သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အရည္အေသြးျပည့္တဲ့ ကင္ဆာေစာင့္ေရွာက္မူ (အပိုင္း - ၂)


FILE - Slides are prepared during a breast and cervical cancer screening program at the NorthPoint Health and Wellness Center in Minneapolis, Minn.
တိုက္႐ိုက္ လင့္ခ္

ကင္ဆာအတြက္ အရည္အေသြးျပည့္ဝတဲ့ ျပဳစုေစာင့္ေရွာက္မူရႏိုင္ဖို႔၊ ကာကြယ္ေရးနဲ႔ ပညာေပးေရးက အထူးအေရးႀကီးတယ္လို႔ ကင္ဆာအထူးကုေတြက ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ကင္ဆာကုသႏိုင္မူ အရင္းအျမစ္အားနည္းတာေၾကာင့္ ကာကြယ္ေရး (Prevention) နဲ႔ က်န္းမာေရးပညာေပးေရးက အထူးအေရးႀကီးေနတာပါ။ ကင္ဆာအမ်ားစု (၆၀% - ၈၀%) က ကာကြယ္ႏိုင္ပါတယ္။ ျမန္မာႏိုင္ငံထဲ ကင္ဆာကာကြယ္ေရးမွာ အသည္း (Liver) ကင္ဆာအတြက္ အသည္းေရာင္ဘီပိုး (Hepatitis B) ကာကြယ္ေဆး (Vaccination) ထိုးေပးတာ ထိေရာက္မူရွိလာေနၿပီး၊ သားအိမ္ေခါင္းကင္ဆာ (Cervical Cancer) အတြက္လည္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) အကူအညီနဲ႔ အျခားႏိုင္ငံေတြပါေပါင္းလုပ္ေနတာ အရွိန္စရလာေနပါၿပီ။ ဒါေပမဲ့ ရင္သားကင္ဆာ (Breast Cancer/ Ca Breast) ကာကြယ္ေရးကေတာ့ တိတိက်က် မလုပ္ႏိုင္ေသးပါဘူး။ အဆုပ္ကင္ဆာ၊ ႏႈတ္ခမ္းနဲ႔ ခံတြင္းကင္ဆာေတြအတြက္လည္း ေဆးလိပ္၊ ေဆး႐ြက္ႀကီးနဲ႔ကြမ္း မွီဝဲတာေတြကို မေလ်ာ့ခ်ႏိုင္ေသးတာေၾကာင့္ သိပ္မကာကြယ္ႏိုင္ေသးပါဘူး။ ဒါေၾကာင့္ က်န္းမာေရးဗဟုသုတ နည္းေနေသးတဲ့ ျမန္မာႏိုင္ငံမွာ၊ လူထုပါလာႏိုင္ေအာင္ က်န္းမာေရးပညာေပးေတြ ပိုလုပ္ေပးဖို႔ အထူးအေရးႀကီးေနပါတယ္။ က်န္းမာေရးအသိ ပိုရွိလာျခင္းျဖင့္ ဒီကာကြယ္ေရးမွာ ပိုထိေရာက္လာႏိုင္တာအျပင္၊ ကင္ဆာျဖစ္လာလွ်င္လည္း ေစာေစာႀကိဳတင္ စစ္ေဆး သိရွိႏိုင္ၿပီး၊ အစပိုင္းအဆင့္မွာ ခြဲထုတ္ျခင္းျဖင့္၊ ေဆးအနည္းငယ္နဲ႔ အမ်ားႀကီး ျပန္ေကာင္းသြားေအာင္ ကုေပးႏိုင္ပါတယ္။

ေနာက္ထပ္ အေရးႀကီးတာကေတာ့ ကင္ဆာဆိုင္ရာ စာရင္းဇယားေတြ (Data) ျပဳစုထားဖို႔ပါ။ ကင္ဆာလူနာအေျခအေန၊ ကုသမူအေျခအေန၊ ကင္ဆာျဖစ္ႏႈန္း ေသႏႈန္းေတြနဲ႔ ေနာက္ဆုံးရလဒ္ေတြ (Outcome) ကို ျပဳစုထားဖို႔ လိုပါတယ္။ ဒီအတြက္ ေနျပည္ေတာ္နဲ႔ ရန္ကုန္မွာ ကင္ဆာ မွတ္တမ္းျပဳစုမူ (Cancer Registry) ေတြ စတင္လုပ္ေဆာင္ေနတာ အရွိန္စရလာေနပါၿပီ။

ဒါ့အျပင္ က႑ေပါင္းစုံက ေဆးပညာရွင္နဲ႔လုပ္သားေတြအပါအဝင္ စုေပါင္းကုသေရးအဖြဲ႕ (Multidisciplinary Team - MDT) မွာ လူနာနဲ႔ လူနာမိသားစုေတြပါ ထည့္သြင္းဆုံးျဖတ္ႏိုင္ေရးက ေနာက္ပိုင္းမွာ အေရးပါလာေနပါတယ္။ လူနာရဲ႕ စံတန္ဖိုးထားမူ (Value)၊ လိုအပ္ခ်က္ (Need) နဲ႔ ပိုလိုလားမူ (Preference) ေတြကို ထည့္သြင္းစဥ္းစားႏိုင္တဲ့ လူနာဗဟိုျပဳ (Patient-Centric) ကုသေစာင့္ေရွာက္မူပုံစံမ်ိဳး ေဖာ္ေဆာင္ေပးသင့္ပါတယ္။ အခုလိုလူနာပါဝင္ဆုံးျဖတ္ႏိုင္ဖို႔ လူနာေတြအတြက္ ‌ေရာဂါဆိုင္ရာသတင္းအခ်က္အလက္ အကုန္လုံးကို ရယူ၊သိပိုင္ခြင့္ (Access to Information) ေပးဖို႔ လိုပါတယ္။ လူနာအေနနဲ႔ အစပိုင္းမွာ ကင္ဆာေရာဂါရွိေနတာကို မၾကားခ်င္၊ လက္မခံခ်င္လွ်င္ေတာင္ (Denial Stage)၊ တျဖည္းျဖည္းနဲ႔ မိသားစုကတဆင့္ နားခံသာလာေအာင္ ေဖ်ာင္းဖ်အသိေပးႏိုင္ပါတယ္။ အခုလို သတင္းအခ်က္အလက္အျပင္၊ လူနာရဲ႕ ေဆးမွတ္တမ္း (Medical Record) ကိုလည္း လူနာကို ေပးဖို႔ လိုပါတယ္။

ေနာက္ထပ္ လိုအပ္တာက ဘယ္လိုကုသမူမ်ိဳး ခံယူလိုတာကို လူနာကိုယ္တိုင္ (သို႔မဟုတ္) လူနာကိုယ္စားတရားဝင္ သေဘာတူခ်က္ (Consent) ေပးလာႏိုင္ေအာင္ ဖန္တီးေပးသင့္ပါတယ္။ ဒါေပမဲ့ ဒီေနရာမွာ ေသေတာ့မယ္ထင္ၿပီး အားကိုးရာမဲ့ခံစားရတတ္တဲ့ လူနာကို လုံးဝေပ်ာက္မယ္လို႔ မက္လုံးမွားယြင္းေပးၿပီး၊ ေငြကုန္ေက်းက်မ်ားကာ တကယ္မထိေရာက္ႏိုင္တဲ့ကုသမူ အေျခအေနမ်ိဳးကို မလုပ္ေဆာင္သင့္ပါဘူး။ လူနာရဲ႕ ေရာဂါအဆင့္အေျခအေနအရ အမွန္အတိုင္း ဘယ္ေလာက္အတိုင္းအတာအထိ ေပ်ာက္ႏိုင္တာကို လူနာ နားလည္ေအာင္၊ အေသးစိတ္ အခ်ိန္ယူရွင္းျပၿပီး၊ လူနာကိုယ္တိုင္ ခ်ိန္ဆႏိုင္ကာ၊ ဘယ္လိုကုသမူမ်ိဳးခံယူခ်င္တာကို ေျပာလာႏိုင္တဲ့အထိ လုပ္ေဆာင္ေပးသင့္ပါတယ္။ ဒါမွသာ ကုသမူက ေငြကုန္က်မူနဲ႔တြက္ေခ်ကိုက္ၿပီး လူနာ ဒုကၡမေရာက္ႏိုင္မွာပါ။ လူနာတခ်ိဳ.မွာ မွားယြင္းမက္လုံးေပးကုသမူခံရတာေၾကာင့္ ေပ်ာက္မယ္ထင္ၿပီး ရွိသမွ် ေရာင္းခ်ကုသေပမဲ့၊ ကိုယ္တိုင္လည္းေသ၊ မိသားစုလည္း မြဲေတက်န္ခဲ့ရတဲ့ အေနအထားေတြ ျဖစ္ေနတာကို ကာကြယ္ႏိုင္ဖို႔ပါ။

ဒါ့အျပင္ ကင္ဆာမွာ ေနာက္ဆုံးကုမရေတာ့တဲ့အဆင့္ေရာက္ၿပီး၊ မေသခင္မွာ နာက်င္မူျပင္းျပင္းထန္ထန္ မခံစားရေအာင္ နာက်င္မူသက္သာေဆးေတြ (Narcotics) အလုံအေလာက္ေပးႏိုင္ဖို႔လည္း အေရးႀကီးပါတယ္။ ဒီအေျခအေနမွာ ကိုယ္ခႏၶာနာက်င္မူ (Physical Pain) အျပင္ စိတ္ပိုင္းဆိုင္ရာနာက်င္မူ (Mental Pain) ေတြပါ ျပင္းျပင္းထန္ထန္ခံစားေနရတာမို႔၊ စုေပါင္းကုသမူေပးဖို႔ လိုအပ္ၿပီး၊ အစိုးရဌာနေတြအထိ (က်န္းမာေရး၊ လူမူဖူလႈံေရး၊ စသည္ျဖင့္) ပါဝင္ေပးဖို႔ လိုပါတယ္။

ေနာက္ထပ္လိုအပ္ေသးတာက လူနာအေပၚ ႏွိမ္ခ်တာမရွိဘဲ၊ လူလူခ်င္း ေလးစားမူေပးကာ၊ သူ႔ရဲ႕ ကိုယ္ေရးကိုယ္တာ (Privacy)၊ လ်ိဳ.ဝွက္လိုမူ (Confidentiality) နဲ႔ ဂုဏ္သိကၡာ (Dignity) ေတြအတြက္ ထည့္သြင္းစဥ္းစားၿပီး ေကာင္းေကာင္းမြန္မြန္ ဆက္ဆံသင့္ပါတယ္။ ဒါ့အျပင္ လူမ်ိဳး (Race)၊ က်ား/မ (Sex)၊ ဘာသာ (Religion) ၊ မိမိနဲ႔ နီးစပ္မူ (မိမိေဆးခန္းျပသူအပါအဝင္) ေတြအေပၚမူတည္ၿပီး၊ ခြဲျခားဆက္ဆံတာေတြ (Discrimination) လည္း မလုပ္သင့္ပါဘူး။

ေနာက္ပိုင္းမွာ ကင္ဆာကုထုံးေဆးသစ္ေတြ (Innovative Cancer Care) အမ်ားႀကီးေပၚလာေနၿပီး၊ ျမန္မာႏိုင္ငံက လူနာအမ်ားစုအေနနဲ႔ လုံးဝမတတ္ႏိုင္တာေၾကာင့္၊ ႏိုင္ငံတကာ သုေတသနစမ္းသပ္မူ (International Trial) ေတြမွာ ပါဝင္ႏိုင္ၿပီး၊ အခမဲ့ကုသမူခံယူႏိုင္ေအာင္ အစိုးရအေနနဲ႔ လိုအပ္တဲ့ ပစၥည္း၊ အေဆာက္အအုံ (Infrastructure) ေတြ တည္ေဆာက္ေပးဖို႔ လိုေနပါတယ္။ အသည္းကင္ဆာအတြက္ေတာ့ ဒီႏိုင္ငံတကာ ေလ့လာစမ္းသပ္မူတစ္ခုမွာ ပါဝင္ႏိုင္ၿပီျဖစ္ေပမဲ့၊ အျခားကင္ဆာေတြအတြက္ အလားတူမရွိေသးတာေၾကာင့္၊ လိုအပ္တဲ့ အရည္အခ်င္းနဲ႔ ပစၥည္းအေဆာက္အအုံ (Facility) ေတြကို အစိုးရအေနနဲ႔ ျဖည့္ဆည္းေပးဖို႔ လိုေနပါတယ္။

ဒါ့အျပင္ ကင္ဆာေရာဂါကေန ျပန္ေကာင္းသြားၿပီး ဆက္ရွင္သန္ႏိုင္သူေတြလည္း အမ်ားအျပားရွိလာေနေပမယ့္၊ သူတို႔မွာ ေငြေၾကးအၾကပ္အတည္း (Financial Hardship) ေတြ ဆက္ရင္ဆိုင္ၾကရတာေၾကာင့္၊ သူတို႔ကို ေစာင့္ေရွာက္ေပးမဲ့ အစီအစဥ္ (Survivorship Care Planning) ေဖာ္ေဆာင္ေပးဖို႔ အစိုးရအေနနဲ႔ ဆက္လုပ္ေဆာင္ေပးသင့္ပါတယ္။ တဆက္တည္းမွာ လူနာေတြအတြက္ ေငြကုန္ခံသာေစႏိုင္မဲ့ က်န္းမာေရးအာမခံစနစ္ (Health Insurance) ထူေထာင္ႏိုင္ေရးအတြက္လည္း အစိုးရက ပံ့ပိုးေပးသင့္ပါတယ္။

ဒီေရာဂါအေၾကာင္း ပိုမိုသိရိွနားလည္ႏုိင္ဖို႔ ကိုဝင္းမင္း က ကင္ဆာအထူးကုနဲ႔ အၿငိမ္းစားပါေမာကၡ ဆရာဝန္ႀကီး ဦးစိုးေအာင္ ကို ေမးျမန္းထားပါတယ္။

==Unicode==

ကင်ဆာအတွက် အရည်အသွေးပြည့်ဝတဲ့ ပြုစုစောင့်ရှောက်မူရနိုင်ဖို့၊ ကာကွယ်ရေးနဲ့ ပညာပေးရေးက အထူးအရေးကြီးတယ်လို့ ကင်ဆာအထူးကုတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကင်ဆာကုသနိုင်မူ အရင်းအမြစ်အားနည်းတာကြောင့် ကာကွယ်ရေး (Prevention) နဲ့ ကျန်းမာရေးပညာပေးရေးက အထူးအရေးကြီးနေတာပါ။ ကင်ဆာအများစု (၆၀% - ၈၀%) က ကာကွယ်နိုင်ပါတယ်။ မြန်မာနိုင်ငံထဲ ကင်ဆာကာကွယ်ရေးမှာ အသည်း (Liver) ကင်ဆာအတွက် အသဲရောင်ဘီပိုး (Hepatitis B) ကာကွယ်ဆေး (Vaccination) ထိုးပေးတာ ထိရောက်မူရှိလာနေပြီး၊ သားအိမ်ခေါင်းကင်ဆာ (Cervical Cancer) အတွက်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကူအညီနဲ့ အခြားနိုင်ငံတွေပါပေါင်းလုပ်နေတာ အရှိန်စရလာနေပါပြီ။ ဒါပေမဲ့ ရင်သားကင်ဆာ (Breast Cancer/ Ca Breast) ကာကွယ်ရေးကတော့ တိတိကျကျ မလုပ်နိုင်သေးပါဘူး။ အဆုပ်ကင်ဆာ၊ နှုတ်ခမ်းနဲ့ ခံတွင်းကင်ဆာတွေအတွက်လည်း ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ကွမ်း မှီဝဲတာတွေကို မလျော့ချနိုင်သေးတာကြောင့် သိပ်မကာကွယ်နိုင်သေးပါဘူး။ ဒါကြောင့် ကျန်းမာရေးဗဟုသုတ နည်းနေသေးတဲ့ မြန်မာနိုင်ငံမှာ၊ လူထုပါလာနိုင်အောင် ကျန်းမာရေးပညာပေးတွေ ပိုလုပ်ပေးဖို့ အထူးအရေးကြီးနေပါတယ်။ ကျန်းမာရေးအသိ ပိုရှိလာခြင်းဖြင့် ဒီကာကွယ်ရေးမှာ ပိုထိရောက်လာနိုင်တာအပြင်၊ ကင်ဆာဖြစ်လာလျှင်လည်း စောစောကြိုတင် စစ်ဆေး သိရှိနိုင်ပြီး၊ အစပိုင်းအဆင့်မှာ ခွဲထုတ်ခြင်းဖြင့်၊ ဆေးအနည်းငယ်နဲ့ အများကြီး ပြန်ကောင်းသွားအောင် ကုပေးနိုင်ပါတယ်။

နောက်ထပ် အရေးကြီးတာကတော့ ကင်ဆာဆိုင်ရာ စာရင်းဇယားတွေ (Data) ပြုစုထားဖို့ပါ။ ကင်ဆာလူနာအခြေအနေ၊ ကုသမူအခြေအနေ၊ ကင်ဆာဖြစ်နှုန်း သေနှုန်းတွေနဲ့ နောက်ဆုံးရလဒ်တွေ (Outcome) ကို ပြုစုထားဖို့ လိုပါတယ်။ ဒီအတွက် နေပြည်တော်နဲ့ ရန်ကုန်မှာ ကင်ဆာ မှတ်တမ်းပြုစုမူ (Cancer Registry) တွေ စတင်လုပ်ဆောင်နေတာ အရှိန်စရလာနေပါပြီ။

ဒါ့အပြင် ကဏ္ဍပေါင်းစုံက ဆေးပညာရှင်နဲ့လုပ်သားတွေအပါအဝင် စုပေါင်းကုသရေးအဖွဲ့ (Multidisciplinary Team - MDT) မှာ လူနာနဲ့ လူနာမိသားစုတွေပါ ထည့်သွင်းဆုံးဖြတ်နိုင်ရေးက နောက်ပိုင်းမှာ အရေးပါလာနေပါတယ်။ လူနာရဲ့ စံတန်ဖိုးထားမူ (Value)၊ လိုအပ်ချက် (Need) နဲ့ ပိုလိုလားမူ (Preference) တွေကို ထည့်သွင်းစဉ်းစားနိုင်တဲ့ လူနာဗဟိုပြု (Patient-Centric) ကုသစောင့်ရှောက်မူပုံစံမျိုး ဖော်ဆောင်ပေးသင့်ပါတယ်။ အခုလိုလူနာပါဝင်ဆုံးဖြတ်နိုင်ဖို့ လူနာတွေအတွက် ‌ရောဂါဆိုင်ရာသတင်းအချက်အလက် အကုန်လုံးကို ရယူ၊သိပိုင်ခွင့် (Access to Information) ပေးဖို့ လိုပါတယ်။ လူနာအနေနဲ့ အစပိုင်းမှာ ကင်ဆာရောဂါရှိနေတာကို မကြားချင်၊ လက်မခံချင်လျှင်တောင် (Denial Stage)၊ တဖြည်းဖြည်းနဲ့ မိသားစုကတဆင့် နားခံသာလာအောင် ဖျောင်းဖျအသိပေးနိုင်ပါတယ်။ အခုလို သတင်းအချက်အလက်အပြင်၊ လူနာရဲ့ ဆေးမှတ်တမ်း (Medical Record) ကိုလည်း လူနာကို ပေးဖို့ လိုပါတယ်။

နောက်ထပ် လိုအပ်တာက ဘယ်လိုကုသမူမျိုး ခံယူလိုတာကို လူနာကိုယ်တိုင် (သို့မဟုတ်) လူနာကိုယ်စားတရားဝင် သဘောတူချက် (Consent) ပေးလာနိုင်အောင် ဖန်တီးပေးသင့်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ သေတော့မယ်ထင်ပြီး အားကိုးရာမဲ့ခံစားရတတ်တဲ့ လူနာကို လုံးဝပျောက်မယ်လို့ မက်လုံးမှားယွင်းပေးပြီး၊ ငွေကုန်ကျေးကျများကာ တကယ်မထိရောက်နိုင်တဲ့ကုသမူ အခြေအနေမျိုးကို မလုပ်ဆောင်သင့်ပါဘူး။ လူနာရဲ့ ရောဂါအဆင့်အခြေအနေအရ အမှန်အတိုင်း ဘယ်လောက်အတိုင်းအတာအထိ ပျောက်နိုင်တာကို လူနာ နားလည်အောင်၊ အသေးစိတ် အချိန်ယူရှင်းပြပြီး၊ လူနာကိုယ်တိုင် ချိန်ဆနိုင်ကာ၊ ဘယ်လိုကုသမူမျိုးခံယူချင်တာကို ပြောလာနိုင်တဲ့အထိ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါမှသာ ကုသမူက ငွေကုန်ကျမူနဲ့တွက်ချေကိုက်ပြီး လူနာ ဒုက္ခမရောက်နိုင်မှာပါ။ လူနာတချို.မှာ မှားယွင်းမက်လုံးပေးကုသမူခံရတာကြောင့် ပျောက်မယ်ထင်ပြီး ရှိသမျှ ရောင်းချကုသပေမဲ့၊ ကိုယ်တိုင်လည်းသေ၊ မိသားစုလည်း မွဲတေကျန်ခဲ့ရတဲ့ အနေအထားတွေ ဖြစ်နေတာကို ကာကွယ်နိုင်ဖို့ပါ။

ဒါ့အပြင် ကင်ဆာမှာ နောက်ဆုံးကုမရတော့တဲ့အဆင့်ရောက်ပြီး၊ မသေခင်မှာ နာကျင်မူပြင်းပြင်းထန်ထန် မခံစားရအောင် နာကျင်မူသက်သာဆေးတွေ (Narcotics) အလုံအလောက်ပေးနိုင်ဖို့လည်း အရေးကြီးပါတယ်။ ဒီအခြေအနေမှာ ကိုယ်ခန္ဓာနာကျင်မူ (Physical Pain) အပြင် စိတ်ပိုင်းဆိုင်ရာနာကျင်မူ (Mental Pain) တွေပါ ပြင်းပြင်းထန်ထန်ခံစားနေရတာမို့၊ စုပေါင်းကုသမူပေးဖို့ လိုအပ်ပြီး၊ အစိုးရဌာနတွေအထိ (ကျန်းမာရေး၊ လူမူဖူလှုံရေး၊ စသည်ဖြင့်) ပါဝင်ပေးဖို့ လိုပါတယ်။

နောက်ထပ်လိုအပ်သေးတာက လူနာအပေါ် နှိမ်ချတာမရှိဘဲ၊ လူလူချင်း လေးစားမူပေးကာ၊ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ (Privacy)၊ လျို.ဝှက်လိုမူ (Confidentiality) နဲ့ ဂုဏ်သိက္ခာ (Dignity) တွေအတွက် ထည့်သွင်းစဉ်းစားပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်ပါတယ်။ ဒါ့အပြင် လူမျိုး (Race)၊ ကျား/မ (Sex)၊ ဘာသာ (Religion) ၊ မိမိနဲ့ နီးစပ်မူ (မိမိဆေးခန်းပြသူအပါအဝင်) တွေအပေါ်မူတည်ပြီး၊ ခွဲခြားဆက်ဆံတာတွေ (Discrimination) လည်း မလုပ်သင့်ပါဘူး။

နောက်ပိုင်းမှာ ကင်ဆာကုထုံးဆေးသစ်တွေ (Innovative Cancer Care) အများကြီးပေါ်လာနေပြီး၊ မြန်မာနိုင်ငံက လူနာအများစုအနေနဲ့ လုံးဝမတတ်နိုင်တာကြောင့်၊ နိုင်ငံတကာ သုတေသနစမ်းသပ်မူ (International Trial) တွေမှာ ပါဝင်နိုင်ပြီး၊ အခမဲ့ကုသမူခံယူနိုင်အောင် အစိုးရအနေနဲ့ လိုအပ်တဲ့ ပစ္စည်း၊ အဆောက်အအုံ (Infrastructure) တွေ တည်ဆောက်ပေးဖို့ လိုနေပါတယ်။ အသည်းကင်ဆာအတွက်တော့ ဒီနိုင်ငံတကာ လေ့လာစမ်းသပ်မူတစ်ခုမှာ ပါဝင်နိုင်ပြီဖြစ်ပေမဲ့၊ အခြားကင်ဆာတွေအတွက် အလားတူမရှိသေးတာကြောင့်၊ လိုအပ်တဲ့ အရည်အချင်းနဲ့ ပစ္စည်းအဆောက်အအုံ (Facility) တွေကို အစိုးရအနေနဲ့ ဖြည့်ဆည်းပေးဖို့ လိုနေပါတယ်။

ဒါ့အပြင် ကင်ဆာရောဂါကနေ ပြန်ကောင်းသွားပြီး ဆက်ရှင်သန်နိုင်သူတွေလည်း အများအပြားရှိလာနေပေမယ့်၊ သူတို့မှာ ငွေကြေးအကြပ်အတည်း (Financial Hardship) တွေ ဆက်ရင်ဆိုင်ကြရတာကြောင့်၊ သူတို့ကို စောင့်ရှောက်ပေးမဲ့ အစီအစဉ် (Survivorship Care Planning) ဖော်ဆောင်ပေးဖို့ အစိုးရအနေနဲ့ ဆက်လုပ်ဆောင်ပေးသင့်ပါတယ်။ တဆက်တည်းမှာ လူနာတွေအတွက် ငွေကုန်ခံသာစေနိုင်မဲ့ ကျန်းမာရေးအာမခံစနစ် (Health Insurance) ထူထောင်နိုင်ရေးအတွက်လည်း အစိုးရက ပံ့ပိုးပေးသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကင်ဆာအထူးကုနဲ့ အငြိမ်းစားပါမောက္ခ ဆရာဝန်ကြီး ဦးစိုးအောင် ကို မေးမြန်းထားပါတယ်။

XS
SM
MD
LG