သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံတချို့ ဒေသတွေနဲ့ မြန်မာနိုင်ငံသားတွေ အများအပြား အလုပ်လုပ်နေကြတဲ့ ထိုင်းနိုင်ငံတွေမှာ မိုးကြီးရေကြီးမှုတွေ ဖြစ်ပွားနေတာကြောင့် ဝမ်းလျှောရောဂါ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။

ဝမ်းလျှောရောဂါဒဏ်ကို ကလေးငယ်တွေက အဓိက ခံစားရလေ့ရှိပါတယ်။ ကာကွယ်နိုင်တဲ့ နည်းတွေရှိနေတယ့်ကြားကပဲ ကမ္ဘာပေါ်မှာ ကလေးပေါင်း တစ်သန်းကျော်ဟာ ဝမ်းလျှောရောဂါကြောင့် နှစ်စဉ်သေဆုံးနေကြသေးတယ်လို့ ကျန်းမာရေးအဖွဲ့တွေက ဆိုကြပါတယ်။

ဒီရောဂါ မဖြစ်အောင်နဲ့ ဖြစ်လာရင်လည်း အခုလို သေတဲ့အဆင့်ထိ မရောက်အောင် ဘာတွေလုပ်ပေး၊ ကာကွယ်လုပ်ဆောင်နိုင်ပါသလဲ။

ဒီအကြောင်းတွေကို VOA သတင်းထောက် Art Chimes သတင်းပို့ထားတာနဲ့ မြန်မာနိုင်ငံထဲမှာ ရေသန့်ရရှိရေး အားပေးကူညီလုပ်ဆောင်နေတဲ့ မသင်းနွယ်စိုးနဲ့ အမေရိကန်နိုင်ငံ အိုဟိုင်ရိုးပြည်နယ် တက္ကသိုလ် (Ohio State University) က လက်ထောက်ပါမောက္ခ ဒေါက်တာကျော်ကျော်စိုး တို့ကို ဆက်သွယ်မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။

XS
SM
MD
LG