သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိပြုပြင်ရေးအစီအစဉ် တနင်္လာနောက်ဆုံးထား တင်ပြရန်


ငွေကြေးပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ဂရိနိုင်ငံကို ချေးငွေဆက်ပြီးထောက်ပံ့ရေး ဥရောပခေါင်းဆောင်တွေနဲ့ သဘောတူညီချက်အရ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အဆိုပြုချက်တရပ်ကို ဂရိတာဝန်ရှိသူတွေ တနင်္လာနေ့ နောက်ဆုံးထား တင်ပြရမှာပါ။

ပြုပြင်ပြောင်းလဲရေးအစီအစဉ်အပေါ် ကြွေးရှင်တွေက ကျေနပ်တယ်ဆိုရင် ဒေါ်လာ ဘီလီယံ ၂၇၀ အကူအညီကို ဂရိအနေနဲ့ ဆက်ရမှာပါ။ ယူရိုငွေကြေးသုံးဒေသနိုင်ငံတွေရဲ့ အကူအညီကို ဂရိနိုင်ငံဆက်ရတဲ့အတွက် ဒေဝါလီခံရနိုင်ခြေကိုရှောင်ရှားပြီး ဂရိမှာ ယူရိုငွေကြေးကို ဆက်ပြီး သုံးစွဲသွားနိုင်မှာဖြစ်ပါတယ်။

တိုက်ပွဲတပွဲကို နိုင်လိုက်ပြီဖြစ်ပေမယ့် စစ်ပွဲကို မနိုင်သေးပါဘူးလို့ ဝန်ကြီးချုပ် Alexis Tsipras က စနေနေ့မှာပြောပါတယ်။ ဂရိအစိုးရအနေနဲ့ စီးပွားရေး တိုးတက်လာစေဖို့ရာ အခွန်ကောက်ခံတာ ပိုကောင်းရေးနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတွေလို လုပ်ဆောင်မယ့် အစီအစဉ်တွေ တင်ပြဖို့ ကြိုးစားနေတယ်လို့ သတင်းတွေကပြောပါတယ်။ ငွေချေးသူတွေကိုအာမခံဖို့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အလုံအလောက်လုပ်ရမယ့် တချိန်တည်းမှာပဲ ဂရိမဲဆန္ဒရှင်တွေ ဒေါသထွက်ရတဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေ လျော့ပါးသက်သာအောင် တာဝန်ရှိသူတွေက ကြိုးစားနေတာပါ။

အခုသဘောတူညီချက်ကို အောင်မြင်မှုတခုအဖြစ် ဂရိဝန်ကြီးချုပ်က ခေါ်ဆိုပေမယ့် ရှေ့မှာ တကယ့်အခက်အခဲတွေ ရှိနေတယ်လို့ သတိပေးပါတယ်။

XS
SM
MD
LG