သုံးရလွယ်ကူစေသည့် Link များ

ကလေးဖွံ့ဖြိုးမှုအဆင့်တွေကို အသက်အလိုက် တိုင်းတာဖို့ ယေဘုယျ သတ်မှတ်ချက်တွေ ရှိပေမယ့် အတိအကျမဖြစ်ဘဲ ထူးခြားတာတွေလည်း ရှိတတ်တယ်လို့ ကလေးအထူးကုတွေက သုံးသပ်ပြောဆိုကြပါတယ်။ ကလေးဖွံ့ဖြိုးမှုအဆင့် (သို့) ဖွံဖြိုးတိုးတက်မှုဆိုင်ရာ မိုင်တိုင်တွေကို (၂) နှစ်နောက်ပိုင်း ကလေးတွေကို (၃) နှစ် နဲ့ (၅) နှစ်တွေမှာ သတ်မှတ်ထားပါတယ်။

(၃) နှစ်အရွယ် နေထိုင်လှုပ်ရှားမှုမှာ လူကြီးတွေလိုပဲ လှေခါးထစ်တွေတက်တာ၊ သုံးဘီးစက်ဘီးလေးတွေ စီးတတ်တာ၊ ပြေးတာတွေ လုပ်နိုင်ပါတယ်။ အမြင်အာရုံနဲ့ လက်လှုပ်ရှားမှုအတွက်တော့ ဝလုံးလို အဝိုင်းပုံစံ ရေးခြစ်နိုင်တာ၊ အနည်းဆုံး အရောင် (၂) မျိုး လောက်ကို ခွဲခြားရွေးချယ်တတ်တာ၊ အသံကြားတာနဲ ပတ်သက်ရင်တော့ စကားကို သွက်သွက်လက်လက် ပြောနိုင်ကာ၊ သူ့နာမည် အပြည့်အစုံနဲ့ အသက်ကိုပါ ပြောတတ်လာပြီး၊ သူ့ကိုယ်သူ ယောက်ကျားလေးလား၊ မိန်းကလေးလား ခွဲတတ်လာပါပြီ။ လူမှု့ဆက်ဆံရေးနဲ့ ပတ်သက်ရင်တော့ နေ့ဘက်မှာ သေးပေါက်မချတော့ဘဲ သေးပေါက်ချင်ရင် ပြောတတ်၊ လုပ်တတ်လာပါပြီ။ တခြား ဘာတွေ ပြုမှုကြလဲ။

အသက်အလိုက် ဖွံ့ဖြိုးတိုးတက်မှု မှတ်တိုင်တွေကို ယေဘုယျ သတ်မှတ်ထားပေမယ့် ထူးခြားတဲ့ အနေအထားတွေ ရှိနိုင်တာကိုလည်း သတိပြုဖို့လိုပါတယ်။ ဥပမာ ကလေးက လိုချင်တာအားလုံး လက်ညိုးထိုးပြလို့ရတဲ့ အနေအထားမျိုးမှာ စကားပြော နောက်ကျတာက ပုံမှန်ပါ၊ ပြဿနာ မဟုတ်ပါဘူး၊ အခြားရော ဘယ်လို ထူးခြားမှုတွေ ရှိကြလဲ။

ဒီအကြောင်း အသေးစိတ် နားလည်သိရှိနိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေး ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG