သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငှက်ဖျားပိုးဆေး မတိုးတဲ့ ပြဿနာ


ထိုင်း-မြန်မာနယ်စပ်မှာ ငှက်ဖျားဆေး ယဉ်ပါးလာမှု့ တိုးပွားနေလာပြီး၊ ဒီ ငှက်ဖျားဆေး မတိုးတဲ့ ပိုးရှိတဲ့ လူနာတွေကိုတောင် မကြာခင်က စတင် စမ်းသပ်တွေ့ရှိလိုက်တာကြောင့် ဒီပြဿနာကို အမြန်ထိန်းချုပ်နိုင်ဖို့ အလွန်အရေးကြီးနေပါတယ်။ အမြန်မထိန်းချုပ်နိုင်ပါက နောက်ပိုင်းကျရင် ဆေးအားလုံး၊ လုံးဝမတိုးတော့ပဲ ငှက်ဖျားရောဂါနဲ့ သေဆုံးမှု့တွေ ပိုများလာမှာကို စိုးရိမ်ရပါတယ်။

ဒါကြောင့် ဒီဆေးယဉ်ပါးမှု့ ပြဿနာ ပိုမဆိုးလာအောင်နဲ့၊ ငှက်ဖျားဆေး မတိုးတဲ့ပိုး အခြားနေရာတွေကို ကူးစက်ပြန့်ပွား မသွားရအောင် ပြည်သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ပုဂ္ဂလိကအဖွဲ့တွေအနေနဲ့ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ပေးဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။

တကယ်တော့ ဒီဆေးယဉ်ပါးမှု့ နဲ့ ဆေးမတိုးတဲ့ ပြဿနာတွေဟာ ဆေးမှန်မှန်ကန်ကန် မသောက်တာကြောင့် တဖြည်းဖြည်း ဖြစ်ရတာမို့၊ ဒီပြသနာ ပိုမဆိုးသွားရအောင် ငှက်ဖျားဖြစ်တဲ့ ပြည်သူတွေအနေနဲ့ ဆေးတုတွေကို ရှောင်ကြဉ်ကြပြီး၊ အာနိသင် ကျလာနေတဲ့ Artemisinin ငှက်ဖျားဆေးတမျိုးထဲကိုပဲ သောက်တာမျိုးလဲမဟုတ်ကာ၊ ထိရောက်တဲ့ Artemisinin ဆေးပေါင်းကို ဆေးပတ်ကုန်အောင်သောက်ဖို့ အထူးအရေးကြီးနေပါတယ်။

ဒါ့အပြင် ငှက်ဖျားရှိတဲ့ဒေသက စေတနာ့ဝန်ထမ်းတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်း ငှက်ဖျားရောဂါ ပညာပေးမှု့တွေ ပိုလုပ်တာတွေအပြင်၊ ငှက်ဖျားသွေးစစ်တဲ့ ကရိယာတွေနဲ့ Artemisinin ဆေးပေါင်းတွေကို အမြဲဆောင်ထားပြီး၊ လိုအပ်လာရင် လူနာတွေကို ဆေးမှန်အောင်၊ ဆေးပတ်ကုန်အောင် တိုက်ကျွေးပေးကာ၊ ဖြစ်နိုင်ရင် (ကိုယ်တိုင်) ကြပ်ကြပ်မတ်မတ် စောင့်ကြည့်တိုက်ကျွေးပေးဖို့ အရေးကြီးနေပါပြီ။

ဒါ့အပြင် မြန်မာနိုင်ငံထဲမှာ ရွှေ့ ပြောင်းလုပ်သားတွေ များလာနေပြီး၊ သူတို့အနေနဲ့ ငှက်ဖျားရှိတဲ့ ဒေသသစ်အရောက်မှာ ငှက်ဖျားဒဏ်ပိုခံရနိုင်တာမို့၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေအနေနဲ့လည်း မိမိတို့လုပ်ငန်းခွင်ထဲမှာရှိတယ့် ရွှေ့ ပြောင်းလုပ်သားတွေကို ငှက်ဖျားရောဂါ ပညာပေးဖို့နဲ့၊ သူတို့ငှက်ဖျား ဖြစ်လာရင်လည်း မှန်မှန်ကန်ကန် ဆေးကုသမှု့ခံယူနိုင်ဖို့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့ လိုနေပါတယ်။

တချိန်ထဲမှာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ NGO တွေ နိုင်ငံတကာပညာရှင်တွေ ပူးပေါင်းပြီးတော့လည်း ဒီ ငှက်ဖျားပိုးဆေးမတိုးတဲ့ လူနာတွေ တွေ့ထားတဲ့ ဒေသတွေကို ဦးစားပေးကာ၊ ဒီနေရာတွေကနေ တခြားနေရာတွေကို ဒီ ရောဂါပိုး ထပ်မပြန့်သွားရေး စီမံချက်တွေကို စတင်အကောင်အထည် ဖော်နေပါပြီ။ ဘယ်လိုဒေသတွေကို ဦးစားပေးအဆင့်တွေ သတ်မှတ်ထားပြီး၊ ဘာတွေ စတင် လုပ်ဆောင်နေပါသလဲ။

ဒီအကြောင်းအရာတွေကို သိရှိနိုင်ဖို့ မြန်မာနိုင်ငံထဲမှာ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးကို တက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာအေးယုစိုး ကို ကိုဝင်းမင်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG