သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခါးကိုက်ခါးနာခြင်း (အပိုင်း-၂)


ခါးကိုက်ခါးနာခြင်း
ခါးကိုက်ခါးနာခြင်း
ခါးကိုက်ခါးနာခြင်း (အပိုင်း-၂)
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

သက်ကြီးရွယ်အိုများ ခါးကိုက်ခါးနာတာကို ကာကွယ်နိုင်ပြီး၊ ခါးကိုက်ခါးနာတာ ရက်ရှည်ကြာလာလျှင်တော့ ပေါ့ပေါ့မထားဘဲ အရိုးအကြော အထူးကုတွေနဲ့ ပြသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

အသက်ကြီးချိန် ခါးကိုက်ခါးနာ ဖြစ်ရခြင်းက ခါးကို အသုံးများဒဏ်ပိကာ၊ ကြီးပေါင်းတက်တာနဲ့ အရိုးပွတာအပါအဝင် ခါးရိုးဆစ်နဲ့ အာရုံကြောတွေပါ ထိခိုက်လာလို့ပါ။ ကာကွယ်နိုင်ဖို့အတွက် ငယ်စဉ်ကတည်းက နေပုံထိုင်ပုံ စနစ်တကျရှိပြီး ကိုယ်လက်လှုပ်ရှား ကြွက်သားလေ့ကျင့်ခန်းနဲ့ ကြွက်သားဖြေလျော့ပေးတာတွေလုပ်ကာ ခါးကို ဒဏ်မပိအောင် တောက်လျှောက်ထိန်းသိမ်းလာတာအပြင်၊ အသက်ကြီးလာချိန်မှာလည်း ပိုဆင်ခြင်နေထိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် အသက်ကြီးလာချိန်မှာ အရိုးပွတာကနေ ကာကွယ်တဲ့ ဆေးတွေသောက်တာနဲ့ ကယ်ဆီယံပါတဲ့ အာဟာရတွေ ပြည့်ဝအောင် ပိုစားပေးသင့်ပါတယ်။ ကာကွယ်တဲ့ကြားက ခါးကိုက်ခါးနာ ဖြစ်လာလျှင်လည်း စောစောသတိပြုမိကာ၊ စနစ်တကျ ပြောင်းနေထိုင်ပြီး၊ လေ့ကျင့်ခန်းလုပ်၊ ဆေးသောက်ပေးလျှင် ဆိုးဆိုးဝါးဝါး ဆက်မဖြစ်လာနိုင်ပါဘူး။ ဒါပေမဲ့ အခုလို မလုပ်ဆောင်လျှင်တော့ ဆိုးဆိုးဝါဝါးဖြစ်လာပြီး နောက်ဆုံး ခွဲစိပ်ရတဲ့အဆင့်ကို ရောက်သွားနိုင်ပါတယ်။

ကုသရာမှာ လှုပ်ရှားမူကြောင့် သာမန်ခါးကိုက်တာနဲ့ ရောဂါအခံကြောင့် ရက်သတ္တပတ်ကျော်ကြာ ခါးကိုက်ခါးနာတာတွေကို ခွဲခြားနိုင်ဖို့ လိုပါတယ်။ သာမန် ခါးကိုက်ခါးနာတာအတွက်က ငြိမ်ငြိမ်အနားယူပြီး၊ နေပုံထိုင်ပုံ ရှောင်သင့်တာရှောင်ကာ၊ သာမန်အကိုက်အခဲပျောက်ဆေး (ဥပမာ၊ ပါရာစီတမော) သောက်လိုက်လျှင် (၃) ရက်မှ (၅) ရက်အတွင်း သက်သာသွားလေ့ရှိပါတယ်။ ဒါပေမဲ့ အခုလို အနားယူ၊ ဆင်ခြင်နေထိုင်ကာ၊ သာမန်အကိုက်အခဲ ပျောက်ဆေးသောက်တာနဲ့ မပျောက်ဘဲ၊ ရက်သတ္တပတ်ကျော် ဆက်ပြီး ခါးကိုက်ခါးနာဖြစ်နေလျှင်၊ ပြင်းထန်တဲ့ ခါးရိုးတီဘီ၊ ခါးရိုးဆစ်ကြားပိုးဝင်တာနဲ့ ကင်ဆာရောဂါပြန့်တာ စတာတွေ ဖြစ်နိုင်တာအပြင်၊ ကျောက်ကပ်ကျောက်တည်တာ၊ သားအိမ်ကင်ဆာဖြစ်တာနဲ့ ခါးရိုးအာရုံကြောပိတာတွေနဲ့ မှားနိုင်တာကြောင့်၊ ဓာတ်မှန်တွေရိုက်ကာ အသေအချာ ခွဲခြားကုသဖို့ လိုလာတာမို့၊ ပေါ့ပေါ့မထားဘဲ အရိုး၊အကြောအထူးကုတွေနဲ့ ပြသဖို့ လိုလာပါတယ်။ ဒါ့အပြင် ခါးကိုက်ခါးနာတာနဲ့တွဲပြီး ပေါင်ကြွက်သားတွေနာတာ၊ လမ်းမလျှောက်နိုင်တာနဲ့ ထုံတာကျင်တာတွေ ဖြစ်လာလျှင်လည်း ဒီအထူးကုတွေနဲ့ ပြသသင့်ပါတယ်။

ပိုအရေးတကြီး အမြန်ပြဖို့လိုတာက၊ ခါးကိုက်ခါးနာတာနဲ့တွဲပြီး၊ ခြေထောက်တွေမှာ အကြာတက်ပြီးထိုးထာ၊ ခြေထောက်ဘယ်ညာနှစ်ဖက်လုံး လမ်းမလျှောက်နိုင်အောင် ပြင်းပြင်းထန်ထန် နာကျင်တာ၊ ပေါင်ကြားထဲ ထုံကျင်လာတာ၊ ဆီးနဲ့ဝမ်းသွားတာ ထူးခြားလာတာတွေ ဖြစ်လာလျှင်တော့၊ နောက်ကြောအာရုံကြောအပေါ် ဖိမိတာဖြစ်နိုင်တာမို့၊ အချိန်မီ ခွဲစိပ်ကုသမူခံယူဖို့ အမြန်ဆုံး ဆေးရုံပြသင့်ပါတယ်။ အကြောင်းက ဒီအခြေအနေမှာ (၂၄) နာရီအတွင်း အချိန်မီ မခွဲစိပ်နိုင်လျှင် အောက်ပိုင်းသေကာ၊ ဆီးနဲ့ဝမ်းပါ မသွားနိုင်တဲ့ အခြေအနေ ရောက်သွားနိုင်လို့ပါ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အရိုးနဲ့ အရေးပေါ်အထူးကု၊ ပါမောက္ခ ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG