သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုးႀကိဳးေၾကာင့္ ေသဆုံးသူမ်ားလာျခင္း (အပိုင္း- ၂)


Lightning strikes over Chacarita neighborhood during a thunderstorm in Buenos Aires, Argentina
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ မိုးႀကိဳးေၾကာင့္ ဒီႏွစ္အတြင္း ေသဆုံးရသူေတြထဲမွာ ကြင္းျပင္နဲ႔ ျမစ္ေခ်ာင္းေတြအျပင္၊ လမ္းေပၚနဲ႔ အိမ္တြင္း-အိမ္ျပင္ ေရာက္ေနသူေတြလည္း ပါတယ္လို႔ ေဘးအႏၲာရာယ္ဆိုင္ရာ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။

လမ္းေပၚမွာ မိုးထစ္ခ်ဳန္း၊ လွ်ပ္စီးလက္လာလွ်င္ မိုးခိုသူေတြအေနနဲ႔ နီးစပ္ရာ အေဆာက္အဦးေတြ၊ ဇရပ္ေတြ၊ ဓမၼာ႐ုံေတြမွာ မိုးခိုတတ္ၾကၿပီး၊ တခ်ိဳ ႔မွာ မိုးႀကိဳးပစ္ခံရတာေတြအျပင္၊ လမ္းမေပၚ စက္ဘီးတြန္းရင္း ပစ္ခံရတာေတြလည္း ဒီႏွစ္ထဲ ျဖစ္ခဲ့ပါတယ္။ အခုလို နီးစပ္ရာမွာ မိုးခိုသူေတြအေနနဲ႔ ဒီအေဆာက္အဦး၊ ဇရပ္နဲ႔ ဓမၼာ႐ုံေတြထဲမွာ လွ်ပ္စစ္စီးႏိုင္တဲ့ သံထည္ပစၥည္းေတြ ရွိမရွိ အရင္ၾကည့္သင့္ၿပီး၊ ဒီ သံထည္ပစၥည္းအျပင္ ေနာက္ထပ္ လွ်ပ္စစ္စီးႏိုင္တဲ့ ပစၥည္းေတြနဲ႔ ေဝးတဲ့ေနရာမ်ိဳး၊ ျဖစ္ႏိုင္လွ်င္ အေဆာက္အဦး အလယ္ပိုင္းမွာ ခိုလႈံသင့္ပါတယ္။ စက္ဘီးတြန္းသူအျပင္ မိုးထစ္ခ်ဳန္း၊ လွ်ပ္စီးလက္ခ်ိန္မွာ စက္ဘီးစီး၊ ဆိုင္ကယ္စီးသူေတြအေနနဲ႔လည္း သံထည္ပစၥည္းေတြျဖစ္တဲ့ စက္ဘီးေတြ၊ ဆိုင္ကယ္ေတြကို အျမန္ ဖယ္ရွားလိုက္ၿပီး၊ ေဝးရာမွာ သြားခိုသင့္ပါတယ္။ အခုလို အခ်ိန္မွာ လမ္းမေပၚေရာက္ေနသူေတြအားလုံး၊ ဓာတ္တိုင္နား၊ သြတ္ဆူးႀကိဳး ၿခံစည္း႐ိုးေတြနား မခိုသင့္ပါဘူး။

ထူးထူးျခားျခား ဒီႏွစ္ထဲ အိမ္တြင္းမွာ ဖုန္းေျပာသူနဲ႔ လက္ကိုင္ဖုန္းနဲ႔ အင္တာနက္သုံးသူေတြမွာလည္း မိုးႀကိဳးပစ္ခံ ေသဆုံးခဲ့ၾကရပါတယ္။ လက္ကိုင္ဖုန္း သုံးတာသက္သက္ေၾကာင့္၊ မိုးႀကိဳးမပစ္ႏိုင္ဘူးလို႔ ပညာရပ္ပိုင္းအရ ေျပာဆိုမူေတြရွိေနေပမယ့္၊ ျမန္မာႏိုင္ငံမွာေတာ့ လက္ကိုင္ဖုန္းသုံးစဥ္၊ မိုးႀကိဳးပစ္တာ လက္ေတြ႔အရ ျဖစ္ခဲ့တာေၾကာင့္၊ ကိုယ့္အႏၲရာယ္အတြက္ ႀကိဳတင္ကာကြယ္သင့္ပါတယ္။ ဒါေၾကာင့္ မိုးထစ္ခ်ဳန္း လွ်ပ္စီးလက္ခ်ိန္မွာ သတၱဳပစၥည္းျဖစ္ၿပီး၊ လွ်ပ္စစ္စီးမူနဲ႔ ဆက္စပ္ေနတဲ့ ဖုန္းကို အိမ္တြင္းမွာေရာ၊ အိမ္ျပင္မွာပါ မသုံးဘဲ၊ ျဖစ္ႏိုင္လွ်င္ ပိတ္ထားသင့္ပါတယ္။

ဒါ့အျပင္ ဒီႏွစ္ထဲ အိမ္ တံစက္ၿမိတ္မွာ မိုးေရခံေနစဥ္ မိုးႀကိဳးပစ္ခံရၿပီး ေသဆုံးတာလည္း ရွိခဲ့ပါတယ္။ အရင္ ေလး၊ ငါး ႏွစ္တုံးကေတာ့ တံစက္ၿမိတ္မွာ မိုးေရခ်ိဳးေနစဥ္လည္း မိုးႀကိဳးပစ္ခံခဲ့တာ ရွိခဲ့ပါတယ္။ မိုးႀကိဳးစက္ဝိုင္း က်ေနစဥ္မွာ ေရနဲ႔ထိေတြ႕ခဲ့တာေၾကာင့္ အခုလို ပစ္ခံရတာျဖစ္ႏိုင္တာမို႔၊ မိုးထစ္ခ်ဳန္း၊ လွ်ပ္စီးလက္ေနခ်ိန္မွာ တံစက္ၿမိတ္ေအာက္ မိုးေရခံတာ၊ ေရခ်ိဳးတာေတြမလုပ္သင့္တာအျပင္၊ အိမ္ထဲမွာလည္း ေရနဲ႔ မထိေတြ႕ဖို႔လိုရာမွာ သံထည္နဲ႔သတၱဳပစၥည္းေတြျဖစ္တဲ့ ပန္းကန္ခြက္ေယာက္ေတြကို ေရနဲ႔ေဆးတာလည္း မလုပ္သင့္ပါဘူး။

အိမ္တြင္းမွာ မိုးႀကိဳးပစ္ခံရမူေတြရွိလာတာေၾကာင့္ အိမ္တြင္းအတြက္ ေနာက္ထပ္ ေဆာင္ရန္၊ ေရွာင္ရန္ေတြ ရွိလာပါတယ္။ မိုးတစ္ခ်ဳန္းခ်ိန္၊ လွ်ပ္စီးလက္ခ်ိန္မွာ အိမ္ျပဴတင္းေပါက္ေတြနဲ႔ တံခါးေပါက္ေတြနား၊ နံရံနားေတြမွာ ကပ္မေနဘဲ၊ အိမ္အလယ္မွာ ေနသင့္ပါတယ္။ ဒါ့အျပင္ မွန္ျပဴတင္းေပါက္ေတြမွာ လိုက္ကာ (သို႔မဟုတ္) စကၠဴေတြ ကပ္ထားသင့္ပါတယ္။ အိမ္ထဲရွိေနစဥ္မွာ ေရဒီယိုနားေထာင္တာ၊ ႐ုပ္ျမင္သံၾကား (TV) ၾကည့္တာ၊ ကြန္ျပဴတာ႐ိုက္တာ၊ လွ်ပ္စစ္မီးပူတိုက္တာ၊ လွ်ပ္စစ္ထမင္းအိုး ခ်က္တာေတြမလုပ္ဘဲ၊ မီးခလုပ္ကို ပိတ္ထားတာ၊ ျဖစ္ႏိုင္လွ်င္ မီးပလပ္ပါ ျဖဳတ္ထားသင့္ပါတယ္။ အခုလို အခ်ိန္မွာ အိမ္ထဲ ေရသုံးစြဲတာမလုပ္တာအျပင္၊ ေရလဲ မခ်ိဳးသင့္ပါဘူး။ ဒါ့အျပင္ အိမ္ထဲက သံနဲ႔သတၱဳပစၥည္းေတြကို ကိုင္မထားဖို႔ အေရးႀကီးပါတယ္။

အိမ္ျပင္မွာလည္း စက္ဘီး၊ ဆိုင္ကယ္စီးတာအျပင္၊ လမ္းေလွ်ာက္သူနဲ႔ ကားေမာင္းေနသူေတြအတြက္လည္း၊ မိုးတစ္ခ်ဳန္း၊ လွ်ပ္စီးလက္ခ်ိန္ သတိျပဳ၊ ကာကြယ္သင့္တာေတြ ရွိပါတယ္။ လမ္းေလွ်ာက္ေနသူေတြအေနနဲ႔ ျမင့္တဲ့ေနရာ၊ ျမင့္တဲ့သစ္ပင္၊ ဓာတ္တိုင္၊ လွ်ပ္စစ္ႀကိဳး၊ ဖုန္းတိုင္ရွိတဲ့ေနရာေတြနားမွာ မခိုသင့္ပါဘူး။ ဒါ့အျပင္ ေရနဲ႔ေဝးတဲ့ေနရာမွာ ခိုသင့္ၿပီး၊ လမ္းေပၚက ေရအိုင္ေတြကိုလည္း ေရွာင္သင့္ပါတယ္။ ထီးေဆာင္းထားသူေတြအေနနဲ႔လည္း ကိုင္ထားတဲ့ လက္က်င္လာလွ်င္ သံပစၥည္းပါတဲ့ ထီးကို အျမန္လႊင့္ပစ္ၿပီး၊ ခႏၶာကိုယ္ကို အေသးဆုံးျဖစ္ေအာင္ ဒူးတုတ္ထိုင္ခ်ကာ၊ ဝပ္ (လက္ကို ဒူးေပၚတင္ ကိုယ္ကို ေကြးၫႊတ္ထား) လိုက္သင့္ပါတယ္။ ခႏၶာကိုယ္ေနရာ ႀကီးသြားႏိုင္တဲ့ ေျမျပင္ေပၚ လွဲခ်လိုက္တာမ်ိဳး မလုပ္သင့္ပါ။ အခုလိုအခ်ိန္မွာ ကားေမာင္းေနလွ်င္လည္း ကားကိုရပ္ၿပီး၊ သစ္ပင္နဲ႔ ဓာတ္တိုင္၊ ဓာတ္ႀကိဳးေတြနား မေနဘဲ၊ အေရးေပၚ အခ်က္ျပမီး ထြန္းထားသင့္ကာ၊ ကားထဲမွာ ဆက္ထိုင္ေနၿပီး ေဘးက သံထည္ေတြကို မကိုင္သင့္ပါဘူး။ အဲဒီလိုအခ်ိန္မွာ ေရကို ျဖတ္ေမာင္းဖို႔ ရွိေနလွ်င္လည္း ခဏ ေစာင့္ဆိုင္းသင့္ပါတယ္။

ေနာက္ဆုံးအေရးႀကီးတာက မိုးႀကိဳးျဖစ္စဥ္ေတြအရ ေန႔လည္ (၁၂) နာရီနဲ႔ ညေန (၆) နာရီ အခ်ိန္အတြင္း၊ မိုးႀကိဳးအမ်ားဆုံးပစ္တာေၾကာင့္၊ အခုလို အခ်ိန္အပိုင္းအျခားတြင္းမွာ မိုးထစ္ခ်ဳန္း၊ လွ်ပ္စီးလက္ေနလွ်င္၊ မိုးႀကိဳးဒဏ္ကာကြယ္နည္းေတြကို သိထားၿပီး၊ အျခားသူမ်ားကိုလည္း ေဝမွ်ကာ၊ အားလုံး အထူးသတိျပဳ ကာကြယ္ေနထိုင္သင့္ပါတယ္။

ဒီမိုးႀကိဳးပစ္မူေတြကို အေသးစိတ္ေစာင့္ၾကည့္ေနတဲ့၊ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမူဦးစီးဌာနက ၫႊန္ၾကားေရးမူး ေဒၚျဖဴလဲ့လဲ့ထြန္းအား ကိုဝင္းမင္း က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

==Unicode==

မြန်မာနိုင်ငံမှာ မိုးကြိုးကြောင့် ဒီနှစ်အတွင်း သေဆုံးရသူတွေထဲမှာ ကွင်းပြင်နဲ့ မြစ်ချောင်းတွေအပြင်၊ လမ်းပေါ်နဲ့ အိမ်တွင်း-အိမ်ပြင် ရောက်နေသူတွေလည်း ပါတယ်လို့ ဘေးအန္တာရာယ်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

လမ်းပေါ်မှာ မိုးထစ်ချုန်း၊ လျှပ်စီးလက်လာလျှင် မိုးခိုသူတွေအနေနဲ့ နီးစပ်ရာ အဆောက်အဦးတွေ၊ ဇရပ်တွေ၊ ဓမ္မာရုံတွေမှာ မိုးခိုတတ်ကြပြီး၊ တချို့မှာ မိုးကြိုးပစ်ခံရတာတွေအပြင်၊ လမ်းမပေါ် စက်ဘီးတွန်းရင်း ပစ်ခံရတာတွေလည်း ဒီနှစ်ထဲ ဖြစ်ခဲ့ပါတယ်။ အခုလို နီးစပ်ရာမှာ မိုးခိုသူတွေအနေနဲ့ ဒီအဆောက်အဦး၊ ဇရပ်နဲ့ ဓမ္မာရုံတွေထဲမှာ လျှပ်စစ်စီးနိုင်တဲ့ သံထည်ပစ္စည်းတွေ ရှိမရှိ အရင်ကြည့်သင့်ပြီး၊ ဒီ သံထည်ပစ္စည်းအပြင် နောက်ထပ် လျှပ်စစ်စီးနိုင်တဲ့ ပစ္စည်းတွေနဲ့ ဝေးတဲ့နေရာမျိုး၊ ဖြစ်နိုင်လျှင် အဆောက်အဦး အလယ်ပိုင်းမှာ ခိုလှုံသင့်ပါတယ်။ စက်ဘီးတွန်းသူအပြင် မိုးထစ်ချုန်း၊ လျှပ်စီးလက်ချိန်မှာ စက်ဘီးစီး၊ ဆိုင်ကယ်စီးသူတွေအနေနဲ့လည်း သံထည်ပစ္စည်းတွေဖြစ်တဲ့ စက်ဘီးတွေ၊ ဆိုင်ကယ်တွေကို အမြန် ဖယ်ရှားလိုက်ပြီး၊ ဝေးရာမှာ သွားခိုသင့်ပါတယ်။ အခုလို အချိန်မှာ လမ်းမပေါ်ရောက်နေသူတွေအားလုံး၊ ဓာတ်တိုင်နား၊ သွတ်ဆူးကြိုး ခြံစည်းရိုးတွေနား မခိုသင့်ပါဘူး။

ထူးထူးခြားခြား ဒီနှစ်ထဲ အိမ်တွင်းမှာ ဖုန်းပြောသူနဲ့ လက်ကိုင်ဖုန်းနဲ့ အင်တာနက်သုံးသူတွေမှာလည်း မိုးကြိုးပစ်ခံ သေဆုံးခဲ့ကြရပါတယ်။ လက်ကိုင်ဖုန်း သုံးတာသက်သက်ကြောင့်၊ မိုးကြိုးမပစ်နိုင်ဘူးလို့ ပညာရပ်ပိုင်းအရ ပြောဆိုမူတွေရှိနေပေမယ့်၊ မြန်မာနိုင်ငံမှာတော့ လက်ကိုင်ဖုန်းသုံးစဉ်၊ မိုးကြိုးပစ်တာ လက်တွေ့အရ ဖြစ်ခဲ့တာကြောင့်၊ ကိုယ့်အန္တရာယ်အတွက် ကြိုတင်ကာကွယ်သင့်ပါတယ်။ ဒါကြောင့် မိုးထစ်ချုန်း လျှပ်စီးလက်ချိန်မှာ သတ္တုပစ္စည်းဖြစ်ပြီး၊ လျှပ်စစ်စီးမူနဲ့ ဆက်စပ်နေတဲ့ ဖုန်းကို အိမ်တွင်းမှာရော၊ အိမ်ပြင်မှာပါ မသုံးဘဲ၊ ဖြစ်နိုင်လျှင် ပိတ်ထားသင့်ပါတယ်။

ဒါ့အပြင် ဒီနှစ်ထဲ အိမ် တံစက်မြိတ်မှာ မိုးရေခံနေစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးတာလည်း ရှိခဲ့ပါတယ်။ အရင် လေး၊ ငါး နှစ်တုံးကတော့ တံစက်မြိတ်မှာ မိုးရေချိုးနေစဉ်လည်း မိုးကြိုးပစ်ခံခဲ့တာ ရှိခဲ့ပါတယ်။ မိုးကြိုးစက်ဝိုင်း ကျနေစဉ်မှာ ရေနဲ့ထိတွေ့ခဲ့တာကြောင့် အခုလို ပစ်ခံရတာဖြစ်နိုင်တာမို့၊ မိုးထစ်ချုန်း၊ လျှပ်စီးလက်နေချိန်မှာ တံစက်မြိတ်အောက် မိုးရေခံတာ၊ ရေချိုးတာတွေမလုပ်သင့်တာအပြင်၊ အိမ်ထဲမှာလည်း ရေနဲ့ မထိတွေ့ဖို့လိုရာမှာ သံထည်နဲ့သတ္တုပစ္စည်းတွေဖြစ်တဲ့ ပန်းကန်ခွက်ယောက်တွေကို ရေနဲ့ဆေးတာလည်း မလုပ်သင့်ပါဘူး။

အိမ်တွင်းမှာ မိုးကြိုးပစ်ခံရမူတွေရှိလာတာကြောင့် အိမ်တွင်းအတွက် နောက်ထပ် ဆောင်ရန်၊ ရှောင်ရန်တွေ ရှိလာပါတယ်။ မိုးတစ်ချုန်းချိန်၊ လျှပ်စီးလက်ချိန်မှာ အိမ်ပြူတင်းပေါက်တွေနဲ့ တံခါးပေါက်တွေနား၊ နံရံနားတွေမှာ ကပ်မနေဘဲ၊ အိမ်အလယ်မှာ နေသင့်ပါတယ်။ ဒါ့အပြင် မှန်ပြူတင်းပေါက်တွေမှာ လိုက်ကာ (သို့မဟုတ်) စက္ကူတွေ ကပ်ထားသင့်ပါတယ်။ အိမ်ထဲရှိနေစဉ်မှာ ရေဒီယိုနားထောင်တာ၊ ရုပ်မြင်သံကြား (TV) ကြည့်တာ၊ ကွန်ပြူတာရိုက်တာ၊ လျှပ်စစ်မီးပူတိုက်တာ၊ လျှပ်စစ်ထမင်းအိုး ချက်တာတွေမလုပ်ဘဲ၊ မီးခလုပ်ကို ပိတ်ထားတာ၊ ဖြစ်နိုင်လျှင် မီးပလပ်ပါ ဖြုတ်ထားသင့်ပါတယ်။ အခုလို အချိန်မှာ အိမ်ထဲ ရေသုံးစွဲတာမလုပ်တာအပြင်၊ ရေလဲ မချိုးသင့်ပါဘူး။ ဒါ့အပြင် အိမ်ထဲက သံနဲ့သတ္တုပစ္စည်းတွေကို ကိုင်မထားဖို့ အရေးကြီးပါတယ်။

အိမ်ပြင်မှာလည်း စက်ဘီး၊ ဆိုင်ကယ်စီးတာအပြင်၊ လမ်းလျှောက်သူနဲ့ ကားမောင်းနေသူတွေအတွက်လည်း၊ မိုးတစ်ချုန်း၊ လျှပ်စီးလက်ချိန် သတိပြု၊ ကာကွယ်သင့်တာတွေ ရှိပါတယ်။ လမ်းလျှောက်နေသူတွေအနေနဲ့ မြင့်တဲ့နေရာ၊ မြင့်တဲ့သစ်ပင်၊ ဓာတ်တိုင်၊ လျှပ်စစ်ကြိုး၊ ဖုန်းတိုင်ရှိတဲ့နေရာတွေနားမှာ မခိုသင့်ပါဘူး။ ဒါ့အပြင် ရေနဲ့ဝေးတဲ့နေရာမှာ ခိုသင့်ပြီး၊ လမ်းပေါ်က ရေအိုင်တွေကိုလည်း ရှောင်သင့်ပါတယ်။ ထီးဆောင်းထားသူတွေအနေနဲ့လည်း ကိုင်ထားတဲ့ လက်ကျင်လာလျှင် သံပစ္စည်းပါတဲ့ ထီးကို အမြန်လွှင့်ပစ်ပြီး၊ ခန္ဓာကိုယ်ကို အသေးဆုံးဖြစ်အောင် ဒူးတုတ်ထိုင်ချကာ၊ ဝပ် (လက်ကို ဒူးပေါ်တင် ကိုယ်ကို ကွေးညွှတ်ထား) လိုက်သင့်ပါတယ်။ ခန္ဓာကိုယ်နေရာ ကြီးသွားနိုင်တဲ့ မြေပြင်ပေါ် လှဲချလိုက်တာမျိုး မလုပ်သင့်ပါ။ အခုလိုအချိန်မှာ ကားမောင်းနေလျှင်လည်း ကားကိုရပ်ပြီး၊ သစ်ပင်နဲ့ ဓာတ်တိုင်၊ ဓာတ်ကြိုးတွေနား မနေဘဲ၊ အရေးပေါ် အချက်ပြမီး ထွန်းထားသင့်ကာ၊ ကားထဲမှာ ဆက်ထိုင်နေပြီး ဘေးက သံထည်တွေကို မကိုင်သင့်ပါဘူး။ အဲဒီလိုအချိန်မှာ ရေကို ဖြတ်မောင်းဖို့ ရှိနေလျှင်လည်း ခဏ စောင့်ဆိုင်းသင့်ပါတယ်။

နောက်ဆုံးအရေးကြီးတာက မိုးကြိုးဖြစ်စဉ်တွေအရ နေ့လည် (၁၂) နာရီနဲ့ ညနေ (၆) နာရီ အချိန်အတွင်း၊ မိုးကြိုးအများဆုံးပစ်တာကြောင့်၊ အခုလို အချိန်အပိုင်းအခြားတွင်းမှာ မိုးထစ်ချုန်း၊ လျှပ်စီးလက်နေလျှင်၊ မိုးကြိုးဒဏ်ကာကွယ်နည်းတွေကို သိထားပြီး၊ အခြားသူများကိုလည်း ဝေမျှကာ၊ အားလုံး အထူးသတိပြု ကာကွယ်နေထိုင်သင့်ပါတယ်။

ဒီမိုးကြိုးပစ်မူတွေကို အသေးစိတ်စောင့်ကြည့်နေတဲ့၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာနက ညွှန်ကြားရေးမူး ဒေါ်ဖြူလဲ့လဲ့ထွန်းအား ကိုဝင်းမင်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG