သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ကပ်ကျန်းမာရေး (အပိုင်း - ၁)


Kidney transplant operation
Kidney transplant operation
ကျောက်ကပ်ကျန်းမာရေး (အပိုင်း - ၁)
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

ဒီနှစ် မတ်လ (၁၄) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကျောက်ကပ်နေ့ဆောင်ပုဒ်ဖြစ်တဲ့ ကျောက်ကပ်ကျန်မာရေးအတွက် အရေးကြီးတာတွေကို ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ကျောက်ကပ်ကောင်းဖို့ ကျောက်ကပ်အားနည်းစေတာတွေကို ကြိုသိရှိထားဖို့ အရေးကြီးပါတယ်။ အခုလို ကျောက်ကပ်အားနည်း ပျက်စီးစေတာတွေကတော့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေ ရှိထားပြီး သေသေချာချာ ကုသမှု မခံယူထားတာ၊ ကျောက်ကပ် ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်မှာ ကျောက်တည်တာကို မကုဘဲထားတာနဲ့ ဆီးလမ်းကြောင်း မကြာခဏ ပိုးဝင်တာတွေဖြစ်ပါတယ်။

ဒီရောဂါတွေကို စောစောစီးစီး သေသေချာချာ ကုသပေးဖို့အတွက် စောစောသိနိုင်ဖို့ အထူးအရေးကြီးပါတယ်။ ဆီးချိုနဲ့ သွေးတိုးရောဂါတွေက နာကျင်မှု မပြတာကြောင့် စောစောသိနိုင်ဖို့ ပုံမှန်ဆေးစစ်ပေးဖို့ လိုပါတယ်။ ကျောက်ကပ် ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်မှာ ကျောက်တည်တဲ့ရောဂါကလည်း အစပိုင်းမှာ နာကျင်မှု မပြတာ၊ ရံဖန်ရံခါ ခါးစနာသော်လည်း သာမန်ခါးနာတာအဖြစ် ယူဆမှားနိုင်တာမို့၊ ခါးစနာတာကို ပေ့ါပေ့ါမထားဘဲ ဆေးစစ်သင့်ပါတယ်။ ဆီးလမ်းကြောင်း မကြာခဏပိုးဝင်မှုအတွက်လည်း ဆီးပူတာ၊ ကျင်တာအပါအဝင် သက်ဆိုင်ရာလက္ခဏာတွေကို သိထားသင့်ပါတယ်။

ဒါ့အပြင် ကျောက်ကပ်အားနည်းပျက်စီးတဲ့ရောဂါ စဖြစ်လာချိန်မှာ လက္ခဏာတွေက မသိသာသေးပေမယ့် နောက်ပိုင်း တဖြည်းဖြည်းဖြစ်လာတဲ့ ဆီးနည်းလာတာ၊ ဖောရောင် (ခြေထောက်ရောင်၊ မျက်နှာဖော) လာတာ၊ ပိုဆိုးလာချိန် ပြလာတဲ့ မောကြပ်တာ၊ အလွယ်တကူ ပင်ပန်းတတ်တာတွေကို သိထားဖို့ အထူးအရေးကြီးပါတယ်။ ဒီထက် ပိုဆိုးလာလျှင်တော့ ကြွက်တက်တာ၊ သတိလစ်တာတွေ ဖြစ်လာပြီး ပြင်းထန်လွန်းတဲ့ အဆင့်ရောက်သွားတတ်ပါတယ်။

အခုလို ပြင်းထန်လွန်းတဲ့ အဆင့်မရောက်ရေးအတွက် အစပိုင်း လက္ခဏာတွေဖြစ်တဲ့ ဆီးနည်းတာနဲ့ ဖောရောင်တာတွေ ဖြစ်လာချိန်မှာ၊ အရင်းခံ ရောဂါတွေကို ကြိုတင် သိရှိပြီး၊ ဆရာဝန်ပြ ကုသဖို့ လိုပါတယ်။ ကုသရာမှာ ဆီးချိုနဲ့ သွေးတိုးရောဂါအတွက် ကျွမ်းကျင်တဲ့ ဆရာတွေနဲ့ ပြသပြီး၊ ဆေးအားလုံး မှန်မှန်သောက်ကာ၊ ဆီးချိုသွေးချိုနဲ့ သွေးပေါင်ချိန်ကို မတက်အောင် ထိန်းထားဖို့ အထူးအရေးကြီးပါတယ်။ ကျောက်ကပ်နဲ့ဆီးလမ်းကြောင်း ကျောက်တည်တာ ပိတ်တာအတွက်လည်း ခါးနာလာချိန်မှာ ကျောက်ကပ်ကို ပိုထိခိုက်စေတဲ့ အကိုက်အခဲပျောက်ဆေး ရေရှည်ဆွဲမသောက်ဘဲ ကျွမ်းကျင်ဆရာဝန်နဲ့ပြပြီး စောစောစီးစီး သေသေချာချာ ကုသဖို့လိုပါတယ်။ ဒါ့အပြင် ဆီးလမ်းကြောင်း ပိုးဝင်တာက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပို မကြာခဏ ဖြစ်တတ်ပြီး၊ ကျောက်ကပ်အသားတွေကို ဖျက်ဆီးတာကြောင့် သေသေချာချာ ပျောက်အောင် ကုသဖို့ အထူးအရေးကြီးပါတယ်။

ကာကွယ်ရေးအတွက်လည်း ဆီးချိုနဲ့သွေးတိုးရောဂါတွေ မဖြစ်ရအောင် ပုံမှန် ကိုယ်လက်လှုပ်ရှားအားကစား တစ်နေ့ အနည်းဆုံး နာရီဝက်လုပ်ပေးတာ၊ အငန်၊ အချိုနဲ့ အဆီအဆိမ့်တွေ အများကြီး မစားတာမပြင်၊ ကျောက်ကပ်မထိခိုက်သေးသူတွေအနေနဲ့ ရေသန့် တစ်နေ့ အနည်းဆုံး (၂) လီတာ (သို့မဟုတ်) ၂၀၀၀ စီစီ (ဗူးကြီး နှစ်ဗူး) သောက်ပေးတာတွေကို လုပ်ပေးသင့်ပါတယ်။ ကျောက်ကပ်ထိခိုက်ထားသူတွေမှာတော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး ရေသန့် ပမာဏကို ထိန်းညှို သောက်သင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ခွဲစိပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာကျော်မြင့် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG