သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း



ရန်ကုန်၊ စမ်းချောင်းမြို့နယ် မြေနီကုန်းက ဆေးအဖြူသုတ်ပြီး ဖျက်စီးခံခဲ့ရတဲ့ ၂၀၁၆ ခုနှစ် “မင်္ဂလာပါ” ယဉ်ကျေးမှုပွဲတော်အစီအစဉ်အဖြစ် ရေးဆွဲခဲ့တဲ့ နံရံဆေးရေးပန်းချီ။ (ထက်အောင်ခန့်)

[[Zawgyi/Unicode]]


ဒီ နံရံဆေးရေးပန်းချီ GRAFFITI ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ရန်ကုန်မှာကျင်းပခဲ့တဲ့ မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော်အစီအစဉ်အနေနဲ့ ရေးဆွဲခဲ့တာ ဖြစ်ပြီး အခုလို အာဏာသိမ်းစစ်ကောင်စီဘက်က တမင်တကာဖျက်ဆီးပစ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးအနေနဲ့ အံ့သြရပါကြောင်းလည်း ဖော်ပြပါတယ်။။

အဲ့ဒီ့အချိန်တုန်းက ရန်ကုန်မြို့တော်အာဏာပိုင်တွေနဲ့ မြန်မာအစိုးရတို့က ခွင့်ပြုချက်နဲ့ ဖော်ကျုးထားခဲ့တဲ့ ရန်ကုန်မြို့သူမြို့သားတွေနဲ့ အနုပညာရှင်တွေကြား ပေါင်းစပ်ထားတဲ့ အနုပညာလက်ရာတခု အခုလို ပျောက်ဆုံးဖျက်ဆီးခံလိုက်ရတဲ့အပေါ် ပြင်သစ်သံရုံးအနေနဲ့ ရှုတ်ချပြီး မြန်မာနိုင်ငံတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အနုပညာဖန်ဆီးခွင့်တွေကို လေးစားလိုက်နာဖို့နဲ့ နိုင်ငံရဲ့ အနုပညာနဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ကို ပြင်သစ်သံရုံးက တောင်းဆိုထားပါတယ်။


တိုက်ရိုက် လင့်ခ်

=================

[[Unicode]]

မြေနီကုန်း နံရံဆေးရေးပန်းချီ ဆေးဖြူသုတ် ဖယ်ရှားပစ်တဲ့အပေါ် ပြင်သစ်သံရုံး ရှုတ်ချ

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းက နံရံပေါ် ရေးဆွဲထားတဲ့ နံရံဆေးရေးပန်းချီ GRAFFITI တွေကို ဆေးအဖြူသုတ်ပြီး ဖယ်ရှားပစ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ရှုတ်ချကြောင်း ကြေညာချက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ဒီ နံရံဆေးရေးပန်းချီ GRAFFITI ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ရန်ကုန်မှာကျင်းပခဲ့တဲ့ မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော်အစီအစဉ်အနေနဲ့ ရေးဆွဲခဲ့တာ ဖြစ်ပြီး အခုလို အာဏာသိမ်းစစ်ကောင်စီဘက်က တမင်တကာဖျက်ဆီးပစ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးအနေနဲ့ အံံ့သြရပါကြောင်းလည်း ဖော်ပြပါတယ်။။

အဲ့ဒီ့အချိန်တုန်းက ရန်ကုန်မြို့တော်အာဏာပိုင်တွေနဲ့ မြန်မာအစိုးရတို့က ခွင့်ပြုချက်နဲ့ ဖော်ကျုးထားခဲ့တဲ့ ရန်ကုန်မြို့သူမြို့သားတွေနဲ့ အနုပညာရှင်တွေကြား ပေါင်းစပ်ထားတဲ့ အနုပညာလက်ရာတခု အခုလို ပျောက်ဆုံးဖျက်ဆီးခံလိုက်ရတဲ့အပေါ် ပြင်သစ်သံရုံးအနေနဲ့ ရှှုတ်ချပြီး မြန်မာနိုင်ငံတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အနုပညာဖန်ဆီးခွင့်တွေကို လေးစားလိုက်နာဖို့နဲ့ နိုင်ငံရဲ့ အနုပညာနဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ကို ပြင်သစ်သံရုံးက တောင်းဆိုထားပါတယ်။

မြေနီကုန်းက ဒီနံရံဆေးပန်းချီ ကို ဆေးအဖြူသုတ် ဖယ်ရှားခဲ့တဲ့ပုံတွေ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ ဓာတ်ပုံတွေရိုက်ပြီး ဖော်ပြလာကြချိန် ပြည်သူတွေနဲ့ အနုပညာဖန်တီးသူတွေကြား ဝေဖန်မှုတွေနဲ့ ရှုတ်ချတာတွေ အတော်လေး ကျယ်ကျယ်လောင်လောင်ပေါ်ထွက်လာပြီးနောက်မှာ အခုလို ပြင်သစ်သံရုံးရဲ့ ထုတ်ပြန်ချက်လည်း ထွက်လာတာဖြစ်ပါတယ်။

=================

XS
SM
MD
LG