သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Green Card အစီအစဉ်အပြောင်းအလဲရှိနိုင်


သက်တမ်း ၂၂ နှစ် ရှိလာပြီဖြစ်တဲ့ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ကံစမ်းမဲ ဂရင်းကဒ်အစီအစဉ်ဟာ - လူဝင်မှုကြီးကြပ်ရေး အပြောင်းအလဲတွေကို အာရုံစိုက် ဆောင်ရွက်နေတဲ့ သမ္မတသစ် Donald Trump အစိုးရလက်ထက်နဲ့ ရီပတ်ပလစ်ကန်တွေ ထိန်းချုပ်ထားတဲ့ ကွန်ဂရက်လွှတ်တော်မှာ ပယ်ဖျက်ခံရမယ့် အခြေအနေတွေကို ဖေဖော်ဝါရီလဆန်းကစလို့ တကျော့ပြန် ကြုံလာရပါတယ်။

ရီပတ်ဘလစ်ကန်ပါတီရဲ့ Arkansas ပြည်နယ် အထက်လွှတ်တော်အမတ် Tom Cotton နဲ့ Georgia ပြည်နယ် အထက်လွှတ်တော်အမတ် David Perdue တို့ ပူးတွဲပြီး အဆိုပြုခဲ့တဲ့ ဥပဒေမူကြမ်းမှာ - ဗီဇာကံစမ်းမဲအစီအစဉ်ကို အဆုံးသတ်ဖို့ ထည့်သွင်းထားသလို - တရားဝင် ပြောင်းရွှေ့နေထိုင်သူ တွေနဲ့ ဒုက္ခသည်တွေကို နှစ်စဉ်လက်ခံနေတဲ့ အရေအတွက်ကိုလည်း လျှော့ချသွားဖို့ ပါဝင်ပါတယ်။ အလားတူ အောက်လွှတ်တော် ဥပဒေမူကြမ်းမှာ တော့ ဗီဇာကံစမ်းမဲကို အဆုံးသတ်ဖို့ တင်ပြထားပါတယ်။

ဒီကံစမ်းမဲအစီအစဉ်ကို ပယ်ဖျက်ဖို့ အရင်တုန်းကလည်း ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ဥပဒေပြု အမတ်တွေ အဆိုပြုခဲ့ဖူးပြီး၊ မနှစ်ကအထိ ကြိုးစားတာ တွေလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ဥပဒေအဖြစ်နဲ့ ပြဌာန်း ပယ်ဖျက်နိုင်တဲ့ အဆင့်အထိတော့ တခါမှ မရောက်ခဲ့ပါဘူး။

အမေရိကန်ပြည်ထောင်စုက Green Card ဗီဇာကံစမ်းမဲဟာ၊ အမေရိကန်မှာ အခြေချပြီး နိုင်ငံသားဖြစ်လာနိုင်တဲ့ အခွင့်အလမ်းဆိုပေမဲ့ ၁၀၀ မှာ ဝ.၃% သာ ပေါက်နိုင်ချေ ရှိပါတယ်။ လျှောက်ထားသူ ၁၄ သန်းလောက်အနက် ရွေးချယ်ခံရတဲ့ ၅ သောင်းထဲမှာ ပါဝင်တယ်ဆိုရင်တော့ အမေရိကန်မှာ လာရောက် အခြေချခွင့်ရပြီး နိုင်ငံသားဖြစ်နိုင်တဲ့ ကံထူးရှင် ဖြစ်လာနိုင်ပါတယ်။

၂၀၁၅ ခု ဘဏ္ဍာနှစ်မှာတော့ အမေရိကန်က ဂရင်းကဒ် ဗီဇာ ၄ သောင်း ၉ ထောင်နီးပါးကို ထုတ်ပေးခဲ့ပါတယ်။

Green Card အစီအစဉ်အပြောင်းအလဲရှိနိုင်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG