သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AIDS ရောဂါ သုတေသနအတွက် ကန် ဆက်လက်ကူညီဖို့ ပညာရှင်တွေ တိုက်တွန်း


နိုင်ငံတကာ AIDS ရောဂါဆိုင်ရာအဖွဲ့ရဲ့ဥက္ကဌ Linda-Gail Bekker
နိုင်ငံတကာ AIDS ရောဂါဆိုင်ရာအဖွဲ့ရဲ့ဥက္ကဌ Linda-Gail Bekker

AIDS ရောဂါဆိုင်ရာ သုတေသနနဲ့ ကုထုံးအစီအစဉ်တွေမှာ ဆက်ပြီး ပါဝင်သွားဖို့ နိုင်ငံတကာ HIV ညီလာခံကို ကမကထပြု စီစဉ် သူတွေက အဓိကအလှူရှင်နိုင်ငံတခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကို တနင်္ဂနွေနေ့က တိုက်တွန်းလိုက်ပါတယ်။ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ရန်ပုံငွေဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ထားတဲ့ကြားမှာပဲ အခုလို တိုက်တွန်းလိုက်ကြတာပါ။

“ရန်ပုံငွေဖြတ်တောက်မယ်ဆိုတာ သမ္မတအိမ်ဖြူတော်ကနေ ကြားထားရပြီး ဒါဟာ ဒီကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းတာမှာ အကြီးအကျယ် အကျပ်ရိုက်စေနိုင်ပါတယ်။ ဒါ့အပြင် အခုလို အသည်းအသန် အခြေအနေမျိုးမှာ တကယ်အခက်တွေ့မှာပါ။ ဒီကိစ္စ မှာ အမေရိကန်လူထုဟာ အဓိကအလှူရှင်တွေဖြစ်ပြီး သူတို့ကို ဆက်ပြီးတော့ ပါဝင်နေစေချင်ပါတယ်၊ ပါဝင်နေဖို့ လိုအပ်ပါ တယ်။” လို့ နိုင်ငံတကာ AIDS ရောဂါဆိုင်ရာအဖွဲ့ရဲ့ဥက္ကဌ Linda-Gail Bekker က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ သတင်း ထောက်တွေကို ပြောပါတယ်။ အဲဒီလိုမလုပ်ဘူးဆိုရင်တော့ လူ့အသက်တွေ အန္တရာယ်ကျလိမ့်မယ်လို့လဲ သူကဆိုပါတယ်။

AIDS ရောဂါဆိုင်ရာ သိပ္ပံနည်းပညာ တိုးတက်မှုတွေနဲ့ ရန်ပုံငွေလျော့နည်းလာတဲ့ အခြေအနေတွေကို သုံးသပ်ဆွေးနွေးကြဖို့ သိပ္ပံ ပညာရှင် ၆,၀၀၀ ကျော်တက်ရောက်တဲ့ ညီလာခံတခုကို ပါရီမြို့တော်မှာ ဗုဒ္ဓဟူးနေ့ထိ ကျင်းပနေတာပါ။

တကမ္ဘာလုံးအနေနဲ့ဆိုရင် HIV ရောဂါပိုးတိုက်ဖျက်ရေးအတွက် အစိုးရတွေကပေးတဲ့ ရန်ပုံငွေဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက ဆိုရင် ပြီးခဲ့တဲ့နှစ်က အနည်းဆုံးဖြစ်ခဲ့ပါတယ်။ အရင်က ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံ ရှိခဲ့တာကနေ မနှစ်က ဒေါ်လာ ၇ ဘီလီယံထိကျသွားတယ်လို့ ကာလီဖိုးနီးယားအခြေစိုက် Kaiser မိသားစုဖောင်ဒေးရှင်းကပြောပါတယ်။ အမေရိကန် ဟာ အများဆုံးအလှူရှင်နိုင်ငံဖြစ်ပြီး အစိုးရတွေပေးတဲ့ရန်ပုံငွေစုစုပေါင်းရဲ့ သုံးပုံနှစ်ပုံလောက်ကို ထည့်ဝင်လာတာဖြစ်ပါတယ်။

AIDS ရောဂါ သုတေသနအတွက် ကန် ဆက်လက်ကူညီဖို့ ပညာရှင်တွေ တိုက်တွန်း
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG