သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကလာသူ အမေရိကန်ဝင်ခွင့် ဆိုင်းငံ့


သမ္မတအမိန့် ၂ ရပ်ကို Donald Trump လက်မှတ်ရေးထိုးနေစဉ်၊

အမေရိကန် ပြည်ထောင်စုမှာ အခြေချဖို့ Austria ကနေ တဆင့် သွားနိုင်ဖို့ လုပ်နေတဲ့ မူစလင်မဟုတ်တဲ့ အီရန်နိုင်ငံသား ၃၀၀ လောက်ကို Austria က သွားခွင့်မပြုတော့ပါဘူး။ ဒါဟာ အမေရိကန်နိုင်ငံထဲ ဒုက္ခသည်တွေဝင်ခွင့် မပြုဖို့ သမ္မတ Donald Trump ရဲ့ ကျိုးစားမှုအတွက် ကနဦး ရိုက်ခတ်မှုတခု ဖြစ်ပါတယ်။

အရင် ဆိုဗီယက်ပြည်ထောင်စုက ဂျူးတွေအတွက် အကူအညီပေးဖို့ အမေရိကန်လွှတ်တော်က ခွင့်ပြုထားတဲ့ ၂၇ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ အစီအစဉ် အောက်မှာပဲ အမေရိကန်မှာ အခြေချခွင့်ရှိပြီး အီရန်မှာနေဖို့ အန္တရာယ်ရှိတဲ့ အီရန်ဂျူးတွေ၊ ခရစ်ယန်တွေနဲ့ Bahai တွေဟာ မကြာသေးခင် အချိန်အထိ Austria ကနေတဆင့် အမေရိကန်ကိုသွားကြတာ ဖြစ်ပါတယ်။

Bahai ဘာသာ ကိုးကွယ်သူတွေက တမန်တော်လို့ သတ်မှတ်ကြတဲ့ ပါရှန်ပညာရှင်တဦးက ၁၈၄၄ ခုမှာ စတင်တည်ထောင်တဲ့ Bahai ဘာသာကို အီရန်အစိုးရက တားမြစ် ထားတာပါ။

ဝင်ခွင့်တောင်းသူတွေကို အမေရိကန် အရာရှိတွေက အီရန်မှာ လူတွေ့စစ်ဆေးတာတွေ မလုပ်နိုင်တဲ့အတွက် Austria မှာ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု အမေရိကန် ပြည်ထောင်စုက မကြာသေးခင်ကပဲ အီရန်က လာတဲ့ သူတွေအတွက်ပါ ကန့်သတ်လိုက်တာမို့ အခုလို စစ်ဆေးမှုတွေ မလုပ်နိုင်တော့တာ ဖြစ်ပါတယ်။ ဒီလိုကန့်သတ်မှုဟာ ဘယ်လောက်ကြာမယ် ဆိုတာ မသိရသေး သလို မူလလုပ်ဆောင်နေတဲ့ အစီအစဉ်ကို ဘယ်အချိန်မှာ ပြန်စနိုင်မယ် ဆိုတာလည်း မသိရသေးပါဘူး။

အီရန်ကလာသူ အမေရိကန်ဝင်ခွင့် ဆိုင်းငံ့
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG