သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်နိုင်ငံမှာ ကင်ဆာကြောင့် သေဆုံးသူကျဆင်းလာနေပေမယ့် အဝလွန်တာနဲ့ ပတ်သက်တဲ့ ကင်ဆာရောဂါတွေ ဖြစ်နှုန်းကတော့ များနေဆဲလို့ အမေရိကန်ပြည်ထောင်စုရှိ ကင်ဆာအဖွဲ့အစည်းကြီးတခုက ဒီနှစ် အစီရင်ခံစာထဲမှာ ဖော်ပြလိုက်ပါတယ်။ သေဆုံးမှုနှုန်း ကျဆင်းလာတာကတော့ ဆေးလိပ်သောက်တာကြောင့် အဓိကဖြစ်ရတဲ့ ကင်ဆာတွေကြောင့် သေနှုန်းကျဆင်းလာတာနဲ့၊ ကြိုသိရှိပြီး အချိန်မနှောင်းခင် ကုသမှု့ ခံယူနိုင်ကြလို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး ကင်ဆာရောဂါ (၃) မျိုးဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ နဲ့ အဆုပ်ကင်ဆာတွေ အပါအဝင် အခြားအဖြစ်များ ကင်ဆာတွေ ဖြစ်နှုန်းနဲ့ ကင်ဆာရောဂါတွေကြောင့် သေနှုန်းကျဆင်းရေးအတွက် ဘယ်လိုကာကွယ်နိုင်တာ နဲ့ ဘယ်လို ကြိုတင်သိရှိအောင်လုပ်နိုင်ပြီး ပျောက်ကင်းအောင် ဘယ်လို ကုသမှု့ခံယူနိုင်တာတွေ ရှိနေပါပြီသလဲ။

ဒီအကြောင်းအရာတွေကို VOA သတင်းထောက် Carol Pearson သတင်းပို့ထားတာနဲ့၊ မြန်မာနိုင်ငံထဲက ကင်ဆာရောဂါ အထူးကု ပါမောက္ခကြီး ဒေါက်တာ ဦးစိုးအောင် နဲ့ အမေရိကန်ပြည်ထောင်စုရှိ ကင်ဆာအထူးကု မြန်မာဆရာဝန် Dr. Joseph Yoe တို့အား မေးမြန်းထားချက်များကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။

XS
SM
MD
LG