သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်တွင်းကာလ ကျန်းမာရေး အကြံပြုချက်


တိုက်ရိုက် လင့်ခ်


သင်္ကြန်တွင်းကာလ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို နှစ်စဉ် လူနာ (၈၀၀) လောက်ထိ အရေးပေါ်ရောက်လာတတ်ပြီး သေဆုံးမှုတချို့ ရှိတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက သတိပေးပြောဆိုကြပါတယ်။ သင်္ကြန်တွင်းကာလ အသက်သေဆုံးလောက်အောင် အများဆုံးဖြစ်စေတဲ့ အရေးပေါ် ပြဿနာတွေကတော့ ကား၊ ဆိုင်ကယ် မတော်တဆ တိုက်တာနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် ဖြစ်ပါတယ်။ ဒါတွေကြောင့် ဦးခေါင်းဒဏ်ရာရပြီး သေဆုံး ကြတာ အများဆုံးဖြစ်ပြီး၊ ဒုတိယ အများဆုံးကတော့ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ဒဏ်ရတွေပါ။

ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ ခိုက်ရန်ဖြစ်မှုတွေကနေ ကာကွယ်နိုင်ဖို့ ကား၊ ဆိုင်ကယ်တွေကို စည်းကမ်းတကျ အရက်မူပြီး မမောင်းကြဖို့နဲ့ အရက်မူးလွန်တာနဲ့ ခိုက်ရန်ဖြစ်ပွားတွေမှု မဖြစ်အောင် အစိုးရအနေနဲ့ လုံခြုံရေး ဂရုစိုက် ထိန်းသိမ်းဖို့ စီစဉ်ပေးသင့်ပါတယ်။ ဖြစ်နိုင်လျှင် ဆိုင်ကယ်နဲ့ ရေပက်ခံ မထွက်သင့်ပါ။ တကယ်လို့ ဆိုင်ကယ်နဲ့ ရေပက်ခံထွက်မယ်ဆိုလည်း ဆိုင်ကယ်စီး ဦးထုတ် ဝတ်သွားသင့်ပါတယ်။

ဦးခေါင်းနဲ့ ရင်ခေါင်း၊ ဝမ်းဗိုက် ဒဏ်ရာ ရလာခဲ့လျှင်လည်း အမြန်ဆုံး လူနာအရေးပေါ်တင်ယာဉ် ခေါ်ပြီး ဆေးရုံသွားသင့်ပါတယ်။ ဦးခေါင်းဒဏ်ရာရသူကို လူနာယာဉ်ပေါ်မတင်ခင် ရွှေ့ဖိုလိုလျှင်လည်း လူနာကို ပက်လက်အနေအထား ခေါင်းတဖက်စောင်းပြီး ငြိမ်ငြိမ်လေး သယ်သင့်ပါတယ်။ လူနာကို ခွေခေါက်ပြီး မှောက်လျှက် မသယ်သင့်ပါ။

အခြားသတိပြုစရာတွေကတော့ သင်္ကြန်အတွင်း လမ်းပေါ်က အစားအသောက်တွေ သန့်၊ မသန့် မသေချာတာကြောင့် ဝမ်းလျောနိုင်တာပါ။ ဒါကြောင့် သန့်ရှင်းတဲ့ ရေနဲ့ အစားအသောက်တွေကိုပဲ စားနိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။ ဒါ့အပြင် လက်ရှိရာသီဥတုက ပူလွန်းတာကြောင့် နေအပူဆုံးအချိန် နေ့လည် (၁၂) နာရီနဲ့ (၂) နာရီအကြား နေပူထဲ အထွက်ပဲ အရိပ်မှာ ခိုနေသင့်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေအတွက် အပူရှပ် ကယောင်ကတမ်းနဲ့ သတိလစ်တာမျိုးတွေ ဖြစ်နိုင်လို့ပါ။

ဒီအကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ခွဲစိပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ စိုးမင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG