ျမန္မာႏိုင္ငံမွာ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အာဟာရျပည့္ဝစာအတြက္ ဆန္လုံးညိဳ (Brown Rice) နဲ႔ ဟင္းသီးဟင္း႐ြက္တခ်ဳိ ႔ ထည့္စားႏိုင္ေအာင္လုပ္သင့္တယ္လို႔ အာဟာရပညာ႐ွင္ေတြက တိုက္တြန္းေနပါတယ္။
ျမန္မာနည္းတူ အိမ္နီးခ်င္းႏိုင္ငံတခ်ဳိ ႔မွာလည္း အရင္ပုံမွန္စားေနက် ဆန္အျဖဴအစားမ်ားၿပီး ဆီးခ်ိဳေရာဂါေတြ အျဖစ္မ်ားခဲ့တာမို႔၊ ဒီဆန္လုံးညိဳစားဖို႔ အာဟာရ ပညာ႐ွင္ေတြက အၾကံျပဳခဲ့ၾကပါတယ္။ ဆန္အျဖဴျဖစ္ေအာင္လုပ္ရာမွာ တကယ္အာဟာရျဖစ္တဲ့ အရာေတြ ဆုံး႐ႈံးသြားခဲ့ရတာမို႔၊ အာဟာရအျပည့္႐ွိၿပီးသား ဆန္လုံးညိဳအၾကမ္းကို စားဖို႔က အေရးပါလာတာပါ။ ဆန္လုံးညိဳမွာက အမွ်င္ဓာတ္ (Fiber) အျပင္၊ က်န္းမာေရးအတြက္ေကာင္းတဲ့အဆီ (Unsaturated Fat) နဲ႔ ဗီတာမင္ဘီမ်ိဳးစုံ (B-Complex) ပါဝင္ေနပါတယ္။ ဒါေပမဲ့ ဆန္လုံးညိဳကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံေတြက လူတခ်ဳိ ႔လည္း မစားခ်င္ခဲ့တာမို႔ စားခ်င္စဖြယ္ျဖစ္လာေအာင္ ျပင္ဆင္ႏိုင္ဖို႔ လိုအပ္လာခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာလည္း ဆန္လုံညိဳ မစားခ်င္သူေတြ႐ွိတာမို႔၊ ဆန္လုံးညိဳကိုခ်က္ရာမွာ ေမႊးႀကိဳင္ၿပီး အရသာေကာင္းေအာင္ ျပင္ဆင္ႏိုင္ပါတယ္။ ဥပမာ ၾကက္သြန္ျဖဴ၊ ဂ်င္းစတဲ့ ဟင္းခတ္အေမႊးအႀကိဳင္ေတြထည့္ၿပီး ဆန္လုံးညိဳဆန္ျပဳတ္ လုပ္စားႏိုင္ပါတယ္။
ဒါ့အျပင္ ဒီဆန္လုံးညိဳ၊ ဆန္ျပဳတ္ကို အရသာ႐ွိႏိုင္ေအာင္လည္း အာဟာရလည္း႐ွိတဲ့ အ႐ြက္တခ်ဳိ ႔ ထည့္ႏိုင္ပါေသးတယ္။ ဥပမာ ျမန္မာႏိုင္ငံမွာ အလြယ္တကူ စိုက္ႏိုင္ ရႏိုင္တဲ့ ဒန္႔ဒလြန္႐ြက္မ်ဳိး၊ ဆန္ျပဳတ္မွာ ထည့္ျပဳတ္တာမ်ိဳးပါ။ ျမန္မာႏိုင္ငံမွာ ဒန္႔ဒလြန္သီး စားတာမ်ားေပမဲ့ ဒန္႔ဒလြန္႐ြက္ကိုေတာ့ သိပ္မစားလွပါဘူး။ တကယ္က ဒန္႔ဒလြန္႐ြက္မွာလည္း အာဟာရမ်ိဳးစုံပါဝင္ရာမွာ အသားဓာတ္၊ ဗီတာမင္ စီ၊ ပိုတက္ဆီယမ္၊ မဂၢနီဆီယမ္အျပင္ ေသြးသန္႔ေစၿပီး၊ ေသြးတိုးတာနဲ႔ ေသြးက်တာကိုပါ ထိန္းႏိုင္တဲ့ ဓာတ္ေတြပါဝင္ေနပါတယ္။ ဒန္႔ဒလြန္႐ြက္ကို ျမန္မာ့႐ိုးရာ တို႔စရာအျဖစ္ ေရေႏြးစိမ္စားႏိုင္သလို၊ အသုတ္လည္း ႀကိဳက္တဲ့ပုံစံ (ဆီခ်က္နဲ႔ ျငဳပ္သီးထဲ့တာအပါအဝင္) နဲ႔ သုတ္စားႏိုင္ပါတယ္။
ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ လူငယ္ေတြကေန လူႀကီးေတြအထိ စားေလ့႐ွိတဲ့ မုန္႔ပဲသြားေရစာေတြအတြက္လည္း သုံးေနက် ဆန္အျဖဴအစား ဆန္လုံးညိဳကို အသုံးျပဳႏိုင္ပါတယ္။ ဒီဆန္လုံးညိဳကို ႀကိတ္ၿပီး ျမန္မာေတြႀကိဳက္တဲ့ မုန္႔မ်ိဳးစုံ လုပ္ႏိုင္ပါတယ္။ ဥပမာ ေကာက္ညႇင္းခြက္ေၾကာ္၊ ကေရကရာ၊ မေ႐ြး စတဲ့ မုန္႔ေတြလုပ္ရာမွာ ဒီဆန္လုံးညိဳႀကိတ္ထားတာကို သုံးႏိုင္ပါတယ္။ လက္႐ွိ ျမန္မာႏိုင္ငံမွာလည္း အိမ္တြင္း အေသးစား အငယ္စားနဲ႔ အလတ္စား မုန္႔လုပ္ငန္းေတြအေနနဲ႔ ခရီးသြားေတြလည္းႀကိဳက္တဲ့ မုန္႔မ်ိဳးစုံလုပ္ရာမွာ အခုလို ဆန္လုံးညိဳကို ထည့္သြင္း အသုံးျပဳႏိုင္ပါတယ္။
အာဟာရျဖစ္ေစတဲ့ ဟင္းသီးဟင္း႐ြက္တခ်ိဳ.ရႏိုင္ဖို႔ ဒန္႔ဒလြန္ပင္အျပင္ သေဘၤာသီးပင္မ်ိဳးကိုလည္း ျမန္မာႏိုင္ငံထဲ ေျမ႐ွိသူေတြအတြက္ ဘယ္ေနရာမွာမဆို စိုက္ႏိုင္သလို၊ ေျမအခက္အခဲ႐ွိလွ်င္လည္း ေျမက်ဥ္းတဲ့ေနရာနဲ႔ အိမ္ထဲမွာပါ စိုက္ႏိုင္တဲ့ မိႈလိုမ်ိဳးလည္း ႐ွိေနပါတယ္။ ဥပမာ ေငြႏွင္းမိႈ ဆိုလွ်င္ ေျမ ၁၀ ေပ ပတ္လည္အတြင္း ေသာင္းခ်ီ စိုက္ႏိုင္သလို၊ အိမ္ထဲမွာလည္း ေရအလိုလိုရၿပီးသား ေရခ်ိဳးခန္းနဲ႔ ပန္းကန္ေဆးတဲ့ ေနရာေတြမွာ မိသားစုဖူလုံေအာင္ စနစ္တက် (ဥပမာ မိႈပ်ိဳးထုတ္ ၂၀ ခန္႔) စိုက္ႏိုင္ပါတယ္။ ဒီ ေငြႏွင္းမိႈကလည္း အသားဓာတ္အျပင္၊ အ႐ိုး၊ ဦးေႏွာက္နဲ႔ ကိုယ္ခံအားေကာင္းေစတဲ့ ဗီတာမင္ဒီဓာတ္ႂကြယ္ဝပါတယ္။ တခ်ိဳ.က မိႈကို အစိုစားဖို႔ စိုးရိမ္လွ်င္ေတာင္ အေျခာက္ခံၿပီး အမႈန္႔လုပ္ စားႏိုင္ပါတယ္။ ဒီမိႈအမႈန္႔ရဲ႕ အရသာက ျမန္မာအမ်ားႀကိဳက္ေပမဲ့ ဓာတုဓာတ္နဲ႔အဓိက လုပ္ထားတဲ့ အခ်ိဳမႈန္႔ အရသာနဲ႔တူပါတယ္။ ဒါေၾကာင့္ အခုအသုံးမ်ားေနၿပီး အာဟာရမ႐ွိသေလာက္နည္းကာ ေရာဂါပါပိုျဖစ္ေစတဲ့ အသင့္လုပ္ ဒီအခ်ိဳမႈန္႔ေတြအစား၊ အခုလို အာဟာရျပည္ၿပီး အရသာလည္း႐ွိတဲ့ မိႈအမႈန္႔မ်ိဳး ေျပာင္းစားႏိုင္ပါတယ္။
ဒီအေၾကာင္းပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Cornell တကၠသိုလ္က အျပည္ျပည္ဆိုင္ရာ အစာအာဟာရဆိုင္ရာ ပါေမာကၡ ေဒါက္တာခင္မာခ်ိဳကို ေမးထားပါတယ္။
==== Unicode ====
မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရပြည့်ဝစာအတွက် ဆန်လုံးညို (Brown Rice) နဲ့ ဟင်းသီးဟင်းရွက်တချို့ ထည့်စားနိုင်အောင်လုပ်သင့်တယ်လို့ အာဟာရပညာရှင်တွေက တိုက်တွန်းနေပါတယ်။မြန်မာနည်းတူ အိမ်နီးချင်းနိုင်ငံတချို့မှာလည်း အရင်ပုံမှန်စားနေကျ ဆန်အဖြူအစားများပြီး ဆီးချိုရောဂါတွေ အဖြစ်များခဲ့တာမို့၊ ဒီဆန်လုံးညိုစားဖို့ အာဟာရ ပညာရှင်တွေက အကြံပြုခဲ့ကြပါတယ်။ ဆန်အဖြူဖြစ်အောင်လုပ်ရာမှာ တကယ်အာဟာရဖြစ်တဲ့ အရာတွေ ဆုံးရှုံးသွားခဲ့ရတာမို့၊ အာဟာရအပြည့်ရှိပြီးသား ဆန်လုံးညိုအကြမ်းကို စားဖို့က အရေးပါလာတာပါ။ ဆန်လုံးညိုမှာက အမျှင်ဓာတ် (Fiber) အပြင်၊ ကျန်းမာရေးအတွက်ကောင်းတဲ့အဆီ (Unsaturated Fat) နဲ့ ဗီတာမင်ဘီမျိုးစုံ (B-Complex) ပါဝင်နေပါတယ်။ ဒါပေမဲ့ ဆန်လုံးညိုကို အကြောင်းအမျိုးမျိုးကြောင့် အိမ်နီးချင်းနိုင်ငံတွေက လူတချို့လည်း မစားချင်ခဲ့တာမို့ စားချင်စဖွယ်ဖြစ်လာအောင် ပြင်ဆင်နိုင်ဖို့ လိုအပ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆန်လုံညို မစားချင်သူတွေရှိတာမို့၊ ဆန်လုံးညိုကိုချက်ရာမှာ မွှေးကြိုင်ပြီး အရသာကောင်းအောင် ပြင်ဆင်နိုင်ပါတယ်။ ဥပမာ ကြက်သွန်ဖြူ၊ ဂျင်းစတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေထည့်ပြီး ဆန်လုံးညိုဆန်ပြုတ် လုပ်စားနိုင်ပါတယ်။
ဒါ့အပြင် ဒီဆန်လုံးညို၊ ဆန်ပြုတ်ကို အရသာရှိနိုင်အောင်လည်း အာဟာရလည်းရှိတဲ့ အရွက်တချို့ ထည့်နိုင်ပါသေးတယ်။ ဥပမာ မြန်မာနိုင်ငံမှာ အလွယ်တကူ စိုက်နိုင် ရနိုင်တဲ့ ဒန့်ဒလွန်ရွက်မျိုး၊ ဆန်ပြုတ်မှာ ထည့်ပြုတ်တာမျိုးပါ။ မြန်မာနိုင်ငံမှာ ဒန့်ဒလွန်သီး စားတာများပေမဲ့ ဒန့်ဒလွန်ရွက်ကိုတော့ သိပ်မစားလှပါဘူး။ တကယ်က ဒန့်ဒလွန်ရွက်မှာလည်း အာဟာရမျိုးစုံပါဝင်ရာမှာ အသားဓာတ်၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်အပြင် သွေးသန့်စေပြီး၊ သွေးတိုးတာနဲ့ သွေးကျတာကိုပါ ထိန်းနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။ ဒန့်ဒလွန်ရွက်ကို မြန်မာ့ရိုးရာ တို့စရာအဖြစ် ရေနွေးစိမ်စားနိုင်သလို၊ အသုတ်လည်း ကြိုက်တဲ့ပုံစံ (ဆီချက်နဲ့ ငြုပ်သီးထဲ့တာအပါအဝင်) နဲ့ သုတ်စားနိုင်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ လူငယ်တွေကနေ လူကြီးတွေအထိ စားလေ့ရှိတဲ့ မုန့်ပဲသွားရေစာတွေအတွက်လည်း သုံးနေကျ ဆန်အဖြူအစား ဆန်လုံးညိုကို အသုံးပြုနိုင်ပါတယ်။ ဒီဆန်လုံးညိုကို ကြိတ်ပြီး မြန်မာတွေကြိုက်တဲ့ မုန့်မျိုးစုံ လုပ်နိုင်ပါတယ်။ ဥပမာ ကောက်ညှင်းခွက်ကြော်၊ ကရေကရာ၊ မရွေး စတဲ့ မုန့်တွေလုပ်ရာမှာ ဒီဆန်လုံးညိုကြိတ်ထားတာကို သုံးနိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာလည်း အိမ်တွင်း အသေးစား အငယ်စားနဲ့ အလတ်စား မုန့်လုပ်ငန်းတွေအနေနဲ့ ခရီးသွားတွေလည်းကြိုက်တဲ့ မုန့်မျိုးစုံလုပ်ရာမှာ အခုလို ဆန်လုံးညိုကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
အာဟာရဖြစ်စေတဲ့ ဟင်းသီးဟင်းရွက်တချို.ရနိုင်ဖို့ ဒန့်ဒလွန်ပင်အပြင် သင်္ဘောသီးပင်မျိုးကိုလည်း မြန်မာနိုင်ငံထဲ မြေရှိသူတွေအတွက် ဘယ်နေရာမှာမဆို စိုက်နိုင်သလို၊ မြေအခက်အခဲရှိလျှင်လည်း မြေကျဉ်းတဲ့နေရာနဲ့ အိမ်ထဲမှာပါ စိုက်နိုင်တဲ့ မှိုလိုမျိုးလည်း ရှိနေပါတယ်။ ဥပမာ ငွေနှင်းမှို ဆိုလျှင် မြေ ၁၀ ပေ ပတ်လည်အတွင်း သောင်းချီ စိုက်နိုင်သလို၊ အိမ်ထဲမှာလည်း ရေအလိုလိုရပြီးသား ရေချိုးခန်းနဲ့ ပန်းကန်ဆေးတဲ့ နေရာတွေမှာ မိသားစုဖူလုံအောင် စနစ်တကျ (ဥပမာ မှိုပျိုးထုတ် ၂၀ ခန့်) စိုက်နိုင်ပါတယ်။ ဒီ ငွေနှင်းမှိုကလည်း အသားဓာတ်အပြင်၊ အရိုး၊ ဦးနှောက်နဲ့ ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင်ဒီဓာတ်ကြွယ်ဝပါတယ်။ တချို.က မှိုကို အစိုစားဖို့ စိုးရိမ်လျှင်တောင် အခြောက်ခံပြီး အမှုန့်လုပ် စားနိုင်ပါတယ်။ ဒီမှိုအမှုန့်ရဲ့ အရသာက မြန်မာအများကြိုက်ပေမဲ့ ဓာတုဓာတ်နဲ့အဓိက လုပ်ထားတဲ့ အချိုမှုန့် အရသာနဲ့တူပါတယ်။ ဒါကြောင့် အခုအသုံးများနေပြီး အာဟာရမရှိသလောက်နည်းကာ ရောဂါပါပိုဖြစ်စေတဲ့ အသင့်လုပ် ဒီအချိုမှုန့်တွေအစား၊ အခုလို အာဟာရပြည်ပြီး အရသာလည်းရှိတဲ့ မှိုအမှုန့်မျိုး ပြောင်းစားနိုင်ပါတယ်။
ဒီအကြောင်းပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Cornell တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချိုကို မေးထားပါတယ်။