သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေကာ္ဖီမစ္လိုမူးယစ္ေဆးသစ္ တာခ်ီလိတ္မွာပ်ံ႕ႏွံ႔မႈ ထိုင္းဘက္ကစိုးရိမ္  


ထိုင္း-ျမန္မာနယ္စပ္မွာ ဖမ္းဆီးရမိတဲ့ မူးယစ္စိတ္ႂကြေဆးမ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ထိုင္းျမန္မာနယ္စပ္ တာခ်ီလိတ္ၿမိဳ႕မွာ Happy NN လို႔ နာမည္ေပးထားတဲ့ မူးယစ္ေဆးတမ်ိဳး ပ်ံ႕ႏွံ႔ေနေၾကာင္း ထိုင္း မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရး ဘုတ္အဖြဲ႔ ONCB က သတိေပးထားတာကို ဘန္ေကာက္ပို႔စ္ သတင္းစာမွာ ေဖာ္ျပလိုက္ပါတယ္။

ေဆးတထုပ္ကို ဘတ္ေငြ ၃ ေထာင္နဲ႔ ၆ ေထာင္ၾကားေပးရတဲ့ ဒီ Happy NN မူးယစ္ေဆးဟာ အျဖဴေရာင္ျဖစ္ၿပီး ေရ ဒါမွမဟုတ္ ေကာ္ဖီနဲ႔စပ္ေသာက္တဲ့ မူးယစ္ေဆးအမ်ိဳးအစားျဖစ္တယ္လို႔ ထိုင္းအရာရွိေတြကေျပာပါတယ္။ ဒီမူးေဆးသစ္က ထိုင္းႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံက KTV ေဖ်ာ္ေျဖေရး႐ုံေတြ၊ ကလပ္ေတြမွာ အရင္ကအသုံးမ်ားတဲ့ Happy Water လို႔ေခၚတဲ့ မူးယစ္ေဆးနဲ႔ နာမည္တူၿပီး Happy Water ကို အရည္အျဖစ္နဲ႔ေရာအမႈန႔္အျဖစ္နဲ႔ပါ ေရာင္းခ်ေနတာျဖစ္ပါတယ္။

ဒီ Happy NN မူးယစ္ေဆးသစ္ကို ျမန္မာဘက္က သိပ္မသိေသးတဲ့အတြက္ မူးယစ္ေဆးထဲမွာ ဘာေတြပါတယ္ဆိုတာ ဓါတ္ခြဲစမ္းသပ္ဖို႔ ပူးေပါင္းစုံစမ္းေနတယ္လို႔လည္း ထိုင္း မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးအဖြဲ႔က ဆက္ေျပာပါတယ္။

Happy Water မူးယစ္ေဆးေဟာင္းကေတာ့ မက္သာဖက္တမင္းခရစၥတယ္အခဲေတြနဲ႔ ကက္တမင္းလို တျခား ေဆးေတြ ေပါင္းစပ္ထားတဲ့ စိတ္ႂကြေဆးျဖစ္ပါတယ္။

ေအာက္တိုဘာလ ဒုတိယပတ္အတြင္းကပဲ ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕မွာ သံဃာေတာ္တပါးနဲ႔ ဒကာ ၄ ဦးက အဲဒီ Happy Water မူးယစ္ေဆးကို ေကာ္ဖီအထင္မွားေသာက္မိအၿပီး သတိလစ္သြားတဲ့သတင္းေတြ လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

Happy Water စိတ္ႂကြေဆးေတြ ထိုင္းႏိုင္ငံအတြင္း ျဖန႔္ေဝမႈနဲ႔ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလက ဘန္ေကာက္နဲ႔ တျခားၿမိဳ႕ေတြမွာ ထိုင္းရဲေတြက မူးယစ္ေဆးဝါးသယ္တဲ့ ဂိုဏ္းေတြကို ဖမ္းဆီးအေရးယူခဲ့ပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ကော်ဖီမစ်လိုမူးယစ်ဆေးသစ် တာချီလိတ်မှာပျံ့နှံ့မှု ထိုင်းဘက်ကစိုးရိမ်

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ Happy NN လို့ နာမည်ပေးထားတဲ့ မူးယစ်ဆေးတမျိုး ပျံ့နှံ့နေကြောင်း ထိုင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့ ONCB က သတိပေးထားတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။

ဆေးတထုပ်ကို ဘတ်ငွေ ၃ ထောင်နဲ့ ၆ ထောင်ကြားပေးရတဲ့ ဒီ Happy NN မူးယစ်ဆေးဟာ အဖြူရောင်ဖြစ်ပြီး ရေ ဒါမှမဟုတ် ကော်ဖီနဲ့စပ်သောက်တဲ့ မူးယစ်ဆေးအမျိုးအစားဖြစ်တယ်လို့ ထိုင်းအရာရှိတွေကပြောပါတယ်။ ဒီမူးဆေးသစ်က ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံက KTV ဖျော်ဖြေရေးရုံတွေ၊ ကလပ်တွေမှာ အရင်ကအသုံးများတဲ့ Happy Water လို့ခေါ်တဲ့ မူးယစ်ဆေးနဲ့ နာမည်တူပြီး Happy Water ကို အရည်အဖြစ်နဲ့ရောအမှုန့်အဖြစ်နဲ့ပါ ရောင်းချနေတာဖြစ်ပါတယ်။

ဒီ Happy NN မူးယစ်ဆေးသစ်ကို မြန်မာဘက်က သိပ်မသိသေးတဲ့အတွက် မူးယစ်ဆေးထဲမှာ ဘာတွေပါတယ်ဆိုတာ ဓါတ်ခွဲစမ်းသပ်ဖို့ ပူးပေါင်းစုံစမ်းနေတယ်လို့လည်း ထိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဆက်ပြောပါတယ်။

Happy Water မူးယစ်ဆေးဟောင်းကတော့ မက်သာဖက်တမင်းခရစ္စတယ်အခဲတွေနဲ့ ကက်တမင်းလို တခြား ဆေးတွေ ပေါင်းစပ်ထားတဲ့ စိတ်ကြွဆေးဖြစ်ပါတယ်။

အောက်တိုဘာလ ဒုတိယပတ်အတွင်းကပဲ မြန်မာနိုင်ငံ တာချီလိတ်မြို့မှာ သံဃာတော်တပါးနဲ့ ဒကာ ၄ ဦးက အဲဒီ Happy Water မူးယစ်ဆေးကို ကော်ဖီအထင်မှားသောက်မိအပြီး သတိလစ်သွားတဲ့သတင်းတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

Happy Water စိတ်ကြွဆေးတွေ ထိုင်းနိုင်ငံအတွင်း ဖြန့်ဝေမှုနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဘန်ကောက်နဲ့ တခြားမြို့တွေမှာ ထိုင်းရဲတွေက မူးယစ်ဆေးဝါးသယ်တဲ့ ဂိုဏ်းတွေကို ဖမ်းဆီးအရေးယူခဲ့ပါတယ် ခင်ဗျာ။

XS
SM
MD
LG