သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏွလုံးေဖာက္ကုထုံး ေ႐ြးခ်ယ္ပုံ


ရုတ္တရက္ ႏွလံုးေဖာက္ျပန္မႈ (Heart Attack)

ႏွလုံးေဖာက္တာအတြက္ ပိုထိေရာက္တဲ့ ကုသမႈေပးႏိုင္တဲ့ ေဆး႐ုံေရာက္ဖို႔၊ ႏွလုံးစေဖာက္ၿပီး ေဆး႐ုံအေရာက္ၾကာခ်ိန္အေပၚ အဓိက မူတည္တြက္ခ်က္ရတယ္လို႔ ႏွလုံးအထူးကေတြက ဆိုပါတယ္။

ႏွလုံးေဖာက္တာကိုျဖစ္ေစတဲ့ ေသြးေၾကာပိတ္တာအတြက္ ေနာက္ေပၚ ႏွလုံးေသြးေၾကာခ်ဲ ႔နည္းက အကန္႔အသတ္တခ်ဳိ ႔ (အဆင့္ျမင့္ေဆးပစၥည္း၊ ကြၽမ္းက်င္ဆရာဝန္ ႐ွိဖို႔လိုတာ) ႐ွိေပမဲ့၊ အရင္သမ႐ိုးက် ႏွလုံးေသြးေၾကာပြင့္ေဆးနည္းထက္ ဆိုးက်ိဳးအမ်ားႀကီးနည္းၿပီး အေျခအေနအမ်ားစုမွာ ပိုအားသာမႈ ႐ွိေနပါတယ္။ ဒါေပမဲ့ ဒီအေရးေပၚ ႏွလုံးေသြးေၾကာခ်ဲ ႔ေပးႏိုင္တဲ့ ေဆး႐ုံေရာက္ဖို႔ လမ္းမွာၾကာခ်ိန္က ႏွလုံးေသြးေၾကာပြင့္ေဆး ေပးႏိုင္တဲ့ ေဆး႐ုံထက္ ၂ နာရီေက်ာ္ ပိုၾကာႏိုင္လွ်င္ေတာ့၊ ေနာက္ေပၚ ေသြးေၾကာခ်ဲ ႔ကုထုံးက သမ႐ိုးက် ႏွလုံးေသြးေၾကာပြင့္ကုထုံး ပိုအျမန္ေပးတာထက္ အားသာမႈ မ႐ွိေတာ့ပါဘူး။ ဥပမာ ႏွလုံးေသြးေၾကာပြင့္ ေဆးေပးႏိုင္တဲ့ ေဆး႐ုံက နာရီဝက္ (မိနစ္သုံးဆယ္) ခရီးအတြင္းမွာ႐ွိၿပီး၊ ႏွလုံးေသြးေၾကာခ်ဲ ႔ေပးႏိုင္တဲ့ ေဆး႐ုံေရာက္ဖို႔ ၃ နာရီ္ၾကာႏိုင္လွ်င္၊ ေနာက္က်ခ်ိန္ ၂ နာရီခြဲျဖစ္သြားတာမို႔၊ အရင္ ႏွလုံးေသြးေၾကာပြင့္ ေဆးေပးႏိုင္တဲ့ ေဆး႐ုံသြားတာက၊ အခုလို ေနာက္က်ေရာက္မဲ့ ႏွလုံးေသြးေၾကာခ်ဲ ႔ ေဆး႐ုံသြားတာထက္ ပိုထိေရာက္ၿပီး အသက္ဆုံး႐ႈံးမူနဲ႔ ေနာက္ဆက္တြဲခံစားရမႈ နည္းေစပါတယ္။ အေရးႀကီးဆုံးကေတာ့ အျမန္ဆုံး ဒီကုသမႈ တခုခုေပးႏိုင္တဲ့ ဘယ္ေဆး႐ုံကိုမဆို ေရာက္ဖို႔ပါ။ အခုလို အျမန္ဆုံးကုသေပးႏိုင္ျခင့္းျဖင့္ အသက္မဆုံး႐ႈံးေစႏိုင္တာအျပင္၊ ေနာက္ဆက္တြဲအျဖစ္နည္းၿပီး လူတန္းေစ့ ကိုယ္စိတ္ခ်မ္းသာမႈ (Quality of Life) ရေစႏိုင္ပါတယ္။

ေနာက္တစ္ခုကေတာ့ ေနာက္ေပၚ ေသြးေၾကာခ်ဲ ႔ကုထုံးအတြက္ ေငြေၾကးကုန္က်မ်ားႏိုင္တာ (သမ႐ိုးက် ေသြးေၾကာပြင့္တာမွာ ေသာင္းဂဏန္းေတြကုန္တာကေန၊ အခု ၁၀ သိန္းထိကုန္လာႏိုင္တာ) ကို ထည့္တြက္ရတာပါ။ အထူးသျဖင့္ ဆင္းရဲတဲ့ တိုင္းျပည္ေတြမွာ ျပည္သူအမ်ားစုအတြက္ အခုလိုေပးဖို႔ မတတ္ႏိုင္ဘဲ၊ ပိုထိေရာက္တဲ့ ကုသမႈအတြက္ လက္လွမ္းမမီတာ ျဖစ္ေစႏိုင္ပါတယ္။ က်န္းမာေရးအာမခံ (Health Insurance) အားေကာင္းတဲ့ ႏိုင္ငံတခ်ဳိ ႔မွာေတာ့ ဒီကုန္က်မႈအတြက္ မပူပင္ရေပမဲ့၊ က်န္းမာေရးအာမခံ အားေကာင္းမႈ နည္းေနတဲ့ ျမန္မာလို ႏိုင္ငံမ်ိဳးမွာေတာ့ အခက္အခဲ႐ွိႏိုင္ၿပီး၊ ဒီအထဲ တခ်ဳိ ႔အစိုးရေတြကေတာ့ ႏွလုံးေသြးေၾကာခ်ဲ ႔ ကုသမႈအတြက္ ေငြစိုက္ထုတ္ကူညီေပးထားပါတယ္။ ဥပမာ ထိုင္းႏိုင္ငံမွာ ပုဂၢလိကေဆး႐ုံေတြအေနနဲ႔လည္း အခုလို အေရးေပၚႏွလုံးေဖာက္လူနာေတြကို ေငြအကုန္မေပးႏိုင္လွ်င္ေတာင္ မျငင္းႏိုင္ဘဲ၊ ကုသမႈေပးဖို႔ အစိုးရက သတ္မွတ္ပံ့ပိုးေပးထားပါတယ္။

တခ်ိန္တည္းမွာ ဘယ္ေဆး႐ုံက ႏွလုံးေဖာက္တာအတြက္ ဘယ္ကုသမႈ ေပးႏိုင္တာကို လူနာဘက္က ႀကိဳသိထားဖို႔ က်န္းမာေရးပညာေပးမႈ လုပ္ေပးသင့္သလို၊ ေဆး႐ုံေတြအၾကားမွာလည္း ကြန္ယက္႐ွိဖို႔ လိုပါေသးတယ္။ ဒါမွာသာ လူနာအေနနဲ႔ ဘယ္ေဆး႐ုံကို ဘယ္အခ်ိန္အတြင္း ေရာက္ႏိုင္တာသိၿပီး အခ်ိန္မီေရာက္ဖို႔ ျပင္ဆင္ခြင့္ရမွာပါ။ ဒါ့အျပင္ ေဆး႐ုံေတြအေနနဲ႔လည္း အဆင့္ေတြခြဲထားတဲ့ ဆက္သြယ္မႈ ကြန္ယက္စနစ္ တည္ေဆာက္ထားဖို႔ အေရးႀကီးပါတယ္။ ဥပမာ အဆင့္ A သတ္မွတ္ႏိုင္တဲ့ ႏွလုံးေဖာက္ကုထုံးတခုမွ မေပးႏိုင္ေပမဲ့ ရင္ဘတ္ေအာင့္ေရာက္လာတဲ့ လူနာကို ECG ႐ိုက္ၿပီး ေသြးေၾကာပိတ္တာ ဆုံးျဖတ္ခ်က္ေပးႏိုင္တဲ့ ေဆး႐ုံမ်ိဳးကေန အျမန္ဆုံးပို႔ႏိုင္မဲ့ ဒီကုသမႈတခုခု ေပးႏိုင္တဲ့ ေဆး႐ုံ B (သို႔မဟုတ္ ) C အဆင့္ကို ဆက္ပို႔ေပးဖို႔ လိုပါတယ္။ ေနာက္တဆင့္ အဆင့္ B သတ္မွတ္ႏိုင္တဲ့ သမ႐ိုးက် ႏွလုံးေသြးေၾကာပြင့္ကုထုံးသာ ေပးႏိုင္တဲ့ေဆး႐ုံအေနနဲ႔၊ အခုလို လူနာေရာက္လာခ်ိန္ေပၚ မူတည္ၿပီး အျမန္ကုသမႈေပးတာနဲ႔၊ အခ်ိန္ေပးလွ်င္ (ေနာက္ ၂ နာရီမေက်ာ္ခင္အတြင္း)၊ ေနာက္ေပၚ ႏွလုံးေသြးေၾကာခ်ဲ ႔ ေဆးေပးႏိုင္တဲ့အဆင့္ C သတ္မွတ္ႏိုင္တဲ့ ေဆး႐ုံကို ပို႔ေပးႏိုင္လွ်င္ ဆက္ပို႔ေပးသင့္ပါတယ္။ အခုလို စနစ္တက် လုပ္ေဆာင္ထားႏိုင္လွ်င္ေတာ့ အခ်ိန္မီသင့္ေတာ္တဲ့ ေဆး႐ုံေရာက္တာ မ်ားလာၿပီး၊ ႏွလုံးေဖာက္တာေၾကာင့္ ေဆး႐ုံမေရာက္ခင္ ေသဆုံးေနရမႈေတြကို ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖုိ႔ ကိုဝင္းမင္းက မႏၲေလးေဆး႐ုံႀကီးက ႏွလုံးေရာဂါအထူးကုနဲ႔ မႏၲေလးေဆးတကၠသိုလ္၊ ႏွလုံးေရာဂါအထူးကုဌာန ပါေမာကၡဌာနမွဴး ေဒါက္တာေက်ာ္စိုးဝင္းကို ေမးထားပါတယ္။

====== Unicode ======

နှလုံးဖောက်တာအတွက် ပိုထိရောက်တဲ့ ကုသမှုပေးနိုင်တဲ့ ဆေးရုံရောက်ဖို့၊ နှလုံးစဖောက်ပြီး ဆေးရုံအရောက်ကြာချိန်အပေါ် အဓိက မူတည်တွက်ချက်ရတယ်လို့ နှလုံးအထူးကတွေက ဆိုပါတယ်။

နှလုံးဖောက်တာကိုဖြစ်စေတဲ့ သွေးကြောပိတ်တာအတွက် နောက်ပေါ် နှလုံးသွေးကြောချဲ့နည်းက အကန့်အသတ်တချို့ (အဆင့်မြင့်ဆေးပစ္စည်း၊ ကျွမ်းကျင်ဆရာဝန် ရှိဖို့လိုတာ) ရှိပေမဲ့၊ အရင်သမရိုးကျ နှလုံးသွေးကြောပွင့်ဆေးနည်းထက် ဆိုးကျိုးအများကြီးနည်းပြီး အခြေအနေအများစုမှာ ပိုအားသာမှု ရှိနေပါတယ်။ ဒါပေမဲ့ ဒီအရေးပေါ် နှလုံးသွေးကြောချဲ့ပေးနိုင်တဲ့ ဆေးရုံရောက်ဖို့ လမ်းမှာကြာချိန်က နှလုံးသွေးကြောပွင့်ဆေး ပေးနိုင်တဲ့ ဆေးရုံထက် ၂ နာရီကျော် ပိုကြာနိုင်လျှင်တော့၊ နောက်ပေါ် သွေးကြောချဲ့ကုထုံးက သမရိုးကျ နှလုံးသွေးကြောပွင့်ကုထုံး ပိုအမြန်ပေးတာထက် အားသာမှု မရှိတော့ပါဘူး။ ဥပမာ နှလုံးသွေးကြောပွင့် ဆေးပေးနိုင်တဲ့ ဆေးရုံက နာရီဝက် (မိနစ်သုံးဆယ်) ခရီးအတွင်းမှာရှိပြီး၊ နှလုံးသွေးကြောချဲ့ပေးနိုင်တဲ့ ဆေးရုံရောက်ဖို့ ၃ နာရ်ီကြာနိုင်လျှင်၊ နောက်ကျချိန် ၂ နာရီခွဲဖြစ်သွားတာမို့၊ အရင် နှလုံးသွေးကြောပွင့် ဆေးပေးနိုင်တဲ့ ဆေးရုံသွားတာက၊ အခုလို နောက်ကျရောက်မဲ့ နှလုံးသွေးကြောချဲ့ ဆေးရုံသွားတာထက် ပိုထိရောက်ပြီး အသက်ဆုံးရှုံးမူနဲ့ နောက်ဆက်တွဲခံစားရမှု နည်းစေပါတယ်။ အရေးကြီးဆုံးကတော့ အမြန်ဆုံး ဒီကုသမှု တခုခုပေးနိုင်တဲ့ ဘယ်ဆေးရုံကိုမဆို ရောက်ဖို့ပါ။ အခုလို အမြန်ဆုံးကုသပေးနိုင်ခြင့်းဖြင့် အသက်မဆုံးရှုံးစေနိုင်တာအပြင်၊ နောက်ဆက်တွဲအဖြစ်နည်းပြီး လူတန်းစေ့ ကိုယ်စိတ်ချမ်းသာမှု (Quality of Life) ရစေနိုင်ပါတယ်။

နောက်တစ်ခုကတော့ နောက်ပေါ် သွေးကြောချဲ့ကုထုံးအတွက် ငွေကြေးကုန်ကျများနိုင်တာ (သမရိုးကျ သွေးကြောပွင့်တာမှာ သောင်းဂဏန်းတွေကုန်တာကနေ၊ အခု ၁၀ သိန်းထိကုန်လာနိုင်တာ) ကို ထည့်တွက်ရတာပါ။ အထူးသဖြင့် ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ ပြည်သူအများစုအတွက် အခုလိုပေးဖို့ မတတ်နိုင်ဘဲ၊ ပိုထိရောက်တဲ့ ကုသမှုအတွက် လက်လှမ်းမမီတာ ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးအာမခံ (Health Insurance) အားကောင်းတဲ့ နိုင်ငံတချို့မှာတော့ ဒီကုန်ကျမှုအတွက် မပူပင်ရပေမဲ့၊ ကျန်းမာရေးအာမခံ အားကောင်းမှု နည်းနေတဲ့ မြန်မာလို နိုင်ငံမျိုးမှာတော့ အခက်အခဲရှိနိုင်ပြီး၊ ဒီအထဲ တချို့အစိုးရတွေကတော့ နှလုံးသွေးကြောချဲ့ ကုသမှုအတွက် ငွေစိုက်ထုတ်ကူညီပေးထားပါတယ်။ ဥပမာ ထိုင်းနိုင်ငံမှာ ပုဂ္ဂလိကဆေးရုံတွေအနေနဲ့လည်း အခုလို အရေးပေါ်နှလုံးဖောက်လူနာတွေကို ငွေအကုန်မပေးနိုင်လျှင်တောင် မငြင်းနိုင်ဘဲ၊ ကုသမှုပေးဖို့ အစိုးရက သတ်မှတ်ပံ့ပိုးပေးထားပါတယ်။

တချိန်တည်းမှာ ဘယ်ဆေးရုံက နှလုံးဖောက်တာအတွက် ဘယ်ကုသမှု ပေးနိုင်တာကို လူနာဘက်က ကြိုသိထားဖို့ ကျန်းမာရေးပညာပေးမှု လုပ်ပေးသင့်သလို၊ ဆေးရုံတွေအကြားမှာလည်း ကွန်ယက်ရှိဖို့ လိုပါသေးတယ်။ ဒါမှာသာ လူနာအနေနဲ့ ဘယ်ဆေးရုံကို ဘယ်အချိန်အတွင်း ရောက်နိုင်တာသိပြီး အချိန်မီရောက်ဖို့ ပြင်ဆင်ခွင့်ရမှာပါ။ ဒါ့အပြင် ဆေးရုံတွေအနေနဲ့လည်း အဆင့်တွေခွဲထားတဲ့ ဆက်သွယ်မှု ကွန်ယက်စနစ် တည်ဆောက်ထားဖို့ အရေးကြီးပါတယ်။ ဥပမာ အဆင့် A သတ်မှတ်နိုင်တဲ့ နှလုံးဖောက်ကုထုံးတခုမှ မပေးနိုင်ပေမဲ့ ရင်ဘတ်အောင့်ရောက်လာတဲ့ လူနာကို ECG ရိုက်ပြီး သွေးကြောပိတ်တာ ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ဆေးရုံမျိုးကနေ အမြန်ဆုံးပို့နိုင်မဲ့ ဒီကုသမှုတခုခု ပေးနိုင်တဲ့ ဆေးရုံ B (သို့မဟုတ် ) C အဆင့်ကို ဆက်ပို့ပေးဖို့ လိုပါတယ်။ နောက်တဆင့် အဆင့် B သတ်မှတ်နိုင်တဲ့ သမရိုးကျ နှလုံးသွေးကြောပွင့်ကုထုံးသာ ပေးနိုင်တဲ့ဆေးရုံအနေနဲ့၊ အခုလို လူနာရောက်လာချိန်ပေါ် မူတည်ပြီး အမြန်ကုသမှုပေးတာနဲ့၊ အချိန်ပေးလျှင် (နောက် ၂ နာရီမကျော်ခင်အတွင်း)၊ နောက်ပေါ် နှလုံးသွေးကြောချဲ့ ဆေးပေးနိုင်တဲ့အဆင့် C သတ်မှတ်နိုင်တဲ့ ဆေးရုံကို ပို့ပေးနိုင်လျှင် ဆက်ပို့ပေးသင့်ပါတယ်။ အခုလို စနစ်တကျ လုပ်ဆောင်ထားနိုင်လျှင်တော့ အချိန်မီသင့်တော်တဲ့ ဆေးရုံရောက်တာ များလာပြီး၊ နှလုံးဖောက်တာကြောင့် ဆေးရုံမရောက်ခင် သေဆုံးနေရမှုတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မန္တလေးဆေးရုံကြီးက နှလုံးရောဂါအထူးကုနဲ့ မန္တလေးဆေးတက္ကသိုလ်၊ နှလုံးရောဂါအထူးကုဌာန ပါမောက္ခဌာနမှူး ဒေါက်တာကျော်စိုးဝင်းကို မေးထားပါတယ်။

XS
SM
MD
LG