သုံးရလွယ်ကူစေသည့် Link များ

ရေကြီးတဲ့ရေရှိန်ကြောင့် ရေမျောသေဆုံးရခြင်း

  • ကိုဝင်းမင်း

မကွေးတိုင်းဒေသကြီး ရေဘေးသင့် ပြည်သူများ (ဓာတ်ပုံ - ကိုစည်သူ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်)

မြန်မာနိုင်ငံ နေရာအတော်များများမှာ ပြင်းထန်တဲ့ မိုးရွာသွန်း ရေကြီးမှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေ တိုးများလာတာဟာ ရေမျော၊ရေနစ်ပြီး သေဆုံးရသူ အများစုဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

အခုလို ဖြစ်ရတာက ရေကြီးပြီး စီးဆင်းနေတဲ့ရေဟာ အရှိန်အနည်းငယ်နဲ့တင် ခြေမျက်စိအထက်ရေက လူကို မျောပါနိုင်စေလောက်အောင် အန္တရာယ်ရှိနေလို့ပါ။ ဒါကြောင့် ရေမျော၊သေဆုံးရတာကနေ ကာကွယ်နိုင်ဖို့ စီးနေတဲ့ရေဟာ လူလမ်းလျှောက်နှုန်း (တနာရီ ၄ မိုင်နှုန်းခန့်) ရှိနေရင်တောင် သူ့အမြင့်က ခြေမျက်စိအပေါ်နား၊ ခြေသလုံးအောက်နား (၆ လက်မအမြင့်ခန့်) ကို ရောက်ရင် ဖြတ်မလျှောက်သင့်ပါဘူး။ အထူးသဖြင့် ကလေးသူငယ်တွေကို ပေးမသွားသင့်ပါဘူး။ ဘယ်လို ရေမျိုးမှာ ဖြတ်လျှောက်ဖို့ စိတ်ချရနိုင်ပါလဲ။

အခုလို ရေမျောသေဆုံးရသူတွေထဲမှာ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ များတတ်တာအပြင်၊ ရေကူးတတ်သူတွေလည်း သေဆုံးကြတာကို တွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။ နောက်ထပ် ဘယ်လို လူတွေ၊ ဘယ်လို ရောဂါရှိသူတွေ အထူးသတိထားသင့်ပါလဲ။ စီးနေတဲ့ရေမှာ ဖြတ်နိုင်ဖို့ စိတ်ချရတာကတော့ ကောင်းမွန်တဲ့ လှေနဲ့သွားတာပါ။ အသက်ကယ်အင်္ကျီဝတ်ပြီး သွားတာနဲ့ ရေဖော်ဘောတွေ ယူဆောင်သွားဖို့ လုပ်သင့်ပါတယ်။ အထူးသဖြင့် ကယ်ဆယ်ရေးသမားတွေလည်း အဲဒီပစ္စည်းတွေ ဆောင်ယူသွားသင့်ပါတယ်။

မော်တော်ကားအတွက်ဆိုရင် စီးဆင်းနေတဲ့ရေနှုန်းက လူလမ်းလျှောက်နှုန်းပဲ ရှိသော်လည်း ကားတာယာထက်ဝက် ရေမြုပ်နေရင် (အမြင့် ၁ ပေခန့်) လဲ ရေထဲမျောပါသွား နိုင်ပါတယ်။ အထူးသဖြင့် ရေစီးနှုန်း ပိုမြန်တဲ့ မြစ်နား၊ တံတားနားမှာ ပိုပြီးမျောသွားနိုင်ပါတယ်။ မော်တော်ဆိုင်ကယ်လည်း အလားတူဖြစ်ပါတယ်။

ရုတ်တရက် ရေကြီးမှုကြောင့် ရေမျောသေဆုံးမှာကို ကြိုတင်ကာကွယ်နိုင်ဖို့ကတော့ အမြင့်ပိုင်းနေရာတွေကို ပြောင်းရွှေ့ ခိုလှုံကြဖို့ ဖြစ်ပါတယ်။ ဒီအတွက် ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ပြီး၊ အရေးပေါ်ရွှေ့ ပြောင်းမှု အစီအစဉ် အသင့်ပြင်ထားပြီး၊ အချိန်မီ လိုက်နာကျင့်သုံးကြဖို့ အရေးကြီးပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG