သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲတွေဖြစ်အပြီး ဟေတီ ဓာတ်ဆီဈေး မူလအတိုင်း ပြန်သတ်မှတ်


ဟေတီနိုင်ငံမှာ လောင်စာဆီဈေးနှုန်းတွေကို ၄၉% တိုးမြှင့်လိုက်တာကြောင့် ရုန်းရင်းဆန်ခတ် ဆန္ဒပြပွဲတွေဖြစ်ပြီး စနေနေ့က လူသုံးယောက် သေဆုံးရပြီးတဲ့နောက် ဈေးနှုန်းတိုးမြှင့်မယ့်အစီအစဉ်ကို သမ္မတ Jovenel Moise က ပြန်ရုပ်သိမ်းလိုက်ပါတယ်။

“လောင်စာဆီဈေးနှုန်းတွေကို တနိုင်ငံလုံးမှာ အရင်ကရှိတဲ့ ဈေးနှုန်းအတိုင်း ဆက်ထားသွားပါမယ်” လို့ စနေနေ့နှောင်းပိုင်းက တနိုင်ငံလုံးကိုပြောတဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။ အားလုံး ငြိမ်ငြိမ်သက်သက်ရှိကြဖို့ သမ္မတကပြောသလို ရဲတပ်ဖွဲ့ အနေနဲ့ ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းနိုင်ဖို့ ဆန္ဒပြသူတွေ လမ်းတွေပေါ်ကနေ ရှင်းပေးကြဖို့လည်း ပြောပါတယ်။

အဲဒီမတိုင်ခင် နာရီပိုင်းတွေတုန်းက Port-au-Prince မြို့တော်နဲ့ အနီးက Petionville ဆင်ခြေဖုံးအရပ်မှာ ဆန္ဒပြသူတွေက မော် တော်ကားတာယာတွေကို မီးရှို့၊ ဆိုင်တွေကို လုယက်၊ ဇီမ်ခံဟော်တယ်ကြီးတလုံးရှေ့က ကားတွေကို မီးတင်ရှို့သလို လွှတ်တော် အဆောက်အဦးကို မီးရှို့ပစ်မယ်လို့လည်း ခြိမ်းခြောက်ကြပါတယ်။

လွှတ်တော်အဆောက်အဦးရှေ့မှာ မော်တော်ကားတာယာတွေ မီးလောင်တာကနေ မည်းမှောင်တဲ့ မီးခိုးလုံးကြီးတက်နေတာကို ရိုက်ယူထားတဲ့ ဗွီဒီယိုကို လွှတ်တော် လုံခြုံရေးအစောင့်တဦးက ဗွီအိုအေကို ပေးပို့ထားပြီး သေနတ်သံအများအပြားကိုလည်း အဲဒီ ဗွီဒီယိုထဲမှာ ကြားကြရပါတယ်။

သမ္မတ Moise က လောင်စာဆီဈေးတက်မယ့် အစီအစဉ်ကို ပြန်ပြီးမရုပ်သိမ်းခင်မှာ ဓာတ်ဆီတဂါလံဈေးဟာ ၄.၇၅ အမေရိကန် ဒေါ်လာထိ ရှိနေတာကြောင့် အဲဒါဟာ ဟေတီနိုင်ငံသားအများစု နေ့စဉ်ဝင်ငွေရဲ့ နှစ်ဆကျော်ထိ ရှိနေတာပါ။ သူတို့ရဲ့ အခြေခံ လိုအပ်ချက်တွေကိုတောင်မှ မတတ်နိုင်ကြသူတွေအနေနဲ့ ဓာတ်ဆီဈေးတက်တာက ပိုပြီးကျပ်တည်းသွားစေမယ်လို့ ဆန္ဒပြသူ တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG