စိတ်နဲ့ကိုယ် ဆက်စပ်မှုကို ပြောဆိုလေ့ရှိတဲ့ ဒီနေ့ သိပ္ပံခေတ်မှာ သုတေသီတွေက ဒီဆက်စပ်မှုအပေါ် အခြေခံထားပြီး ရှေးပဝေသဏီထဲက ရှိလာခဲ့တဲ့ Tai Chi ကစားတာဟာ နှလုံးရောဂါရှိသူတွေအတွက် အထောက်အကူပြုနေတာကို သက်သေနဲ့တကွ တွေ့ရှိလိုက်ကြတာပါ။ ဘယ်လို တွေ့လိုက်ကြတာပါသလဲ။
Tai Chi ကစားတာကြောင့် စိတ်ဖိစီးတာ အဓိက ပြဿနာဖြစ်နေတဲ့ ဒီလူနာတွေရဲ့ စိတ်နဲ့ကိုယ်ခန္ဓာကို သက်တောင့်သက်သာနဲ့ အနားပေးတဲ့ အနေအထား ရောက်စေပြီး သူတို့ရဲ့ဘဝမှာ စိတ်ချမ်းသာလာတာ၊ စိတ်တက်ကြွလာတာနဲ့ တခြား အားကစား လှုပ်ရှားမှုတွေပါ ပိုလုပ်ချင်လာတာတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။ အခြား ဘာကောင်းကျိုးတွေရော ရှိနေပါသေးသလဲ။
အခုလိုကောင်းကျိုးတွေ ဖြစ်စေရတာက ဘယ်လို အခြေခံအချက်တွေ ဒီကစားနည်းမှာ ရှိနေလို့ပါသလဲ။
ဒီအကြောင်းတွေကို VOA သတင်းထောက် Melinda Smith နဲ့ Jessica Berman တို့ သတင်းပို့ထားတာနဲ့ နှလုံးအထူးကု ဒေါက်တာအောင်မြိုင် ကို ဆက်သွယ်မေးမြန်းပြီး ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။