သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ကန့်သတ်မှု Trump ခုခံ ပြောဆို


ဒုက္ခသည်တွေနဲ့ မွတ်ဆလင်အများစုနေထိုင်တဲ့ နိုင်ငံခုနစ်နိုင်ငံကလူတွေကို အမေရိကန်နိုင်ငံထဲဝင်ခွင့် ပိတ်ပင်ကန့်သတ်ထားတဲ့ အမိန့်နဲ့ပတ်သက်ပြီး သမ္မတ Donald Trump က ဆက်ပြီးတော့ ခုခံကာကွယ် ပြောဆိုနေပါတယ်။ ဒီအမိန့်အပေါ် ဥပဒေကြောင်း အရ ရင်ဆိုင်သွားမယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက အခိုင်အမာပြောထားပြီး နိုင်ငံတဝန်းမြို့ကြီးတွေမှာ ထောင်ပေါင်းများစွာ သောလူတွေ ဆန္ဒပြကန့်ကွက်နေကြသလို ဒီမိုကရက်တွေကလဲ အမိန့်ကိုတားဆီးရေး ဥပဒေပြဌာန်းနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

ပြဿနာတွေမရှိသလောက် အားလုံးအဆင်ချောနေတယ်လို့ အမိမြေလုံခြုံရေးဌာနဝန်ကြီး John Kelly က သူ့ကိုပြောတယ်လို့ ဒီကနေ့မနက်မှာ Twitter ကနေ မစ္စတာ Trump က အတော်များများ ရေးထားပါတယ်။ လေဆိပ်တွေမှာဖြစ်တဲ့ ပြဿနာကြီးတွေ က Delta လေကြောင်းလိုင်းရဲ့ ကွန်ပြူတာစနစ် ချို့ယွင်းတာကြောင့် ဖြစ်တာလို့လဲ မစ္စတာ Trump ကရေးပါတယ်။

သောကြာနေ့က လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အမိန့်အရ ဒုက္ခသည်တွေလက်ခံတာကို ရက်ပေါင်း ၁၂၀ ဆိုင်းငံ့ထားပြီး အီရတ်၊ အီရန်၊ ဆီးရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ လစ်ဗျားနဲ့ ယီမင်နိုင်ငံတွေက လူတွေကို အမေရိကန်ထဲဝင်ခွင့်မပေးဖို့ ရက်ပေါင်း ၉၀ ပိတ်ပင်ထားပါတယ်။

ဒီအမိန့်အရလုပ်တာမှာ အထူးသဖြင့်တော့ အမေရိကန်လေဆိပ်တွေမှာ ရှုပ်ထွေးေ၀ဝါးကုန်ကြပါတယ်။ တချို့ဖြစ်ရပ်တွေမှာဆိုရင် အမေရိကန်မှာ တရားဝင်နေထိုင်ခွင့်ရထားတဲ့ Green Card လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့်လက်မှတ် ရထားသူတွေကို ပြန်ဝင်ခွင့် မပြုခင် ထိန်းသိမ်းပြီးတော့ နောက်ထပ် စစ်ဆေးမေးမြန်းတာတွေ တောင်မှ လုပ်ခဲ့ပါတယ်။

ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ကန့်သတ်မှု Trump ခုခံ ပြောဆို
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG