သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအကြို နောက်တကြိမ် စကားစစ်ထိုးဖို့ ကမ်းလှမ်းချက် ဒုသမ္မတ Harris လက်ခံ

ဒီမိုကရက်တစ် သမ္မတလောင်း Harris နှင့် ရီပတ်ဘလစ်ကန် သမ္မတလောင်း Trump
ဒီမိုကရက်တစ် သမ္မတလောင်း Harris နှင့် ရီပတ်ဘလစ်ကန် သမ္မတလောင်း Trump

အမေရိကန် သမ္မတ ရွေးကောက်ပွဲ နိုဝင်ဘာလ ၅ ရက် မတိုင်ခင် သီတင်းပတ် ၂ ပတ်လောက်အလို အောက်တိုဘာလ ၂၃ ရက်နေ့မှာ သမ္မတဟောင်း Donald Trump နဲ့ နောက်တကြိမ် စကားစစ်ထိုးဖို့ အမေရိကန်ရုပ်သံ CNN ရဲ့ ဖိတ်ကြားချက်ကို ဒုသမ္မတ Kamala Harris က လက်ခံလိုက်ပါတယ်။

ပြိုင်ဘက် ရီပတ်ဘလစ်ကန်သမ္မတလောင်း Trump ကိုလည်း လက်ခံဖို့ တိုက်တွန်းခဲ့ကြောင်း ဒီမိုကရက်တစ်သမ္မတလောင်း Harris ရဲ့ စည်းရုံးရေးအဖွဲ့က စနေနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။ CNN ရဲ့ ဖိတ်ကြားချက်နဲ့ ပတ်သက်လို့ မေးမြန်းမှုတွေအပေါ် Trump ရဲ့ ပြောခွင့်ရ တယောက်ကတော့ နောက်ထပ် စကားစစ်ထိုးပွဲ လုပ်မှာ မဟုတ်ကြောင်း အစောပိုင်းပြောဆိုချက်ကို ကိုးကားတုံ့ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က ပထမဆုံးအကြိမ် သမ္မတလောင်း ၂ ဦးရဲ့ စကားစစ်ထိုးပွဲမှာတော့ ဒီမိုကရက်တစ် သမ္မတလောင်း Harris အသာရခဲ့တယ်လို့ စစ်တမ်းတွေက ဖော်ပြခဲ့ကြတာပါ။ သမ္မတဟောင်း Trump ကတော့ ရွေးကောက်ပွဲ မတိုင်ခင် နောက်ထပ် စကားစစ်ထိုးတော့မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာပဲ သူ့ကိုယ်ပိုင် Truth Social လူမှုကွန်ရက်မှာ ပြောဆိုထားပါတယ်။

ပြီးခဲ့တ့ ဇွန်လထဲ Trump နဲ့ စကားစစ်ထိုးရာမှာ သမ္မတ Joe Biden ရဲ့ စွမ်းဆောင်ရည် အားနည်းချက်ကြောင့် ဒီမိုကရက်ပါတီတွင်းနဲ့ ကျွမ်းကျင်သူတွေက ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ရာက ရွေးကောက်ပွဲက နုတ်ထွက်ကြောင်း သမ္မတက ကြေညာခဲ့ပြီး ဒုသမ္မတ Harris ကို ထောက်ခံကြောင်း ကြေညာခဲ့တာပါ။

This item is part of

Forum

XS
SM
MD
LG