သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်မီဆက်သွယ်ရေးနည်းသုံး ကုထုံး ပိုမိုထိရောက်လာမှု


တိုက်ရိုက် လင့်ခ်

Telemedicine (ခေါ်) ခေတ်မီဆက်သွယ်ရေးနည်းသုံး ကုထုံးကြောင့် ယခင်မြို့ကြီးများအပြင်၊ အခုဆိုရင် ရွာကြီးတွေအထိ အရေးပေါ်အသက်ကယ်တင်မှုတွေကို လုပ်ပေးနေနိုင်ပြီလို့ အရေးပေါ် ကျန်းမာရေး ပညာရှင်တွေက ဆိုကြပါတယ်။

ယခင် ကျိုက်ထိုမြို့၊ တောင်ငူမြို့အနီး ကင်မွန်းခြုံရွာကြီးနဲ့ ပုသိမ်မြို့နဲ့ မြင်းခြံတို့မှာ စတင်ခဲ့တဲ့၊ အင်တာနက်နဲ့ ကွန်ပြူတာသုံးပြီး အဝေးမှာရှိတဲ့ လူနာကို အထူးကုတွေက မိနစ်ပိုင်းအတွင်း အပြန်အလှန်ဆက်သွယ် ရောဂါရှာဖွေ အမြန်ကုသပေးနိုင်တာကြောင့်၊ အရေးပေါ်လူနာတွေကို အသက်ကယ်တင်နိုင်တာအပြင်၊ ငွေကုန်ကျမှုပါ သက်သာသွားပြီး၊ အထူးကုတွေရဲ့ စောင့်ရှောက်ပေးမူကို ရွာတွေအဆင့်ထိ ခံယူနိုင်ပြီဖြစ်ပါတယ်။ ကင်မွန်းခြုံရွာမှာ သွေးဆိပ်တက်လူနာတစ်ဦး သေလုမျောပါးဖြစ်ပြီး၊ မြို့ဆေးရုံသွားဖို့ အချိန်မမီတော့တဲ့အချိန်မှာ ဒီခေတ်မီနည်း အဝေးရောက်ကုသမှုကြောင့် အသက်ချမ်းသာရာ ရခဲ့ပါတယ်။

ဒါ့အပြင် သာမန်ခွဲစိပ်မှု၊ ခွဲစိပ်မှုနဲ့ အခြားရေးပေါ်ကုသမှုတွေအပြီး နောက်ဆက်တွဲဆေးခန်းပြမှုတွေကိုပါ ဒီနည်းပညာသုံးပြီး ကုသပေးနိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ညောင်လေးပင်နဲ့ ပဲခူးတိုင်းအတွင်းက မြို့တချို့၊ စစ်ကိုင်းတိုင်းက ကလေးမြို့နောက် တခြားနေရာတွေမှာလည်း ဒီကုသနည်းနဲ့ တိုးချဲ့ဆောင်ရွက်မှုတွေ ရှိနေပြီး၊ မကြာခင် မွန်ပြည်နယ်နဲ့ အခြားဒေသတွေမှာ ထပ်မံတိုးချဲ့ လုပ်ဆောင်ပေးဖို့ ရှိနေပါတယ်။ အထူးကုတွေထိုင်တဲ့ ဗဟိုဌာနကိုလည်း ရန်ကုန်က ပါရမီဆေးရုံ (၁၂) ထပ်မှာ ဖွင့်ထားတာမို့၊ ထပ်မံတိုးချဲ.ဆောင်ရွက်လိုသူတွေ ဆက်သွယ်နိုင်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနိုင်အောင် အရိုးအထူးကု ခွဲစိတ်ဆရာဝန်ကြီး၊ အငြိမ်းစားပါမောက္ခ ဒေါက်တာ ကျော်မြင့်နိုင် ကို ကိုဝင်းမင်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG