မြန်မာနိုင်ငံမှာ အခမဲ့ထိုးပေးနေတဲ့ အမျိုးသားကာကွယ်ဆေး စီမံချက်ထဲမှာ ဒီ Pneumococcal ဘက်တီးရီးယားပိုး ကာကွယ်ဆေးကို ဇူလိုင် (၁) ရက်နေ့ စထိုးပေးပါတော့မယ်။
Pneumococcal Conjugate Vaccine လို့ခေါ်တဲ့ ဒီကာကွယ်ဆေးကို အခြား ပုံမှန်၊ အခမဲ့ ထိုးပေးနေတဲ့ ကာကွယ်ဆေးတွေနဲ့အတူ (၂) လ၊ (၄) လ၊ (၆) လ အရွယ်ကလေးတွေကို ဆေးရုံနဲ့ ကျေးလက်ကျန်းမာရေးဌာနတွေမှာ ပုံမှန်ထိုးပေးသွားမှာဖြစ်ပါတယ်။
အရင် ဈေးကြီးပေးရတဲ့ ဒီကာကွယ်ဆေးဟာ အန္တရာယ်လည်း မရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စီစစ်ထားပြီး၊ အကျိုးကျေးဇူး များစေတာမို့ မိဘတွေအနေနဲ့ မိမိကလေးတွေကို မပျက်မကွက် ဒီကာကွယ်ဆေး ထိုးမဲ့နေရာတွေကို ပို့ပေးသင့်ပါတယ်။
ဒီကာကွယ်ဆေးရဲ့ အကျိုးကျေးဇူးတွေကတော့ တစ်ကြိမ်တည်းနဲ့ မိမိကလေးတွေအတွက် အန္တရာယ်ကြီးတဲ့ ရောဂါမျိုးစုံကို ကာကွယ်ပေးနိုင်သလို၊ ဆေးဝန်ထမ်းတွေအတွက်လည်း ကာကွယ်ဆေးလာထိုးသူတွေ နောက်ပိုင်းမှာ လျော့သွားနိုင်မှုကနေ ကာကွယ်ပေးနိုင်ပြီး ထိရောက်မှုများစေပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က ကလေးအထူးကု နဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။