ပြီးခဲ့တဲ့ သတင်းပတ်က ငှက်ဖျားပိုး ဦးနှောက်ထဲဝင်ပြီး အသက်ဆုံးရှုံးနိုင်တဲ့အဆင့် မရောက်ရအောင် ဘာလုပ်ရမယ်ဆိုတာ ဆွေးနွေးခဲ့ပါတယ်။ ဒီတပတ်မှာတော့ နောက်ထပ်သေစေနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာ အကြောင်း ဆွေးနွေးထားပါတယ်။ ဘာကြောင့် အခုလိုဖြစ်ရတာလဲ၊ ဘယ်သူတွေ ဖြစ်နိုင်ပါလဲ။ ဒီရောဂါမဖြစ်အောင် ငှက်ဖျားခြင် အကိုက်မခံရဖို့ လက်တွေ့ဘာတွေလုပ်နိုင်ပါလဲ။ ငှက်ဖျားဆေးယဉ်ပါးမှု့ ပြဿနာရော ဘယ်လောက်ထိ စိုးရိမ်ရလဲ။ ဒါတွေကို ကိုဝင်းမင်းက ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေး မြန်မာနိုင်ငံထဲမှာ လက်တွေ့လုပ်ဆောင်နေတဲ့ ကျွမ်းကျင်သူ ပညာရှင် ဒေါက်တာအေးယုစိုး ကို မေးမြန်းတင်ပြထားပါတယ်။