သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းတွေ CNN သတင်းဌာနနဲ့ တွေ့ဆုံမည်


ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဒုသမ္မတ Kamala Harris နဲ့ ဒုသမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့် Tim Walz တို့ကို မဲဆွယ်ပွဲတခုမှာအတူတွေ့ရစဉ် (ဩဂုတ် ၂၀၊ ၂၀၂၄)
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဒုသမ္မတ Kamala Harris နဲ့ ဒုသမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့် Tim Walz တို့ကို မဲဆွယ်ပွဲတခုမှာအတူတွေ့ရစဉ် (ဩဂုတ် ၂၀၊ ၂၀၂၄)

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris နဲ့ ဒုသမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့် Tim Walz တို့ဟာ ကြာသပတေးနေ့မှာ CNN အမေရိကန်သတင်းဌာနနဲ့ တွေ့ဆုံစကားပြောမှာဖြစ်ပါတယ်။ ဒီမိုကရက်တစ် သမ္မတလောင်းရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံစကားပြောတာမလုပ်တဲ့အပေါ် ရီပတ်ဘလစ်ကန်တွေနဲ့ မီဒီယာအချို့က ဝေဖန်မှုတွေ ထွက်ပေါ်လာတာ သီတင်းပတ်နဲ့ချီ ထွက်ပေါ်ခဲ့ပြီးနောက် အခုလို တွေ့ဆုံမှာပါ။

သမ္မတ Joe Biden ရွေးကောက်ပွဲ ပြန်မဝင်ဖို့ ကြေညာခဲ့ပြီးနောက် သမ္မတလောင်းဖြစ်လာတဲ့ ဒုသမ္မတ Harris အတွက် ဒါဟာ ပထမဆုံး သတင်းမီဒီယာနဲ့ တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ သမ္မတလောင်း Harris ဟာ မဲဆွယ်စည်းရုံးရေးတလျှောက် သတင်းထောက်တွေရဲ့ မေးမြန်မှုတွေကို ပြန်လည် ဖြေကြားခဲ့ပေမဲ့ တရားဝင်သတင်းစာရှင်းလင်းပွဲ မလုပ်ရသေးတဲ့အတွက် ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump က ဝေဖန်ပြစ်တင်နေတာပါ။

ပြီးခဲ့တဲ့ အပတ်ကလုပ်တဲ့ ဒီမိုကရက်တစ်အမျိုးသားညီလာခံ (DNC) မှာတော့ လူလတ်တန်းစားတွေဆီက အခွန်လျှော့ပေါ့ ကောက်ခံရေး၊ ရုရှား နဲ့ မြောက်ကိုရီးယားတို့နဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ နိုင်ငံခြားရေး မူဝါဒ၊ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးနိုင်ငံနဲ့အတူ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး စတဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာနဲ့ ပတ်သက်လို့ သမ္မတလောင်း Harris က ကတိပြုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ရီပတ်ဘလစ်ကန် သမ္မတလောင်း Trump ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး၊ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ရာမှာ သူ့ရဲ့ ကိုယ်ပိုင်မူဝါဒတွေထက် လက်ရှိသမ္မတ Biden ရဲ့ အုပ်ချုပ်မှုတွေကိုသာ ဝေဖန်ခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းတွေ CNN သတင်းဌာနနဲ့ တွေ့ဆုံမည်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG