အမျိုးသမီးတွေ သွေးဆုံးပြီး နှစ်အတန်ကြာလာချိန် နဲ့ နှစ်ပေါင်းများစွာကြာလာချိန်မှာ သဘာဝအလျှောက်ဖြစ်လာတဲ့ ဒီပြဿနာတွေကို ကြိုတင်သိသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။ သွေးဆုံးပြီး နှစ်အတန်ကြာမှာ အမျိုးသမီးဟော်မုန်း နည်းသွားတာကြောင့် မိန်းမကိုယ်ခန္ဓာ ခြောက်သွေ့တာနဲ့ ဆီးလမ်းကြောင်း ခြောက်သွေ့တာတွေအပြင် အခြားဘယ်လို ပြဿနာတွေ ဆက်ဖြစ်နိုင်ပါလဲ။
ဒီလိုသွေးဆုံးပြီး နှစ်အတန်ကြာ ဖြစ်လာတဲ့ ပြဿနာတွေကို ကာကွယ်ဖြေရှင်းနိုင်ဖို့ အမျိုးသမီးဟော်မုန်းဓါတ်ပါတဲ့ သောက်ဆေး၊ လိမ်းဆေးနဲ့ အခြားဆေးတွေကို ဘယ်လို စားသုံးသင့်ပါလဲ။ နောက်ပိုင်း သွေးဆုံးပြီး နှစ်များစွာကြာလာချိန်မှာတော့ အရိုးပွတာ၊ သွေးကြောကျဉ်းတာတွေကို ကြုံတွေ့ရတတ်ပါတယ်။ နောက်ထပ် ဘယ်လိုပြဿနာမျိုးတွေ ကြုံတွေ့ရနိုင်ပါလဲ။ ဒီအတွက် နေထိုင်စားသောက်ပုံ ပြောင်းလဲဖို့ အရေးကြီးပါတယ်။ ဘယ်လို ပြောင်းလဲလုပ်ကိုင်နိုင်ပါလဲ။
ဒီရောဂါဝေဒနာအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) နဲ့ ဗဟိုအမျိုးသမီးဆေးရုံ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ၊ ဌာနမှူး ဒေါက်တာမြသီတာ ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။