သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတလုပ္ၾကံခံရတဲ႔ ေဟတီႏိုင္ငံ အေရးေပၚ အေျခအေန ေက်ညာ


In this April 7, 2018, file photo, Haiti's President Jovenel Moise, center, leaves the museum during a ceremony marking the 215th anniversary of revolutionary hero Toussaint Louverture's death, at the National Pantheon museum in Port-au-Prince, Haiti. (AP

{{Zawgyi/Unicode}}
ေဟတီႏိုင္ငံမွာ သမၼတ လုပ္ၾကံခံခဲ့ရၿပီးေနာက္ အေရးေပၚ အေျခအေနအရ တိုင္းျပည္အာဏာကို ထိန္းခ်ဳပ္လိုက္ေၾကာင္း ယာယီ၀န္ႀကီးခ်ဳပ္ ကေၾကညာလိုက္ပါတယ္။

“ဖဲြ႕စည္းပုံအေျခခံဥပေဒ အပိုဒ္ ၁၄၉ အရ၊ ၀န္ႀကီးအဖဲြ႕နဲ႔ အေလးအနက္ တိုင္ပင္ေဆြးေႏြးၿပီး တိုင္းျပည္အာဏာကို ထိန္းခ်ဳပ္လိုက္ေၾကာင္း ေၾကညာဖို႔ ဆုံးျဖတ္လိုက္ပါတယ္။” လို႔ ယာယီ၀န္ႀကီးခ်ဳပ္ Claude Joseph ဗုဒၶဟူးေန႔မနက္ ႏိုင္ငံကို ေျပာၾကားတဲ့ မိန္႔ခြန္းမွာ ထည့္သြင္းေျပာဆိုသြားတာပါ။

ေဟတီႏိုင္ငံ Port-au-Prince ၿမိဳ႕ေတာ္က လူဂုဏ္တန္ရပ္ကြက္မွာရွိတဲ့ ေနအိမ္မွာ သမၼတ Jovenel Moïse ကို ဘယ္သူမွန္းမသိတဲ့ ေသနတ္သမားေတြ လုပ္ၾကံ သတ္ျဖတ္ခဲ့ၿပီး နာရီပိုင္း အၾကာမွာပဲ ၀န္ႀကီးခ်ဳပ္ရဲ႕ ေၾကညာခ်က္ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

တိုင္းျပည္ကို လတ္တေလာ တာ၀န္ယူ အုပ္ခ်ဳပ္ေနတဲ့ ၀န္ႀကီးခ်ဳပ္ကေတာ့ စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားၿပီး၊ နယ္စပ္ေတြနဲ႔ အဓိက ေလဆိပ္ကိုလည္း ပိတ္ထားလိုက္ပါတယ္။

အေမရိကန္ သမၼတ Joe Biden ကေတာ့ လုပ္ၾကံသတ္ျဖတ္မႈကို ျပစ္တင္႐ႈတ္ခ်ေၾကာင္း အိမ္ျဖဴေတာ္ကေန ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။ အက်ည္းတန္တဲ့ လုပ္ရပ္အေပၚ ျပစ္တင္႐ႈတ္ခ်ေၾကာင္းနဲ႔ တိုက္ခိုက္မႈအတြင္း ဒဏ္ရာရခဲ့တဲ့ ေဟတီသမၼတကေတာ္ ျပန္ေနေကာင္းလာဖို႔ ဆုေတာင္းတဲ့ အေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အေမရိကန္အေနနဲ႔ ေဟတီျပည္သူေတြအတြက္ ၀မ္းနည္းေၾကာင္းနဲ႔ ေဟတီႏိုင္ငံ ေဘးကင္းလုံျခံဳေရး လိုအပ္တဲ့ အကူအညီေတြ ေပးအပ္ဖို႔ အသင့္ရွိေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

ည ၁ နာရီေလာက္ အခ်ိန္မွာ သမၼတကို လုပ္ၾကံသူေတြဟာ အဂၤလိပ္စကားနဲ႔ စပိန္စကားေျပာသူေတြျဖစ္တယ္လို႔လည္း ၀န္ႀကီးခ်ဳပ္က ေျပာဆိုခဲ့တာပါ။

ေသနတ္သမားေတြဟာ အေသအခ်ာ ေလ့က်င့္ထားတဲ့ လက္နက္ အျပည့္အစုံ ကိုင္ေဆာင္လာသူေတြ ျဖစ္ၾကၿပီး စနစ္တက် စီစဥ္တိုက္ခိုက္ခဲ့တာလို႔လည္း ေျပာပါတယ္။

တိုက္ခိုက္မႈမွာ ဒဏ္ရာရခဲ့တဲ့ သမၼတကေတာ္ကို ေဆးကုသေပးထားၿပီး၊ တိုက္ခိုက္ခံရခ်ိန္မွာ ရွိေနတဲ့ သမၼတရဲ႕ ကေလးတေယာက္ကိုလည္း လုံျခံဳစိတ္ခ်ရတဲ့ ေနရာတခုကို ေျပာင္းေရႊ႕ထားတယ္လို႔ ယာယီ၀န္ႀကီးခ်ဳပ္က ေျပာဆိုခဲ့ပါတယ္။

......................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဟေတီနိုင်ငံမှာ သမ္မတ လုပ်ကြံခံခဲ့ရပြီးနောက် အရေးပေါ် အခြေအနေအရ တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်ကြောင်း ယာယီဝန်ကြီးချုပ် ကကြေညာလိုက်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၁၄၉ အရ၊ ဝန်ကြီးအဖွဲ့နဲ့ အလေးအနက် တိုင်ပင်ဆွေးနွေးပြီး တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်ကြောင်း ကြေညာဖို့ ဆုံးဖြတ်လိုက်ပါတယ်။” လို့ ယာယီဝန်ကြီးချုပ် Claude Joseph ဗုဒ္ဓဟူးနေ့မနက် နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားတာပါ။

ဟေတီနိုင်ငံ Port-au-Prince မြို့တော်က လူဂုဏ်တန်ရပ်ကွက်မှာရှိတဲ့ နေအိမ်မှာ သမ္မတ Jovenel Moïse ကို ဘယ်သူမှန်းမသိတဲ့ သေနတ်သမားတွေ လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး နာရီပိုင်း အကြာမှာပဲ ဝန်ကြီးချုပ်ရဲ့ ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

တိုင်းပြည်ကို လတ်တလော တာဝန်ယူ အုပ်ချုပ်နေတဲ့ ဝန်ကြီးချုပ်ကတော့ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး၊ နယ်စပ်တွေနဲ့ အဓိက လေဆိပ်ကိုလည်း ပိတ်ထားလိုက်ပါတယ်။

အမေရိကန် သမ္မတ Joe Biden ကတော့ လုပ်ကြံသတ်ဖြတ်မှုကို ပြစ်တင်ရှုတ်ချကြောင်း အိမ်ဖြူတော်ကနေ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ အကျည်းတန်တဲ့ လုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချကြောင်းနဲ့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ ဟေတီသမ္မတကတော် ပြန်နေကောင်းလာဖို့ ဆုတောင်းတဲ့ အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်အနေနဲ့ ဟေတီပြည်သူတွေအတွက် ဝမ်းနည်းကြောင်းနဲ့ ဟေတီနိုင်ငံ ဘေးကင်းလုံခြုံရေး လိုအပ်တဲ့ အကူအညီတွေ ပေးအပ်ဖို့ အသင့်ရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ည ၁ နာရီလောက် အချိန်မှာ သမ္မတကို လုပ်ကြံသူတွေဟာ အင်္ဂလိပ်စကားနဲ့ စပိန်စကားပြောသူတွေဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

သေနတ်သမားတွေဟာ အသေအချာ လေ့ကျင့်ထားတဲ့ လက်နက် အပြည့်အစုံ ကိုင်ဆောင်လာသူတွေ ဖြစ်ကြပြီး စနစ်တကျ စီစဉ်တိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။

တိုက်ခိုက်မှုမှာ ဒဏ်ရာရခဲ့တဲ့ သမ္မတကတော်ကို ဆေးကုသပေးထားပြီး၊ တိုက်ခိုက်ခံရချိန်မှာ ရှိနေတဲ့ သမ္မတရဲ့ ကလေးတယောက်ကိုလည်း လုံခြုံစိတ်ချရတဲ့ နေရာတခုကို ပြောင်းရွှေ့ထားတယ်လို့ ယာယီဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG