သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေသြးလြန္တုပ္ေကြးေၾကာင့္ အသက္မဆုံး႐ူံးေရး


ျမန္မာႏိုင္ငံမွာ ဒီႏွစ္အတြင္း ေသြးလြန္တုပ္ေကြး ျပင္းထန္ႏိုင္ေျခ ရွိေနခ်ိန္မွာ၊ အသက္အႏၲရာယ္ရွိတဲ့ ျပင္းထန္အဆင့္ မေရာက္ခင္ ႀကိဳတင္သတိျပဳမိဖို႔ အေရးႀကီးတယ္လို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေျပာဆိုပါတယ္။

ေသြးလြန္တုပ္ေကြး ျဖစ္လာခ်ိန္မွာ ျပင္းထန္အဆင့္ ေရာက္လာတာကို ႀကိဳသတိျပဳၿပီး၊ အခ်ိန္မီ ေဆး႐ုံေဆးခန္းျပႏိုင္လွ်င္ အသက္မဆုံး႐ူံးေအာင္ ကာကြယ္ႏိုင္ပါတယ္။ အဓိက သတိျပဳမိရမွာက ေသြးလြန္တုပ္ေကြး ေထာင္ေျခာက္လို႔ တင္စားတဲ့ အရင္အဖ်ားႀကီးခဲ့တာကေန အဖ်ားျပန္က်လာခ်ိန္မွာ ေသြးလန႔္တာျဖစ္ႏိုင္တဲ့ ထူးျခားတာကိုပါ။ အခုလို ထူးျခားတဲ့ အဖ်ားက်တာက၊ ေသြးလြန္တုပ္ေကြးျဖစ္ၿပီး (၃) ရက္ကေန (၅) ရက္အတြင္း ျဖစ္ေလ့ရွိကာ၊ အဖ်ားက်ခ်ိန္မွာ လူနာက ျပန္လန္းဆန္းလာရမဲ့အစား၊ ပိုႏုံးခ်ိလာတာ၊ ပ်ိဳ႕အန္တာ၊ ဗိုက္နာတာေတြ ျဖစ္လာတာပါ။ ဒီထူးျခားျပင္းထန္တဲ့ လကၡဏာေတြကို သတိမျပဳမိပါက အဖ်ားျပန္က်လာတာေၾကာင့္ ျပန္ေကာင္းလာၿပီလို႔ မွားယြင္းယူဆမိမွာကို အထူးစိုးရိမ္ရပါတယ္။

အခုလို ေသြးလြန္တုပ္ေကြး ျပင္းထန္လကၡဏာေတြ ျဖစ္ရတာက ေသြးေၾကာေတြေရာင္တာေၾကာင့္ အထဲက ေသြးရည္ၾကည္ေတြ စိမ့္ထြက္သြားၿပီး ေသြးေပါင္ခ်ိန္က်ကာ ေသြးလည္ပတ္မူ မေကာင္းေတာ့တာေၾကာင့္ပါ။ ကေလးေတြမွာဆိုလွ်င္လည္း အခုလို အဖ်ားက်ခ်ိန္ ျပန္လန္းၿပီး ေဆာ့ကစားႏိုင္ရမဲ့အစား၊ ေဆာ့ကစားတာမရွိဘဲ ပိုမွိန္းလာတာ၊ ပိုမလန္းဆန္းေတာ့တာ၊ တခ်ိန္လုံးအိပ္ေနတာ၊ ဗိုက္နာတာ၊ ေအာ့အန္တာ၊ အီတာ၊ အစာမစားတာ၊ ငိုယိုတာေတြ ျဖစ္လာလွ်င္၊ ႀကိဳသတိျပဳ ေဆး႐ုံတင္ဖို႔ လိုပါၿပီ။ အေၾကာင္းက မၾကာခင္မွာ ေျခလက္ေအးစက္လာတာ၊ ကေယာင္ကတန္းေတြျဖစ္တာ၊ ေသြးခုန္ႏႈန္းပါ စမ္းမရေတာ့တာေတြျဖစ္ကာ ေသြးလန႔္တဲ့အဆင့္ေရာက္ၿပီး အသက္အႏၲရာယ္ ႀကီးသြားတတ္လို႔ပါ။

ေသြးလြန္တုပ္ေကြး ျပင္းထန္လာတာကိုလည္း စစ္ႏိုင္တဲ့ နည္းေတြလည္း ရွိပါတယ္။ တစ္ခုကေတာ့ ေသြးေပါင္ခ်ိန္ တိုင္းတာပါ။ အစပိုင္းထဲက ေသြးလြန္တုပ္ေကြး သံသယ လကၡဏာေတြ (အဖ်ားႀကီးတာ၊ အလြန္မွိန္းတာ၊ အစားအေသာက္ပ်က္တာ၊ ကိုက္ခဲတာ၊ ပ်ဳိ ႔အန္တာ၊ ဗိုက္နာတာ၊ အေရျပား အဖုအပိန႔္ထြက္တာေတြ) သတိျပဳမိၿပီး၊ ေသခ်ာေအာင္ စစ္ေဆးႏိုင္တဲ့ Hess Test လို႔ ေခၚတဲ့နည္လည္းး ရွိပါတယ္။ ဒီနည္းက ေသြးေပါင္ခ်ိန္တိုင္းကရိယားနဲ႔ အေပၚေသြးစမ္းမိခ်ိန္နဲ႔ ေအာက္ေသြးစမ္းမိခ်ိန္အၾကား (၅) မိနစ္ကြာေအာင္ ညႇစ္ၿပီးထိန္းထားရာကေန ျပန္လႊတ္ေပးလိုက္ခ်ိန္မွာ၊ လက္ဖ်ံမွာ အစက္ေလးေတြ ေပၚလာတာကို ေစာင့္ၾကည့္တာပါ။ လက္ဖ်ံက တစ္လက္မပတ္လည္းမွာ အနီစက္ (၁၀) စက္ေက်ာ္လာလွ်င္ေတာ့ ေသြးလြန္တုပ္ေကြး ျဖစ္တာကို ျပပါတယ္။ ဒါ့အျပင္ အသက္အႏၲရာယ္ရွိတဲ့ ေသြးလန႔္တာ ျဖစ္ခါနီးခ်ိန္အတြက္လည္း ေဆး႐ုံေဆးခန္းေတြမွာ ေသြးပ်စ္ႏႈန္း (PCV/ HCT) တက္တာအပါအဝင္ ေသြးေဖာက္စစ္ႏိုင္တဲ့ နည္းလမ္းေတြရွိပါတယ္။

တခ်ိန္ထဲမွာ ႀကိဳတင္ ေဆး႐ုံတင္ထားသင့္တဲ့ ေနာက္ထပ္ ေသြးလြန္တုပ္ေကြး အႏၲရာယ္ လကၡဏာေတြကိုလည္း ႀကိဳသိထားသင့္ပါတယ္။ ဒီလကၡဏာေတြကေတာ့ ႏွာေခါင္းေသြးလွ်ံတာ၊ ေကာ္ဖီႏွစ္ေရာင္အန္တာ၊ ဆက္တိုက္အန္တာ၊ ဝမ္းဗိုက္ညာဖက္အေပၚပိုင္း အလြန္နာလာတာေတြပါ။ ေဆး႐ုံေဆးခန္းမွာ ဓာတ္မွန္ (Ultrasound) ႐ိုက္ၾကည့္ပါကလည္း ဝမ္းဗိုက္နဲ႔ အဆုပ္နားတဝိုက္ ေရစုလာတာ၊ ေသြးေဖာက္စစ္ၾကည့္လွ်င္လည္း ေသြးျဖဴဥစ က်လာတာ၊ ေသြးျဖဴဥမႊား (Platelets) ဆက္က်လာတာ၊ ေသြးပ်စ္ႏႈန္းတက္လာတာ စတာေတြကို ေတြ႔ႏိုင္ပါတယ္။ ဒီအဆင့္မွာေတာ့ (၂၄) နာရီ ေစာင့္ၾကည့္ႏိုင္တဲ့ ေဆး႐ုံမ်ိဳး တင္ထားၿပီး၊ အေၾကာေဆးသြင္းထားကာ ေသြးေပါင္ခ်ိန္ အၿမဲနီးပါး တိုင္းေနဖို႔ အေရးႀကီးလာပါတယ္။ အေၾကာင္းက ဒီအဆင့္မွာ အခ်ိန္မေ႐ြး ေျခလက္ေအးစက္လာၿပီး ကေယာင္ကတန္းျဖစ္တဲ့ ေသြးလန႔္တဲ့အဆင့္ ေရာက္သြားႏိုင္လို႔ပါ။

ဒါ့အျပင္ အထက္ပါ အႏၲရာယ္လကၡဏာေတြ မရွိေပမဲ့လည္း ေသြးလြန္တုပ္ေကြးျဖစ္တာ ေသခ်ာလွ်င္ ေဆး႐ုံတင္ထားသင့္တဲ့ ကေလးေတြလည္း ရွိပါတယ္။ သူတို႔ကေတာ အေၾကာေဆးသြင္းဖို႔ ေသြးေၾကာကို ခ်က္ခ်င္းရွာရခက္ႏိုင္တဲ့ စစ္ေဆးရခက္ႏိုင္တဲ့ တစ္ႏွစ္ေအာက္ ကေလးေတြ၊ အဝလြန္တဲ့ ကေလးေတြ၊ ေနာက္ နဂိုေရာဂါအခံ (ဥပမာ ေမြးရာပါ ေသြးအားနည္းေရာဂါ၊ နာတာရွည္ ေက်ာက္ကပ္ေရာဂါ) ေတြ ရွိထားတဲ့ ကေလးေတြနဲ႔၊ ညပိုင္းမွာ (၂၄) နာရီ ေစာင့္ၾကည့္ႏိုင္တဲ့ ေဆး႐ုံကို အျမန္သြားဖို႔ ခက္ခဲတဲ့ေနရာ၊ ေဝးလြန္းတဲ့ေနရာမွာ ရွိေနတဲ့ ကေလးေတြပါ။

ဒီအေၾကာင္းပိုမုိသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက ကေလအထူးကုနဲ႔ ေဆးတကၠသိုလ္ (၁) ကေလးက်န္းမာ၊ ပညာဌာန အၿငိမ္းစားဌာနမႉး ပါေမာကၡ ေဒါက္တာေစာဝင္း ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

== Unicode ===

မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း သွေးလွန်တုပ်ကွေး ပြင်းထန်နိုင်ခြေ ရှိနေချိန်မှာ၊ အသက်အန္တရာယ်ရှိတဲ့ ပြင်းထန်အဆင့် မရောက်ခင် ကြိုတင်သတိပြုမိဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

သွေးလွန်တုပ်ကွေး ဖြစ်လာချိန်မှာ ပြင်းထန်အဆင့် ရောက်လာတာကို ကြိုသတိပြုပြီး၊ အချိန်မီ ဆေးရုံဆေးခန်းပြနိုင်လျှင် အသက်မဆုံးရူံးအောင် ကာကွယ်နိုင်ပါတယ်။ အဓိက သတိပြုမိရမှာက သွေးလွန်တုပ်ကွေး ထောင်ခြောက်လို့ တင်စားတဲ့ အရင်အဖျားကြီးခဲ့တာကနေ အဖျားပြန်ကျလာချိန်မှာ သွေးလန့်တာဖြစ်နိုင်တဲ့ ထူးခြားတာကိုပါ။ အခုလို ထူးခြားတဲ့ အဖျားကျတာက၊ သွေးလွန်တုပ်ကွေးဖြစ်ပြီး (၃) ရက်ကနေ (၅) ရက်အတွင်း ဖြစ်လေ့ရှိကာ၊ အဖျားကျချိန်မှာ လူနာက ပြန်လန်းဆန်းလာရမဲ့အစား၊ ပိုနုံးချိလာတာ၊ ပျို့အန်တာ၊ ဗိုက်နာတာတွေ ဖြစ်လာတာပါ။ ဒီထူးခြားပြင်းထန်တဲ့ လက္ခဏာတွေကို သတိမပြုမိပါက အဖျားပြန်ကျလာတာကြောင့် ပြန်ကောင်းလာပြီလို့ မှားယွင်းယူဆမိမှာကို အထူးစိုးရိမ်ရပါတယ်။

