သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရောဂါဆိုင်ရာ လုပ်ဆောင်စရာ


ရောဂါဆိုင်ရာ လုပ်ဆောင်စရာ
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

ရောဂါတွေဖြစ်လာချိန်မှာ ဆရာဝန်၊ လူနာ၊ မိသားစု၊ ပတ်ဝန်းကျင်နဲ့ လူမှုကွန်ရက်တွေအနေနဲ့ ကိုယ်စီ လုပ်ဆောင်သင့်တာတွေ ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြကြပါတယ်။

ဆရာဝန်တွေအနေနဲ့ လူနာ သက်တမ်းစေ့နေနိုင်ရေး၊ တတ်နိုင်သမျှ အသက်ပိုရှည်ရှည်နေနိုင်ရေးအတွက် တတ်ထားသမျှဆေးပညာနဲ့ အကောင်းဆုံး ကုသပေးရတာအပြင်၊ ရောဂါကို ရင်မဆိုင်ရဲတဲ့ လူနာတွေအတွက်လည်း ရင်ဆိုင်ရဲလာအောင် စောစောကုသမှုခံယူခြင်းဖြင့် အကျိုးရှိနိုင်ပုံကို လက်တွေ့အထောက်အထားတွေနဲ့ ရှင်းပြနိုင်ဖို့ လိုပါတယ်။

လူနာကိုယ်တိုင်အနေနဲ့လည်း ရောဂါဖြစ်လာတဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေပေါ်လာလျှင် ရင်မဆိုင်ရဲဘဲ ကြောက်ရွံ.နောက်တွန့်သွားမဲ့အစား၊ ကျွမ်းကျင်သူ ဆရာဝန်၊ ဆရာမတွေနဲ့ တိုင်ပင်ကာ ကုသမှု စောစောခံယူသင့်ပါတယ်။ ဒါမှသာ ရောဂါမရင့်ခင် စောစောစီးစီး ထိရောက်တဲ့ ကုသမှု ရယူနိုင်ပြီး၊ မလိုအပ်ဘဲ ရေတိမ်နစ်တာမျိုးမဖြစ်အောင် ကာကွယ်နိုင်ကာ၊ သက်တမ်းစေ့ နေနိုင်မှာဖြစ်ပါတယ်။ ခုလို ရောဂါကို စောစော ရင်ဆိုင် မကုနိုင်ဘဲ၊ ရောဂါလမ်းဆုံးရောက်မှ ကုသလျှင်တော့၊ အောင်မြင်ဖို့ ခက်ခဲသွားပြီး၊ သက်တမ်းစေ့လည်း နေနိုင်မှာ မဟုတ်တော့ပါဘူး။

ဒါ့အပြင် လူနာရဲ့ မိသားစုနဲ့ မိတ်ဆွေပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း ရောဂါကို ရင်မဆိုင်ရဲတဲ့ လူနာတွေ ရောဂါကို ရင်ဆိုင်ရဲလာအောင် ဝိုင်းဝန်း ဖြောင်းဖျ ကူညီပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် မိတ်ဆွေပတ်ဝန်းကျင်အသိုင်းအဝိုင်းထဲက ကျန်းမာရေးဗဟုသုတရှိသူတွေအနေနဲ့ လက်တွေ့သာဓကတွေသုံးပြီး၊ လူနာအနေနဲ့ ကုသမှုခံယူဖို့ မကြောက်တော့ဘဲ၊ လက်ခံကုသလာအောင် ရှင်းပြနိုင်ဖို့ လိုပါတယ်။

လူမှုကွန်ရက်တွေနဲ့ ဂျာနယ်တွေမှာ ကျန်းမာရေးဗဟုသုတ တချို့ရနိုင်ပေမယ့်၊ မှားယွင်းတဲ့ ဆေးမီးတိုတွေလည်း ရှိနေပါတယ်။ လူနာတွေအတွက်တော့ အင်တာနက် လူမှုကွန်ယက်တွေက ကျန်းမာရေးဗဟုသုတတွေကို ကြိုရှာဖွေလေ့လာပြီး၊ ဆရာဝန်တွေနဲ့ ပိုထိရောက်အောင် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ ဒါပေမဲ့ ခုလို အင်တာနက်ကနေ ခဏတာလေ့လာသိရှိလာတာကို လူနာဘက်က လွန်ကဲစွာ အယူမှားသွားတတ်တာမျိုးကိုလည်း မဖြစ်မိအောင် သတိပြုဖို့လိုပါတယ်။ အထူးသဖြင့် ဆရာဝန်တွေရဲ့ နှစ်ပေါင်းများစွာ အချိန်ယူလေ့လာထားတဲ့ ကျွမ်းကျင်မှုတွေကို လေးစားနားထောင်ပေးဖို့ အရေးကြီးပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိပ် အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG