင်း ထောင်နဲ့ချီ သုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကုမ္ပဏီတွေ တခုချင်းစီရဲ့ ကြိုးပမ်းမှုတွေက အဓိက လိုအပ်နေတဲ့ ဆေးဝါးတွေ ထုတ်လုပ်ရာမှာ ထိရောက်မှု မရှိတဲ့အကြောင်း အမေရိကန် အမျိုးသား ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးဖြစ်သူ Francis Collins ကပြောဆိုခဲ့တာပါ။

ဆေးကုမ္ပဏီတွေအနေနဲ့ ဒေါ်လာသန်းပေါင်း တစ်ထောင်အကုန်အကျခံပြီး ၁၄ နှစ်ကြာ သုတေသန လုပ်ခဲ့ရင်တောင်မှ အောင်မြင်နိုင်တဲ့ အခွင့်အလန်းက ၁၀၀ မှာ ၁% လောက်သာ ရှိတယ်လို့လည်း ပြောပါတယ်။ ဒီအတွက်လည်း ပူးပေါင်းဆောင်ရွက်တာတွေကသာ ထိရောက်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG