သံုးရလြယ္ကူေစသည့္ Link မ်ား

အာဟာရျပည့္ဝစာရ႐ွိေရး စီမံသင့္ပုံ


Former First Lady Michelle Obama, center, encourages a youngster with a pitchfork as they harvest vegetables in the White House Kitchen Garden on October 6, 2016.
ျမန္မာႏိုင္ငံမွာ က်န္းမာေရးနဲ႔ သင့္ေတာ္မဲ့ အာဟာရျပည့္ဝစာကို ေငြကုန္ေၾကးက် အနည္းငယ္နဲ႔ တပိုင္တႏိုင္ ႐ွာေဖြစိုက္ပ်ိဳးႏိုင္တယ္လို႔ အာဟာရပညာ႐ွင္ေတြက အၾကံျပဳၾကပါတယ္။

ျမန္မာႏိုင္ငံမွာ သဘာဝအေလ်ာက္ေပါက္တဲ့ အပင္ေတြကို ႐ွာေဖြတာ (သို႔မဟုတ္) အိမ္ထဲဝန္းက်င္ ေျမအနည္းငယ္႐ွိရာမွာ စိုက္ပ်ိဳးျခင္းနဲ႔ အာဟာရ႐ွိတဲ့ ဟင္းသီးဟင္း႐ြက္တခ်ဳိ ႔ကို ရႏိုင္တယ္လို႔ အာဟာရ ပညာ႐ွင္ေတြက ေျပာပါတယ္။ ဥပမာအားျဖင့္ ျမန္မာႏိုင္ငံမွာ အေလ့က်ေပါက္တဲ့ မဲဇလီပင္အ႐ြက္မွာ သံဓာတ္ အမ်ားႀကီးပါဝင္ပါတယ္။ အမ်ားအားျဖင့္ မဲဇလီအဖူးကို ျမန္မာ့႐ိုးရာ သုတ္စားတာမ်ားေပမဲ့၊ မဲဇလီ႐ြက္ကိုေတာ့ ၁၂ မ်ိဳးဟင္းခ်ိဳခ်က္တာကလြဲလို႔ သိပ္မစားၾကပါဘူး။ သံဓာတ္ခ်ဳိ ႔တဲ့မႈ ျမန္မာႏိုင္ငံထဲမ်ားလာၿပီး၊ အထူးသျဖင့္ ကိုယ္ဝန္ေဆာင္နဲ႔ ႏို႔တိုက္မိခင္ေတြ၊ ကေလးေတြမွာလည္း အဓိက ေတြ႔လာရခ်ိန္မွာ၊ မဲဇလီ႐ြက္ကို အနည္းငယ္စား႐ုံမွ်ျဖင့္ သံဓာတ္အမ်ားႀကီး ရႏိုင္တာကို ေတြ႔႐ွိထားပါတယ္။

ဒါ့အျပင္ ဆူးပုပ္႐ြက္မွာလည္း သံဓာတ္အမ်ားႀကီး ပါဝင္ပါတယ္။ ဆူးပုပ္႐ြက္ကေတာ့ အေလ့က် မေပါက္တာမို႔၊ စိုက္ယူဖို႔ေတာ့ လိုပါတယ္။ ဒါေပမဲ့ နယ္ေဒသေတြ ႐ြာေတြမွာ အိမ္ေ႐ွ ႔နဲ႔ အေနာက္ ေျမအနည္းငယ္႐ွိလွ်င္ ဆူးပုပ္ပင္ စိုက္ႏိုင္ပါတယ္။ အထူးသျဖင့္ ေရခ်ိဳးရာ ေျမေနရာနားမွာ ကပ္စိုက္ထားျခင္းျဖင့္ ေရလည္း အလြယ္တကူရ ႐ွင္သန္လြယ္ပါတယ္။ ဆူးပုတ္အျပင္ ကင္ပြန္းခ်ဥ္၊ ခ်ဥ္ေပါင္၊ ခရမ္းသီး၊ ႐ုံးပေတသီး၊ သေဘၤာသီး၊ ပဲေစာင္းလ်ားသီး၊ င႐ုတ္သီးစိမ္း စတဲ့အပင္ေတြနဲ႔ နႏြင္းတက္ စတာေတြ အလားတူ စိုက္ႏိုင္ပါတယ္။ အၫြန္႔ေတြ တက္စရာအပါအဝင္ ေနရာပို႐ွိလွ်င္ေတာ့ ဗူးပင္၊ ဖယုံပင္၊ သခြားသီးပင္၊ ပေလာပီနံပင္ စတာေတြပါ စိုက္ႏိုင္ပါတယ္။

ၿမိဳ ႔ႀကီးေတြမွာေတာ့ ေျမေနရာရဖို႔ အမ်ားစုမွာ ခက္ခဲႏိုင္ေပမဲ့၊ တိုက္ခန္းထဲ အိမ္ထဲေတြမွာလည္း ေရခ်ိဳးခန္း၊ မီးဖိုေခ်ာင္၊ အိမ္ေ႐ွ. ဝရန္တာေတြမွာ အိုးနဲ႔ စိုက္ႏိုင္ပါတယ္။ အိမ္ထဲမွာေတာ့ အထက္ပါ ဟင္းသီးဟင္း႐ြက္မ်ိဳး စိုက္ရခက္ေပမဲ့၊ အာဟာရ႐ွိတဲ့ ဟင္းခတ္စရာတခ်ဳိ ႔ကို စိုက္ႏိုင္ပါတယ္။ ဥပမာ နံနံပင္၊ ပင္စိမ္း (Basil)၊ ပူစီနံ စတာမ်ိဳးေတြကို အိမ္ထဲမွာ အိုးနဲ႔ တတ္ႏိုင္သေလာက္ စိုက္ႏိုင္ပါတယ္။ အိမ္ထဲ ေရခ်ိဳးခန္းကေရနဲ႔ မီးဖိုေခ်ာင္ ပန္းကန္ေဆးစြန္႔ပစ္တဲ့ေရေတြကေန ပိုးကင္းေစၿပီး သတၱဳဓာတ္ပါႏိုင္တဲ့ ေရေတြကို အလိုအေလ်ာက္ ရႏိုင္ပါတယ္။ ဒါ့အျပင္ တခ်ဳိ ႔အတြက္ အိမ္ေ႐ွ ႔နဲ႔ အိမ္ေနာက္မွာ ေျမအနည္းငယ္႐ွိလွ်င္ေတာ့ စပါးလင္နဲ႔ ဂ်င္းပင္လိုမ်ိဳးလည္း စိုက္ႏိုင္ပါေသးတယ္။ တခ်ိန္ထဲမွာ ျမန္မာႏိုင္ငံမွာ ေစ်းသိပ္မႀကီးတဲ့ ပဲျပဳတ္နဲ႔ ပဲမ်ိဳးစုံကလည္း အာဟာရေတြ အမ်ားႀကီး ရႏိုင္ပါတယ္။

ၿမိဳ.ေနတခ်ဳိ ႔ကေတာ့ ေငြေၾကးတတ္ႏိုင္ေပမဲ့ အခုေနာက္ပိုင္း ဓာတုပိုးသတ္ေဆး အသုံးမ်ားတာစိုးရိမ္ၿပီး ဟင္းသီးဟင္း႐ြက္တခ်ဳိ ႔ကို ဝယ္မစားဘဲ ေ႐ွာင္က်ဥ္လာတာအတြက္ေတာ့ အာဟာရထိခိုက္ႏိုင္တာမို႔၊ အႏၲရာယ္ကင္းတာ ရႏိုင္ေအာင္ ႐ွာႀကံသင့္ပါတယ္။ တနည္းကေတာ့ အခုေနာက္ပိုင္း ႏိုင္ငံတကာမွာ ေခတ္စားလာတဲ့ စိုက္ပ်ိဳးသူေတြကို အရင္းအႏွီး ႀကိဳတင္စိုက္ထုတ္ေပးၿပီး ၿမိဳ ႔ဆင္ေျခဖုန္း ေျမေနရာ႐ွိရာမွာ ဓာတုပိုးသတ္ေဆး မသုံးဘဲ၊ သဘာဝအတိုင္း စိုက္ယူကာ၊ တစ္ပတ္တႀကိမ္ အႏၲရာယ္ကင္း လတ္ဆတ္ အာဟာရျပည့္တဲ့ ဟင္းသီးဟင္း႐ြက္ေတြ ပို႔ေပးတာပါ။ အေမရိကန္မွာ အခုလို Community-Supported Agriculture စနစ္မ်ိဳး က်င့္သုံးလာခဲ့တာကို တျခားအာ႐ွႏိုင္ငံေတြကိုလည္း ျဖန္႔ျဖဴးေပးလာတာေၾကာင့္၊ ဥပမာ ဖီလစ္ပိုင္က ၿမိဳ ႔ေနလူတန္းစားတခ်ဳိ ႔ဆိုလွ်င္ အခုလို ေငြႀကိဳစုေပးၿပီးစိုက္တာမ်ိဳး က်င့္သုံးလာၾကပါၿပီ။ အခုလို လတ္ဆတ္အာဟာရျပည့္ဝစာေတြ စီမံစားသုံးခ်င္းျဖင့္ ေငြတခ်ဳိ ႔ကုန္က်ႏိုင္ေပမဲ့၊ ေရာဂါေတြ ျဖစ္လာမွ ေငြကုန္ေက်းက်မ်ားရတာထက္ေတာ့ အမ်ားႀကီး ပိုေကာင္းႏိုင္ပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွႏိုင္ဖို႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Cornell တကၠသိုလ္က အျပည္ျပည္ဆိုင္ရာ အစာအာဟာရဆိုင္ရာ ပါေမာကၡ ေဒါက္တာခင္မာခ်ိဳ ကို ဆက္သြယ္ေမးျမန္း တင္ျပလိုက္ပါတယ္။

==== Unicode ====

မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ သင့်တော်မဲ့ အာဟာရပြည့်ဝစာကို ငွေကုန်ကြေးကျ အနည်းငယ်နဲ့ တပိုင်တနိုင် ရှာဖွေစိုက်ပျိုးနိုင်တယ်လို့ အာဟာရပညာရှင်တွေက အကြံပြုကြပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝအလျောက်ပေါက်တဲ့ အပင်တွေကို ရှာဖွေတာ (သို့မဟုတ်) အိမ်ထဲဝန်းကျင် မြေအနည်းငယ်ရှိရာမှာ စိုက်ပျိုးခြင်းနဲ့ အာဟာရရှိတဲ့ ဟင်းသီးဟင်းရွက်တချို့ကို ရနိုင်တယ်လို့ အာဟာရ ပညာရှင်တွေက ပြောပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ အလေ့ကျပေါက်တဲ့ မဲဇလီပင်အရွက်မှာ သံဓာတ် အများကြီးပါဝင်ပါတယ်။ အများအားဖြင့် မဲဇလီအဖူးကို မြန်မာ့ရိုးရာ သုတ်စားတာများပေမဲ့၊ မဲဇလီရွက်ကိုတော့ ၁၂ မျိုးဟင်းချိုချက်တာကလွဲလို့ သိပ်မစားကြပါဘူး။ သံဓာတ်ချို့တဲ့မှု မြန်မာနိုင်ငံထဲများလာပြီး၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးတွေမှာလည်း အဓိက တွေ့လာရချိန်မှာ၊ မဲဇလီရွက်ကို အနည်းငယ်စားရုံမျှဖြင့် သံဓာတ်အများကြီး ရနိုင်တာကို တွေ့ရှိထားပါတယ်။

ဒါ့အပြင် ဆူးပုပ်ရွက်မှာလည်း သံဓာတ်အများကြီး ပါဝင်ပါတယ်။ ဆူးပုပ်ရွက်ကတော့ အလေ့ကျ မပေါက်တာမို့၊ စိုက်ယူဖို့တော့ လိုပါတယ်။ ဒါပေမဲ့ နယ်ဒေသတွေ ရွာတွေမှာ အိမ်ရှေ့နဲ့ အနောက် မြေအနည်းငယ်ရှိလျှင် ဆူးပုပ်ပင် စိုက်နိုင်ပါတယ်။ အထူးသဖြင့် ရေချိုးရာ မြေနေရာနားမှာ ကပ်စိုက်ထားခြင်းဖြင့် ရေလည်း အလွယ်တကူရ ရှင်သန်လွယ်ပါတယ်။ ဆူးပုတ်အပြင် ကင်ပွန်းချဉ်၊ ချဉ်ပေါင်၊ ခရမ်းသီး၊ ရုံးပတေသီး၊ သင်္ဘောသီး၊ ပဲစောင်းလျားသီး၊ ငရုတ်သီးစိမ်း စတဲ့အပင်တွေနဲ့ နနွင်းတက် စတာတွေ အလားတူ စိုက်နိုင်ပါတယ်။ အညွန့်တွေ တက်စရာအပါအဝင် နေရာပိုရှိလျှင်တော့ ဗူးပင်၊ ဖယုံပင်၊ သခွားသီးပင်၊ ပလောပီနံပင် စတာတွေပါ စိုက်နိုင်ပါတယ်။

မြို့ကြီးတွေမှာတော့ မြေနေရာရဖို့ အများစုမှာ ခက်ခဲနိုင်ပေမဲ့၊ တိုက်ခန်းထဲ အိမ်ထဲတွေမှာလည်း ရေချိုးခန်း၊ မီးဖိုချောင်၊ အိမ်ရှေ. ဝရန်တာတွေမှာ အိုးနဲ့ စိုက်နိုင်ပါတယ်။ အိမ်ထဲမှာတော့ အထက်ပါ ဟင်းသီးဟင်းရွက်မျိုး စိုက်ရခက်ပေမဲ့၊ အာဟာရရှိတဲ့ ဟင်းခတ်စရာတချို့ကို စိုက်နိုင်ပါတယ်။ ဥပမာ နံနံပင်၊ ပင်စိမ်း (Basil)၊ ပူစီနံ စတာမျိုးတွေကို အိမ်ထဲမှာ အိုးနဲ့ တတ်နိုင်သလောက် စိုက်နိုင်ပါတယ်။ အိမ်ထဲ ရေချိုးခန်းကရေနဲ့ မီးဖိုချောင် ပန်းကန်ဆေးစွန့်ပစ်တဲ့ရေတွေကနေ ပိုးကင်းစေပြီး သတ္တုဓာတ်ပါနိုင်တဲ့ ရေတွေကို အလိုအလျောက် ရနိုင်ပါတယ်။ ဒါ့အပြင် တချို့အတွက် အိမ်ရှေ့နဲ့ အိမ်နောက်မှာ မြေအနည်းငယ်ရှိလျှင်တော့ စပါးလင်နဲ့ ဂျင်းပင်လိုမျိုးလည်း စိုက်နိုင်ပါသေးတယ်။ တချိန်ထဲမှာ မြန်မာနိုင်ငံမှာ ဈေးသိပ်မကြီးတဲ့ ပဲပြုတ်နဲ့ ပဲမျိုးစုံကလည်း အာဟာရတွေ အများကြီး ရနိုင်ပါတယ်။

မြို.နေတချို့ကတော့ ငွေကြေးတတ်နိုင်ပေမဲ့ အခုနောက်ပိုင်း ဓာတုပိုးသတ်ဆေး အသုံးများတာစိုးရိမ်ပြီး ဟင်းသီးဟင်းရွက်တချို့ကို ဝယ်မစားဘဲ ရှောင်ကျဉ်လာတာအတွက်တော့ အာဟာရထိခိုက်နိုင်တာမို့၊ အန္တရာယ်ကင်းတာ ရနိုင်အောင် ရှာကြံသင့်ပါတယ်။ တနည်းကတော့ အခုနောက်ပိုင်း နိုင်ငံတကာမှာ ခေတ်စားလာတဲ့ စိုက်ပျိုးသူတွေကို အရင်းအနှီး ကြိုတင်စိုက်ထုတ်ပေးပြီး မြို့ဆင်ခြေဖုန်း မြေနေရာရှိရာမှာ ဓာတုပိုးသတ်ဆေး မသုံးဘဲ၊ သဘာဝအတိုင်း စိုက်ယူကာ၊ တစ်ပတ်တကြိမ် အန္တရာယ်ကင်း လတ်ဆတ် အာဟာရပြည့်တဲ့ ဟင်းသီးဟင်းရွက်တွေ ပို့ပေးတာပါ။ အမေရိကန်မှာ အခုလို Community-Supported Agriculture စနစ်မျိုး ကျင့်သုံးလာခဲ့တာကို တခြားအာရှနိုင်ငံတွေကိုလည်း ဖြန့်ဖြူးပေးလာတာကြောင့်၊ ဥပမာ ဖီလစ်ပိုင်က မြို့နေလူတန်းစားတချို့ဆိုလျှင် အခုလို ငွေကြိုစုပေးပြီးစိုက်တာမျိုး ကျင့်သုံးလာကြပါပြီ။ အခုလို လတ်ဆတ်အာဟာရပြည့်ဝစာတွေ စီမံစားသုံးချင်းဖြင့် ငွေတချို့ကုန်ကျနိုင်ပေမဲ့၊ ရောဂါတွေ ဖြစ်လာမှ ငွေကုန်ကျေးကျများရတာထက်တော့ အများကြီး ပိုကောင်းနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Cornell တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

XS
SM
MD
LG