သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေ႐ႊႀတိဂံေဒသ စိတ္ႂကြေဆးထုတ္လုပ္မႈနဲ႔ကုန္ကူးမႈ အျမင့္ဆုံးျဖစ္လာ


2022 UNODC Report in Drug (UNODC)


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံနဲ႔ ဆက္စပ္ေနတဲ့ အေရွ႕ေတာင္အာရွေဒသမွာ စိတ္ႂကြေဆးထုတ္လုပ္မႈနဲ႔ကုန္သြယ္မႈဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္း အျမင့္ဆုံးအထိ ေရာက္ခဲ့တယ္လို႔ ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈ တိုက္ဖ်က္ေရးဌာန အစီရင္ခံစာမွာေဖာ္ျပပါတယ္။

ျမန္မာနယ္စပ္ ေ႐ႊႀတိဂံေဒသမွာ ကိုဗစ္ကပ္ရာဂါနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္မႈကို အခြင့္ေကာင္းယူၿပီး မူးယစ္ဂိုဏ္းနဲ႔ လက္နက္ကိုင္တပ္ေတြက မႏွစ္၂၀၂၁ အတြင္း အခုလို တိုးခ်ဲ႕ ထုတ္လုပ္ျဖန႔္ျဖဴးခဲ့တာလို႔ ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ရာဇဝတ္မႈတိုက္ ဖ်က္ေရးအဖြဲ႔ UNODC က အစီရင္ခံစာထုတ္ခဲ့တာပါ။

ရာဘ (ေခၚ) စိတ္ႂကြမူးယစ္ေဆး ေဒသတြင္း သုံးစြဲသူအေရအတြက္ဟာလည္း အလြန္အကြၽံ တက္သြားခဲ့တယ္လို႔ UNODC ရဲ႕ ဒီႏွစ္ ၂၀၂၂ ခုႏွစ္ အစီရင္ခံစာသစ္မွာ ေထာက္ျပထားပါတယ္။ ဖမ္းဆီးမိတဲ့ စိတ္ႂကြေဆးကလည္း သန္း တေထာင္ေက်ာ္ခဲ့ပါတယ္။

UNODC ရဲ႕ “အေရွ႕နဲ႔အေရွ႕ေတာင္အာရွတခြင္ ဓာတုနည္းထုတ္မူးယစ္ေဆး ေနာက္ဆုံးအေျခအေနနဲ႔ ၂၀၂၂ ခုႏွစ္ စိန္ေခၚမူမ်ား” ေခါင္းစဥ္ပါ အစီရင္ခံစာအရ ေ႐ႊႀတိဂံေဒသအျပင္ဘက္မွာ ဒီစက္႐ုံေတြ က်ဆင္းသြားေပမယ့္ ထုတ္လုပ္မူက ဆက္ျမင့္မားေနတာလို႔ ေဖာ္ျပထားပါတယ္။

စိတ္ႂကြေဆးျပားေတြဟာ Laos ႏိုင္ငံကတဆင့္ ထိုင္းနဲ႔ တျခားမဲေခါင္နဲ႔ အာရွ-ပစိဖိတ္ေဒသေတြကို ဆက္ပ်ံ႕သြားသလို မေလးရွားကတဆင့္လည္း အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ ဂ်ပန္၊ ၾသစေၾတးလ်နဲ႔ နယူးဇီလန္တို႔ကို ႀကီးႀကီးမားမား ဆက္ပ်ံ႕သြားတယ္လို႔ အစီရင္ခံစာမွာ ေရးထားပါတယ္။
ဒါေၾကာင့္လည္း ေဒသတြင္း အရင္းခံျပႆနာေတြကို နည္းလမ္းေျပာင္း မေျဖရွင္းႏိုင္ရင္ေတာ့ စိတ္ႂကြေဆးဝါးထုတ္လုပ္မႈနဲ႔ကုန္ကူးမႈေတြ ဆက္တိုးျဖစ္ေနၿပီး ဒါကို တားဆီးႏိုင္မွာမဟုတ္ဘူးလို႔ UNODC ရဲ႕ ေဒသဆိုင္ရာ ကိုယ္စားလွယ္ Jeremy Douglas က ေထာက္ျပထားပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

=============
[[Unicode]]

ရွှေတြိဂံဒေသ စိတ်ကြွဆေးထုတ်လုပ်မှုနဲ့ကုန်ကူးမှု အမြင့်ဆုံးဖြစ်လာ

မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ အရှေ့တောင်အာရှဒေသမှာ စိတ်ကြွဆေးထုတ်လုပ်မှုနဲ့ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမြင့်ဆုံးအထိ ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာန အစီရင်ခံစာမှာဖော်ပြပါတယ်။

မြန်မာနယ်စပ် ရွှေတြိဂံဒေသမှာ ကိုဗစ်ကပ်ရာဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး မူးယစ်ဂိုဏ်းနဲ့ လက်နက်ကိုင်တပ်တွေက မနှစ်၂၀၂၁ အတွင်း အခုလို တိုးချဲ့ ထုတ်လုပ်ဖြန့်ဖြူးခဲ့တာလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုတိုက် ဖျက်ရေးအဖွဲ့ UNODC က အစီရင်ခံစာထုတ်ခဲ့တာပါ။

ရာဘ (ခေါ်) စိတ်ကြွမူးယစ်ဆေး ဒေသတွင်း သုံးစွဲသူအရေအတွက်ဟာလည်း အလွန်အကျွံ တက်သွားခဲ့တယ်လို့ UNODC ရဲ့ ဒီနှစ် ၂၀၂၂ ခုနှစ် အစီရင်ခံစာသစ်မှာ ထောက်ပြထားပါတယ်။ ဖမ်းဆီးမိတဲ့ စိတ်ကြွဆေးကလည်း သန်း တထောင်ကျော်ခဲ့ပါတယ်။

UNODC ရဲ့ “အရှေ့နဲ့အရှေ့တောင်အာရှတခွင် ဓာတုနည်းထုတ်မူးယစ်ဆေး နောက်ဆုံးအခြေအနေနဲ့ ၂၀၂၂ ခုနှစ် စိန်ခေါ်မူများ” ခေါင်းစဉ်ပါ အစီရင်ခံစာအရ ရွှေတြိဂံဒေသအပြင်ဘက်မှာ ဒီစက်ရုံတွေ ကျဆင်းသွားပေမယ့် ထုတ်လုပ်မူက ဆက်မြင့်မားနေတာလို့ ဖော်ပြထားပါတယ်။

စိတ်ကြွဆေးပြားတွေဟာ Laos နိုင်ငံကတဆင့် ထိုင်းနဲ့ တခြားမဲခေါင်နဲ့ အာရှ-ပစိဖိတ်ဒေသတွေကို ဆက်ပျံ့သွားသလို မလေးရှားကတဆင့်လည်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ သြစတြေးလျနဲ့ နယူးဇီလန်တို့ကို ကြီးကြီးမားမား ဆက်ပျံ့သွားတယ်လို့ အစီရင်ခံစာမှာ ရေးထားပါတယ်။
ဒါကြောင့်လည်း ဒေသတွင်း အရင်းခံပြဿနာတွေကို နည်းလမ်းပြောင်း မဖြေရှင်းနိုင်ရင်တော့ စိတ်ကြွဆေးဝါးထုတ်လုပ်မှုနဲ့ကုန်ကူးမှုတွေ ဆက်တိုးဖြစ်နေပြီး ဒါကို တားဆီးနိုင်မှာမဟုတ်ဘူးလို့ UNODC ရဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ထောက်ပြထားပါတယ် ခင်ဗျာ။

=============

XS
SM
MD
LG