သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံမွာ သုံးရက္အတြင္း စိတ္ႂကြေဆးျပား ၁၆ သန္းဖမ္းမိ


မူးယစ္ေဆးဖမ္းမိတဲ့ ကုန္ေလွာင္ရံုကုိ ထုိင္းတရားေရး၀န္ႀကီးနဲ့ UNODC ကဌာ ေနကုိယ္စားလွယ္တို့ သြားေရာက္ႀကည့္ရူ့ခဲ့ပံု (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံ ခ်င္း႐ိုင္ျပည္နယ္အပါအဝင္ ထိုင္းႏိုင္ငံအတြင္းပိုင္းေဒသေတြဆီကို ေ႐ႊႀတိဂံေဒသကလာတဲ့စိတ္ႂကြေဆးျပားေတြ အလုံးအရင္းနဲ႔ဝင္ေရာက္လာတာေၾကာင့္ ထိုင္းအာဏာပိုင္ေတြက ေန႔စဥ္ဖမ္းဆီးေနရာမွာ ဇြန္လ ၅ ရက္ေန႔ကေန ၇ ရက္ေန႔ အထိ ၃ ရက္အတြင္း ဘတ္ေငြသန္းေပါင္း ၃,၀၀၀ ေက်ာ္တန္ဖိုးရွိတဲ့ စိတ္ႂကြေဆးျပား ၁၆ သန္းေက်ာ္ေလာက္ဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံအတြင္းကို ေ႐ႊႀတိဂံေဒသကလာတဲ့စိတ္ႂကြေဆးေတြဘဆက္တိုက္ ဝင္ေရာက္လာေနရာမွာ ဇြန္လ ၅ ရက္နဲ႔ ၆ ရက္ေန႔ေတြမွာ ခ်င္း႐ိုင္ျပည္နယ္ကိုျဖတ္ၿပီး ဖဲ့ျပည္နယ္ထဲကိုဝင္လာတဲ့ စိတ္ႂကြေဆးျပားတသန္းခြဲ၊ ဆလာဘူရီျပည္နယ္မွာေတာ့ ခ်င္း႐ိုင္ျပည္နယ္ကလာတဲ့ ၉၉၉ တံဆိပ္ စိတ္ႂကြေဆးျပား ၈ သန္းခြဲ၊ ခ်င္း႐ိုင္ျပည္နယ္ထဲမွာပဲ ၉၉၉ တံဆိပ္ပါ စိတ္ႂကြေဆး တသန္း၊ ဇြန္လ ၇ ရက္ေန႔ကေတာ့ ေ႐ႊႀတိဂံေဒသ ခ်င္းေကာင္းျပည္နယ္ထဲမွာ စိတ္ႂကြေဆးျပား ၅ သန္း ဖမ္းမိခဲ့ပါတယ္။ စိတ္ႂကြေဆးေတြကို ကုန္တင္ကားနဲ႔ျဖစ္ေစ၊ လူနာတင္ကားနဲ႔ျဖစ္ေစ၊ နာနတ္သီးေတြရဲ႕ေအာက္မွာ ေဖာ့ဖာေတြနဲ႔ျဖစ္ေစ သယ္ေဆာင္လာတာအျပင္ တျခားနည္းေတြနဲ႔လည္း သယ္ေဆာင္ေနၾကတာျဖစ္ပါတယ္။ စိတ္ႂကြေဆးေတြ အဆက္မျပတ္ဖမ္းမိေနတာနဲ႔ပတ္သက္လို႔ အမွတ္ (၁) ေဒသရဲခ်ဳပ္ ၾကည္ရဖတ္ ဖြန္မိက်စ္က သတင္းစာရွင္းလင္းပြဲမွာ အခုလိုေျပာသြားပါတယ္။

“စိတ္ႂကြေဆးေတြကို လူနာတင္ကားအပါအဝင္ ကုန္တင္ကားေတြနဲ႔ မူးယစ္ေမွာင္ခိုသမားေတြက ထိုင္းႏိုင္ငံအတြင္းပိုင္းထိေရာက္ေအာင္ နည္းေပါင္းစုံနဲ႔သယ္ေဆာင္ေနပါတယ္။ က်ေနာ္တို႔အေနနဲ႔ မူးယစ္ေဆးဝါး အဓိကျဖန႔္ခ်ီတဲ့ေနရာေတြကို ရွာေဖြၿပီး ဆက္တုိက္ ဖမ္းဆီးအေရးယူေနပါတယ္” ဆိုၿပီး ထိုင္းဘာသာနဲ႔ေျပာသြားခဲ့တာပါ။

ဒီရက္ပိုင္းမွာပဲ ရွမ္းျပည္နယ္ကေနလာတဲ့ ျမန္မာႏိုင္ငံသားတဦးကို ထိုင္းႏိုင္ငံ ခ်င္း႐ိုင္ျပည္နယ္ထဲမွာ (ketamine) မူးယစ္ေဆး ၂၅ ကီလိုနဲ႔အတူဖမ္းမိခဲ့ပါတယ္။ သူ႔ကိုေတာ့ ထိုင္းနယ္ျခားေစာင့္တပ္ဖြဲ႔ ၃ က စစ္ေဆးဖမ္းဆီးလိုက္တာပါ။ သူနဲ႔အတူသယ္ လာတဲ့အဝါေရာင္အိတ္ထဲမွာ ၈၈၈ တံဆိပ္ပါ ေခတမင္း (ketamine) စိတ္ႂကြေဆး၂၅ ထုတ္ကို ဖမ္းဆီးႏိုင္ခဲ့ၿပီးကာလတန္ဖိုးကေတာ့ ထိုင္းဘတ္ေငြ ၃ သန္းေက်ာ္တန္ဖိုးရွိတယ္လို႔ဆိုပါတယ္။

အခုဆိုရင္ ျမန္မာႏိုင္ငံနဲ႔ ဆက္စပ္ေနတဲ့ အေရွ႕ေတာင္အာရွေဒသမွာ စိတ္ႂကြေဆးထုတ္လုပ္မႈနဲ႔ကုန္သြယ္မႈဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္း အျမင့္ဆုံးအထိ ေရာက္ခဲ့တယ္လို႔ ၂၀၂၂ ခုႏွစ္ ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈ တိုက္ဖ်က္ေရးဌာန အစီရင္ခံစာမွာေဖာ္ျပပါတယ္။

ျမန္မာနယ္စပ္ ထိုင္း၊ ျမန္မာ၊ လာအိုဝ္ သုံးႏိုင္ငံဆုံရာ ေ႐ႊႀတိဂံေဒသမွာ ကိုဗစ္ကပ္ရာဂါနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္မႈကို အခြင့္ေကာင္းယူၿပီး မူးယစ္ဂိုဏ္းေတြနဲ႔ လက္နက္ကိုင္တပ္ေတြက ၿပီးခဲ့တဲ့ ၂၀၂၁ အတြင္း အခုလို တိုးခ်ဲ႕ ထုတ္လုပ္ျဖန႔္ျဖဴးခဲ့တာလို႔လည္း ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ရာဇဝတ္မႈတိုက္ ဖ်က္ေရးအဖြဲ႔ UNODC က အစီရင္ခံစာမွာေဖာ္ျပခဲ့တာပါ။

အေရွ႕ေတာင္အာရွေဒသတြင္းမွာလည္းစိတ္ႂကြေဆးအေရအတြက္ သုံးစြဲသူေတြလည္းကလည္း အလြန္အကြၽံ ျမင့္တက္သြားခဲ့ၿပီး ဖမ္းမိတဲ့စိတ္ႂကြေဆးက သန္း (၁,၀၀၀) ေက်ာ္ရွိတယ္လို႔လည္း အစီရင္ခံစာမွာေဖာ္ျပခဲ့ပါတယ္ရွင္။

#GoldenTriangle #IllicitDrug #VOABurmese #ေရႊႀတိဂံေဒသ #မူးယစ္စိတ္ႂကြေဆး #ခက္တမင္းKetamine #ထုိင္း-ျမန္မာ #ဗီြအိုေအ

=============

[[Unicode]]

ထိုင်းနိုင်ငံမှာ သုံးရက်အတွင်း စိတ်ကြွဆေးပြား ၁၆ သန်းဖမ်းမိ


ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်အပါအဝင် ထိုင်းနိုင်ငံအတွင်းပိုင်းဒေသတွေဆီကို ရွှေတြိဂံဒေသကလာတဲ့စိတ်ကြွဆေးပြားတွေ အလုံးအရင်းနဲ့ဝင်ရောက်လာတာကြောင့် ထိုင်းအာဏာပိုင်တွေက နေ့စဉ်ဖမ်းဆီးနေရာမှာ ဇွန်လ ၅ ရက်နေ့ကနေ ၇ ရက်နေ့ အထိ ၃ ရက်အတွင်း ဘတ်ငွေသန်းပေါင်း ၃,၀၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၁၆ သန်းကျော်လောက်ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအတွင်းကို ရွှေတြိဂံဒေသကလာတဲ့စိတ်ကြွဆေးတွေဘဆက်တိုက် ဝင်ရောက်လာနေရာမှာ ဇွန်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ချင်းရိုင်ပြည်နယ်ကိုဖြတ်ပြီး ဖဲ့ပြည်နယ်ထဲကိုဝင်လာတဲ့ စိတ်ကြွဆေးပြားတသန်းခွဲ၊ ဆလာဘူရီပြည်နယ်မှာတော့ ချင်းရိုင်ပြည်နယ်ကလာတဲ့ ၉၉၉ တံဆိပ် စိတ်ကြွဆေးပြား ၈ သန်းခွဲ၊ ချင်းရိုင်ပြည်နယ်ထဲမှာပဲ ၉၉၉ တံဆိပ်ပါ စိတ်ကြွဆေး တသန်း၊ ဇွန်လ ၇ ရက်နေ့ကတော့ ရွှေတြိဂံဒေသ ချင်းကောင်းပြည်နယ်ထဲမှာ စိတ်ကြွဆေးပြား ၅ သန်း ဖမ်းမိခဲ့ပါတယ်။ စိတ်ကြွဆေးတွေကို ကုန်တင်ကားနဲ့ဖြစ်စေ၊ လူနာတင်ကားနဲ့ဖြစ်စေ၊ နာနတ်သီးတွေရဲ့အောက်မှာ ဖော့ဖာတွေနဲ့ဖြစ်စေ သယ်ဆောင်လာတာအပြင် တခြားနည်းတွေနဲ့လည်း သယ်ဆောင်နေကြတာဖြစ်ပါတယ်။ စိတ်ကြွဆေးတွေ အဆက်မပြတ်ဖမ်းမိနေတာနဲ့ပတ်သက်လို့ အမှတ် (၁) ဒေသရဲချုပ် ကြည်ရဖတ် ဖွန်မိကျစ်က သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

“စိတ်ကြွဆေးတွေကို လူနာတင်ကားအပါအဝင် ကုန်တင်ကားတွေနဲ့ မူးယစ်မှောင်ခိုသမားတွေက ထိုင်းနိုင်ငံအတွင်းပိုင်းထိရောက်အောင် နည်းပေါင်းစုံနဲ့သယ်ဆောင်နေပါတယ်။ ကျနော်တို့အနေနဲ့ မူးယစ်ဆေးဝါး အဓိကဖြန့်ချီတဲ့နေရာတွေကို ရှာဖွေပြီး ဆက်တိုက် ဖမ်းဆီးအရေးယူနေပါတယ်” ဆိုပြီး ထိုင်းဘာသာနဲ့ပြောသွားခဲ့တာပါ။

ဒီရက်ပိုင်းမှာပဲ ရှမ်းပြည်နယ်ကနေလာတဲ့ မြန်မာနိုင်ငံသားတဦးကို ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်ထဲမှာ (ketamine) မူးယစ်ဆေး ၂၅ ကီလိုနဲ့အတူဖမ်းမိခဲ့ပါတယ်။ သူ့ကိုတော့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ ၃ က စစ်ဆေးဖမ်းဆီးလိုက်တာပါ။ သူနဲ့အတူသယ် လာတဲ့အဝါရောင်အိတ်ထဲမှာ ၈၈၈ တံဆိပ်ပါ ခေတမင်း (ketamine) စိတ်ကြွဆေး၂၅ ထုတ်ကို ဖမ်းဆီးနိုင်ခဲ့ပြီးကာလတန်ဖိုးကတော့ ထိုင်းဘတ်ငွေ ၃ သန်းကျော်တန်ဖိုးရှိတယ်လို့ဆိုပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ အရှေ့တောင်အာရှဒေသမှာ စိတ်ကြွဆေးထုတ်လုပ်မှုနဲ့ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမြင့်ဆုံးအထိ ရောက်ခဲ့တယ်လို့ ၂၀၂၂ ခုနှစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာန အစီရင်ခံစာမှာဖော်ပြပါတယ်။

မြန်မာနယ်စပ် ထိုင်း၊ မြန်မာ၊ လာအိုဝ် သုံးနိုင်ငံဆုံရာ ရွှေတြိဂံဒေသမှာ ကိုဗစ်ကပ်ရာဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး မူးယစ်ဂိုဏ်းတွေနဲ့ လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ၂၀၂၁ အတွင်း အခုလို တိုးချဲ့ ထုတ်လုပ်ဖြန့်ဖြူးခဲ့တာလို့လည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုတိုက် ဖျက်ရေးအဖွဲ့ UNODC က အစီရင်ခံစာမှာဖော်ပြခဲ့တာပါ။

အရှေ့တောင်အာရှဒေသတွင်းမှာလည်းစိတ်ကြွဆေးအရေအတွက် သုံးစွဲသူတွေလည်းကလည်း အလွန်အကျွံ မြင့်တက်သွားခဲ့ပြီး ဖမ်းမိတဲ့စိတ်ကြွဆေးက သန်း (၁,၀၀၀) ကျော်ရှိတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်ရှင်။

#GoldenTriangle #IllicitDrug #VOABurmese #ရွှေတြိဂံဒေသ #မူးယစ်စိတ်ကြွဆေး #ခက်တမင်းKetamine #ထိုင်း-မြန်မာ #ဗွီအိုအေ

=============

XS
SM
MD
LG