သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိနိုင်ငံ ညွှန့်ပေါင်းအစိုးရ ဖွဲ့ဖွယ်ရှိ


ဂရိနိုင်ငံ ညွှန့်ပေါင်းအစိုးရ ဖွဲ့ဖွယ်ရှိ

ဂရိနိုင်ငံဝန်ကြီးချုပ် ပါပန်ဒရီယို (George Papandreou) က ချေးငွေအစီအစဉ် စိတ်ချသေချာစေဖို့အတွက် မကြာခင်မှာ ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့အတွက် စကားပြောဆိုသွားဖို့ရှိတယ်လို့ ပြောဆိုပါတယ်။ ပါလီမန်မှာ အယုံကြည်မရှိ အဆိုတင်သွင်းချက်အပေါ် မဲခွဲဆုံးဖြတ်မှုမှာ အနိုင်ရရှိပြီးတဲ့နောက် မကြာခင် မစ္စတာ ပါပန်ဒရီယိုက အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဂရိနိုင်ငံရဲ့ အတိုက်အခံပါတီခေါင်းဆောင် အန်တိုနီစ် ဆန်မရာ့စ် (Antonis Samaras) ကတော့ မစ္စတာ ပါပန်ဒရီယို နုတ်ထွက်ပေးဖို့နဲ့ အမြန်ဆုံး ရွေးကောက်ပွဲကျင်းပပေးပါ ဆိုပြီးတော့ တုံ့ပြန်လိုက်ပါတယ်။ မစ္စတာ ဆန်မရာ့စ် က လက်ရှိဝန်ကြီးချုပ်ကြောင့် တိုင်းပြည်ကို ဆိုးရွားစေလိမ့်မယ်လို့လည်း ပြောပါတယ်။

ဂရိသမ္မတ ကားလော့စ် ပါပူဝါလီယာစ် (Karolos Papoulias ) က သူ့အနေနဲ့ မစ္စတာ ဆန်မရာ့စ်နဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံပြီးတော့ ညီညွတ်တဲ့အစိုးရတစ်ရပ်ဖြစ်ဖို့ အတားအဆီး ဖြစ်နေမှုတွေကို ဆွေးနွေးမယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ်ပါပန်ဒရီယိုဟာ သူ့အနေနဲ့ အစိုးရက ချေးငွေကိစ္စအပေါ် အတည်ပြုနိုင်ဖို့အတွက် အာဏာခွဲဝေယူရေး ဆွေးနွေးဖို့ အသင့်ရှိကြောင်း၊ ဒါဟာ ဂရိနိုင်ငံ ငွေကြေးခ၀ါချရတဲ့အဖြစ်ကို ရှောင်လွဲနိုင်ဖို့နဲ့ ယိုရိုငွေကြေးသုံးစွဲတဲ့ နိုင်ငံတွေအတွက် တည်ငြိမ်မှုကို ဖြစ်စေပါလိမ့်မယ်လို့ ပြောဆိုလိုက်ပြီးတဲ့နောက် သူ့အပေါ် အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်မှုကို အနိုင်ရရှိလိုက်တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို စောစောစီးစီးကျင်းပတာဟာ အခြေအနေကို ဆိုးရွားစေလိမ့်မယ်လို့ သူက ပြောပါတယ်။

XS
SM
MD
LG