အခုလို သွေးလွန်တုပ်ကွေး ပြင်းထန်လက္ခဏာတွေ ဖြစ်ရတာက သွေးကြောတွေရောင်တာကြောင့် အထဲက သွေးရည်ကြည်တွေ စိမ့်ထွက်သွားပြီး သွေးပေါင်ချိန်ကျကာ သွေးလည်ပတ်မူ မကောင်းတော့တာကြောင့်ပါ။ ကလေးတွေမှာဆိုလျှင်လည်း အခုလို အဖျားကျချိန် ပြန်လန်းပြီး ဆော့ကစားနိုင်ရမဲ့အစား၊ ဆော့ကစားတာမရှိဘဲ ပိုမှိန်းလာတာ၊ ပိုမလန်းဆန်းတော့တာ၊ တချိန်လုံးအိပ်နေတာ၊ ဗိုက်နာတာ၊ အော့အန်တာ၊ အီတာ၊ အစာမစားတာ၊ ငိုယိုတာတွေ ဖြစ်လာလျှင်၊ ကြိုသတိပြု ဆေးရုံတင်ဖို့ လိုပါပြီ။ အကြောင်းက မကြာခင်မှာ ခြေလက်အေးစက်လာတာ၊ ကယောင်ကတန်းတွေဖြစ်တာ၊ သွေးခုန်နှုန်းပါ စမ်းမရတော့တာတွေဖြစ်ကာ သွေးလန့်တဲ့အဆင့်ရောက်ပြီး အသက်အန္တရာယ် ကြီးသွားတတ်လို့ပါ။

သွေးလွန်တုပ်ကွေး ပြင်းထန်လာတာကိုလည်း စစ်နိုင်တဲ့ နည်းတွေလည်း ရှိပါတယ်။ တစ်ခုကတော့ သွေးပေါင်ချိန် တိုင်းတာပါ။ အစပိုင်းထဲက သွေးလွန်တုပ်ကွေး သံသယ လက္ခဏာတွေ (အဖျားကြီးတာ၊ အလွန်မှိန်းတာ၊ အစားအသောက်ပျက်တာ၊ ကိုက်ခဲတာ၊ ပျို့အန်တာ၊ ဗိုက်နာတာ၊ အရေပြား အဖုအပိန့်ထွက်တာတွေ) သတိပြုမိပြီး၊ သေချာအောင် စစ်ဆေးနိုင်တဲ့ Hess Test လို့ ခေါ်တဲ့နည်လည်းး ရှိပါတယ်။ ဒီနည်းက သွေးပေါင်ချိန်တိုင်းကရိယားနဲ့ အပေါ်သွေးစမ်းမိချိန်နဲ့ အောက်သွေးစမ်းမိချိန်အကြား (၅) မိနစ်ကွာအောင် ညှစ်ပြီးထိန်းထားရာကနေ ပြန်လွှတ်ပေးလိုက်ချိန်မှာ၊ လက်ဖျံမှာ အစက်လေးတွေ ပေါ်လာတာကို စောင့်ကြည့်တာပါ။ လက်ဖျံက တစ်လက်မပတ်လည်းမှာ အနီစက် (၁၀) စက်ကျော်လာလျှင်တော့ သွေးလွန်တုပ်ကွေး ဖြစ်တာကို ပြပါတယ်။ ဒါ့အပြင် အသက်အန္တရာယ်ရှိတဲ့ သွေးလန့်တာ ဖြစ်ခါနီးချိန်အတွက်လည်း ဆေးရုံဆေးခန်းတွေမှာ သွေးပျစ်နှုန်း (PCV/ HCT) တက်တာအပါအဝင် သွေးဖောက်စစ်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။

တချိန်ထဲမှာ ကြိုတင် ဆေးရုံတင်ထားသင့်တဲ့ နောက်ထပ် သွေးလွန်တုပ်ကွေး အန္တရာယ် လက္ခဏာတွေကိုလည်း ကြိုသိထားသင့်ပါတယ်။ ဒီလက္ခဏာတွေကတော့ နှာခေါင်းသွေးလျှံတာ၊ ကော်ဖီနှစ်ရောင်အန်တာ၊ ဆက်တိုက်အန်တာ၊ ဝမ်းဗိုက်ညာဖက်အပေါ်ပိုင်း အလွန်နာလာတာတွေပါ။ ဆေးရုံဆေးခန်းမှာ ဓာတ်မှန် (Ultrasound) ရိုက်ကြည့်ပါကလည်း ဝမ်းဗိုက်နဲ့ အဆုပ်နားတဝိုက် ရေစုလာတာ၊ သွေးဖောက်စစ်ကြည့်လျှင်လည်း သွေးဖြူဥစ ကျလာတာ၊ သွေးဖြူဥမွှား (Platelets) ဆက်ကျလာတာ၊ သွေးပျစ်နှုန်းတက်လာတာ စတာတွေကို တွေ့နိုင်ပါတယ်။ ဒီအဆင့်မှာတော့ (၂၄) နာရီ စောင့်ကြည့်နိုင်တဲ့ ဆေးရုံမျိုး တင်ထားပြီး၊ အကြောဆေးသွင်းထားကာ သွေးပေါင်ချိန် အမြဲနီးပါး တိုင်းနေဖို့ အရေးကြီးလာပါတယ်။ အကြောင်းက ဒီအဆင့်မှာ အချိန်မရွေး ခြေလက်အေးစက်လာပြီး ကယောင်ကတန်းဖြစ်တဲ့ သွေးလန့်တဲ့အဆင့် ရောက်သွားနိုင်လို့ပါ။

ဒါ့အပြင် အထက်ပါ အန္တရာယ်လက္ခဏာတွေ မရှိပေမဲ့လည်း သွေးလွန်တုပ်ကွေးဖြစ်တာ သေချာလျှင် ဆေးရုံတင်ထားသင့်တဲ့ ကလေးတွေလည်း ရှိပါတယ်။ သူတို့ကတော အကြောဆေးသွင်းဖို့ သွေးကြောကို ချက်ချင်းရှာရခက်နိုင်တဲ့ စစ်ဆေးရခက်နိုင်တဲ့ တစ်နှစ်အောက် ကလေးတွေ၊ အဝလွန်တဲ့ ကလေးတွေ၊ နောက် နဂိုရောဂါအခံ (ဥပမာ မွေးရာပါ သွေးအားနည်းရောဂါ၊ နာတာရှည် ကျောက်ကပ်ရောဂါ) တွေ ရှိထားတဲ့ ကလေးတွေနဲ့၊ ညပိုင်းမှာ (၂၄) နာရီ စောင့်ကြည့်နိုင်တဲ့ ဆေးရုံကို အမြန်သွားဖို့ ခက်ခဲတဲ့နေရာ၊ ဝေးလွန်းတဲ့နေရာမှာ ရှိနေတဲ့ ကလေးတွေပါ။

ဒီအကြောင်းပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကလေအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစားဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG