သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မီးခိုမြူ မပျံလွင့်ရေး မြန်မာ-ထိုင်း-လာအို ပူးပေါင်းဆောင်ရွက်မည်


Smoke Haze in Chiang Mai, Thailand

မီးခိုးမြူတွေ ပိုပြီး မပြန့်နှံ့ရေး ပူးပေါင်း တိုက်ဖျက်မယ့် အစီအစဉ်ကို မြန်မာ၊ ထိုင်းနဲ့ လာအို့စ် ၃ နိုင်ငံ ပူးပေါင်းပြီး အခုလနှောင်းပိုင်းမှာ စတင်မှာဖြစ်ကြောင်း ထိုင်းသတင်းဌာန TNA မှာ ဖော်ပြထားပါတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးတွဲ ဆောင်ရွက်မယ့် ဒီအစီအစဉ်မှာ ထိုင်းတပ်မတော် တပ်မဟာ (၃) က ထိုင်းနိုင်ငံကိုယ်စားပြု ပါဝင် ဆောင်ရွက်သွားမယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး Wichak Siribansop က ပြောပါတယ်။

မီးခိုးမြူ တိုက်ဖျက်ရေး အစီအစဉ်အတွက် နိုင်ငံတကာရဲ့ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်ပြီး ထိုင်းနိုင်ငံအတွင်း တောမီး မပြန့်ပွားရေး ဆောင်ရွက်တာမှာ နိုင်ငံမြောက်ပိုင်းက Chiang Rai ခရိုင်ကို ပစ်မှတ်ထား လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

တောမီးလောင်ကျွမ်းမှုရဲ့ ၉၉% ဟာ လူတွေကြောင့် ဖြစ်ပေါ်တာကြောင့် တောမီးဆိုင်ရာ Campaign ကို လုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း ဒုတိယ ဗိုလ်ချုပ်ကြီး Siribansop က ပြောပါတယ်။ ဒါ့အပြင် စစ်တပ်နဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေဟာ ဒေသခံ စေတနာ့ထမ်းတွေနဲ့ ပူးပေါင်းပြီး လူထုပညာပေး လုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောပါတယ်။

အခု လုပ်ဆောင်မယ့် ၃ နိုင်ငံ ပူးတွဲ စီမံကိန်းဟာ မီးခိုးမြူပြန့်နှံ့မှု ၆၀% လျော့ကျအောင် ဆောင်ရွက်မယ့် စီမံကိန်းဖြစ်ကြောင်းလည်း ထိုင်းတပ်မတော် မြောက်ပိုင်းတိုင်းမှူးက ပြောပါတယ်။ မနှစ်က ပြုလုပ်ခဲ့တဲ့ အလားတူ စီမံကိန်းကြောင့် မီးခိုးမြူ ပြန့်နှံ့မှု ၄၀% လျော့ကျ သွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG