သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ အခုလို မိုးရာသီဝင်လာချိန် ရာသီအကူးအပြောင်းမှာ အဖြစ်များတဲ့၊ ဒီတုတ်ကွေးရာဂါဟာ ဗိုင်းရပ်(စ်) ပိုးကြောင့်ဖြစ်ရတာမို့ Antibiotics ခေါ် ပဋိဇီဝဆေးတွေ သောက်စရာ မလိုဘူးလို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

တုတ်ကွေးကနေတဆင့် နောက်ဆက်တွဲ ရောဂါတွေ ဝင်မလာစေဘဲ အမြန်ပြန်ကောင်းအောင် ကုသရာမှာ အိမ်မှာအနားယူဖို့နဲ့ ရေများများသောက်ဖို့ အရေးကြီးပါတယ်။ တခြားကာကွယ်နိုင်ဖို့ကတော့ ဖျားနာသူတွေနဲ့ အတတ်နိုင်ဆုံး မထိတွေ့မိအောင် နေပြီး၊ ထိတွေ့ပြီးပါကလည်း လက်များဆေးကြောဖို့ အရေးကြီးပါတယ်။

ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး နဲ့ ကိုဝင်းမင်း တို့ ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG