သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်ခြံပေါက်ခြင်း


Skin ဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ
Skin ဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ
ဆယ်ကျော်သက်နဲ့ လူငယ်ပိုင်းမှာ အဖြစ်များတဲ့ ဝက်ခြံပေါက်တာဟာ ဒီအသက်အရွယ်မှာ ဖြစ်ပေါ်လာတဲ့ ဟော်မုန်းကြီးထွားမှု့က ဝက်ခြံဖြစ်တာနဲ့ ပတ်သက်နေတဲ့ အရေပြားက အဆီထွက်တာကို ပိုအားပေးလို့ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု့ကြောင့် ထွက်လာတဲ့ ဟော်မုန်းကြောင့်လဲ အလားတူ ဖြစ်စေနိုင်ပါတယ်။

အရေပြားပေါ်က ဘက်တီးရီးယားပိုးကြောင့် အဓိကဖြစ်ရပြီး၊ အရေပြားရဲ့ အဆီအိပ်လေးတွေမှာ ပိတ်ဆို့ယောင်ယန်းမှု့နဲ့ စဖြစ်တတ်တဲ့ ဝက်ခြံပေါက်မှုအတွက် စားဆေးနဲ့ လိမ်းဆေးတချို့ အာနိသင်နည်းလာချိန်မှာ၊ လေ့လာမှု့အသစ်တခုအရ အရေပြားပြဿနာကို ကုသပေးနိုင်ဖို့ အလားအလာကောင်းနေတဲ့ ဗိုင်းရပ်(စ်)တမျိုးကို အမေရိကန်နိုင်ငံမှာ ရှာဖွေတွေ့ရှိလိုက်ပါတယ်။

ဝက်ခြံပေါက်တာအတွက် ပထမအဆင့်မှာ ကိုယ်ဟာကို စီမံကုသနိုင်ပါတယ်၊ ရှောင်ရမှာတွေက ဝက်ခြံကို မညှစ်မိဖို့၊ မကုတ်မိဖို့နဲ့ မကိုင်မိစေဖို့၊ နောက်ပြီး မျက်နှာခြောက်အောင် အရက်ပျံလိမ်းတာမျိုး မလုပ်ဖို့၊ မျက်နှာပေါ်မှာ ဆံပင်မဖုံးမိစေဖို့နဲ့ အလှကုန် ထူထူပစ်ပစ်တွေ မလိမ်းမိဖို့၊ သနပ်ခါးအရမ်းထူထူ မလူးဖို့ စသည်တို့ ဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ။

ဆောင်ရန်တွေကတော့ ဆပ်ပြာပြင်းပြင်းနဲ့မဟုတ်ဘဲ ဆပ်ပြာပျောပျော့နဲ့ မျက်နှာပုံမှန်သစ်ဖို့၊ မျက်နှာသစ်ရာမှာလည်း အသာအယာပဲသစ်ပြီး၊ အရမ်းပွတ်တိုက်တာမျိုး မလုပ်မိစေဖို့နဲ့၊ သတ်မှတ်ထားတဲ့ ဝက်ခြံလိမ်းဆေးတွေကို ပိုမလိမ်းမိစေဘဲ ဆေးညွှန်းအတိုင်းသာ လိမ်းဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ မဆိုင်တဲ့ ယားနာပျောက်ဆေးတွေကိုတော့ သွားမလူးမိဖို့လည်း အထူးအရေးကြီးပါတယ်။ ဘယ်အခြေအနေရောက်ရင် ဆရာဝန်ပြဖို့ လိုပါသလဲ။

ဒီအကြောင်း VOA သတင်းထောက် Jessica Berman သတင်းပို့ထားတာနဲ့၊ မြန်မာနိုင်ငံထဲက အရေပြားအထူးကုဆရာဝန် ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။
XS
SM
MD
LG