သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-လာအို-မြန်မာ နယ်စပ်ဒေသ မီးခိုးမြူပြဿနာ ဖြေရှင်းဖို့ကြိုးစား


{{Zawgyi/Unicode}}

ထိုင်း-လာအိုနဲ့ မြန်မာ နယ်စပ်ဒေသတကျော မီးခိုးမြူဖုံးလွှမ်းတဲ့ပြဿနာကို ဖြေရှင်းဖို့ ထိုင်းဝန်ကြီးချုပ် ပရာရွသ် ချန်အိုချာ ဦးဆောင်ပြီး လာအိုဝန်ကြီးချုပ် Sonexay Siphandone နဲ့ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ဧပြီလ ၇ ရက်နေ့က အွန်လိုင်းအစည်းဝေးတရပ် ကျင်းပခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖေါ်ပြထားပါတယ်။

မီးခိုးမြူတွေလွှမ်းနေတဲ့ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေးအတွက် ထိုင်းဝန်ကြီးချုပ်က သန့်ရှင်းတဲ့မိုးကောင်းကင် မဟာဗျူဟာကို အစည်းအဝေးမှာတင်ပြခဲ့ပါတယ်။

ဒီမဟာဗျူဟာအရ အိမ်နီးချင်း ၃ နိုင်ငံစလုံးအနေနဲ့ ၂၀၁၇ တုန်းက မဲခေါင်ဒေသတွင်း ၅ နိုင်ငံက အတည်ပြုထားတဲ့ ချင်းရိုင်စီမံကိန်းမှာတင်ပြထားတဲ့အတိုင်း အပူချိန်တိုးအောင်လုပ်ဆောင်မှုတွေကို လျှော့ချရမှာ ဖြစ်ပါတယ်။ ဒီလို လုပ်ဖို့အတွက် ထိုင်းနိုင်ငံက မြန်မာနဲ့ လာအိုနိုင်ငံတွေက ဒေသခံတွေနဲ့ပါ လက်တွဲပြီး မီးခိုးမြူပြဿနာဖြေရှင်းရေးကို ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ဒါ့ပြင် ဒီပြဿနာကို ရှေ့လထဲ အင်ဒိုနီးရှားမှာကျင်းပမယ့် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းဝေးမှာ တင်ပြဆွေးနွေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနဲ့ လာအိုနိုင်ငံတွေနဲ့နီးတဲ့ဒေသတွေမှာ မီးခိုးမြူတွေ ဆိုင်းပြီး ရက်အတော်ကြာအောင် လေထုညစ်ညမ်းနေတတ်တာကြောင့် ဒေသခံတွေရော ခရီးသွားတွေကိုပါ စိုးရိမ်စေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}







XS
SM
MD
LG