သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုယ့္ကိုယ္ကို အဆုံးစီရင္မႈကေန ကာကြယ္ေရး


ကိုယ့္ကိုယ္ကို အဆုံးစီရင္မႈကေန ကာကြယ္ရာမွာ ပညာေပးမႈေတြ ပိုလိုအပ္လာတာအျပင္၊ ေဘးကကူေပးႏိုင္မဲ့ လူမႈကူညီေရးကြန္ရက္မ်ိဳးရွိဖို႔ အေရးႀကီးဆုံး ျဖစ္တယ္လို႔ စိတ္က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။

အခုလို ကာကြယ္ေရးမွာ ကိုယ့္ကိုယ္ကို အဆုံးစီရင္ႏိုင္တဲ့ ကာယကံရွင္အတြက္ စိတ္ပိုင္းဆိုင္ရာ အသိပညာေပးမႈ (Psychoeducation) လိုအပ္သလို၊ အေရးႀကီးဆုံးက ကာယကံရွင္ကို ေဘးကေန စိတ္ခံစားမႈဆိုင္ရာအရ (Emotionally) ေထာက္ပံ့ေပးႏိုင္တဲ့ လူမႈကူညီေရးကြန္ရက္ (Social Support Network) မ်ိဳး ရွိဖို႔ပါ။ စိတ္ပိုင္းဆိုင္ရာ ပညာေပးမႈအတြက္ သတင္းအခ်က္အလက္ (Information) မွာလည္း၊ လူတိုင္းအတြက္ ဒီလိုအဆုံးစီရင္မႈမ်ိဳးက အဓိကျဖစ္လာေစတတ္တဲ့ စိတ္ဖိစီးမႈႀကီးေတြ ေလ်ာ့ပါးသြားေအာင္ ဘယ္လိုေဆာင္႐ြက္သင့္တာနဲ႔၊ တတ္ကြၽမ္းတဲ့သူေတြဆီက ဘယ္လို အကူအညီေတာင္းခံႏိုင္တာကို အဓိက ျဖန႔္ျဖဴးေပးသင့္ပါတယ္။ ဒီေနရာမွာ သတင္းမီဒီယာေတြရဲ႕ အခန္းက႑က အေရးပါလာပါတယ္။ ဥပမာ ကိုယ့္ကိုယ္ကို အဆုံးစီရင္မႈ သတင္းသက္သက္ကို အတင္းဆြဲေဆာင္မႈ ပိုရွိေအာင္ လုပ္တာမ်ိဳးထက္၊ အခုလို ကာကြယ္ေပးႏိုင္တဲ့ ပညာေပးအခ်က္အလက္ေတြပါ ထည့္ေပးလိုက္ဖို႔ပါ။

ေနာက္တခ်က္က ကာယကံရွင္ကိုယ္တိုင္ အကူအညီေတာင္းႏိုင္တဲ့ လူမႈကူညီေရးကြန္ရက္မွာလည္း စိတ္ပိုင္းဆိုင္ရာ ပညာရွင္ေတြ မျဖစ္မေန ရွိေနဖို႔ မလိုအပ္ပါဘူး။ ခင္မင္ရာ မိတ္ေဆြ၊ ေဆြမ်ိဳး၊ ယုံၾကည္ရသူေတြကေန သတိထားမိၿပီး၊ ကာယကံရွင္ ျဖစ္ေနတာေတြကို ကိုယ္တိုင္ခံစားရသလို၊ ဘာေျပာေျပာ စိတ္ရွည္စြာ နားေထာင္ေပးၿပီး၊ ကူညီပံ့ပိုးႏွစ္သိမ့္ေပးကာ ေစာင့္ၾကည့္ေပးႏိုင္ဖို႔ အဓိကလိုတာပါ။ အေၾကာင္းက မိမိကိုယ္ကိုယ္ကို အဆုံးစီရင္ႏိုင္သူအေနနဲ႔ သူ႔ကိုယ္သူ မႏွစ္ၿမိဳ ႔ေတာ့ဘဲ လူေတြနဲ႔ မေတြ႔ခ်င္တာေၾကာင့္၊ တစ္ဦးတစ္ေယာက္ထဲ သီးသန႔္ခြဲ ေရွာင္ရွားေနတတ္တာကေန အထီးက်န္ခံစားရၿပီး၊ အဆုံးစီရင္တဲ့အဆင့္ကို တြန္းပို႔ခံရသလို ျဖစ္သြားတတ္တာကို၊ ၾကားကဝင္ကာကြယ္ေပးမႈ လိုလာတာေၾကာင့္ပါ။

ကိုယ့္ကိုယ္ကို အဆုံးစီရင္မႈေတြ ျဖစ္ရျခင္းအေၾကာင္းရင္းကိုက အလြန္ခက္ခဲနက္နဲၿပီး၊ ဘက္စုံျဖစ္တဲ့ ကိုယ္ခႏၶာပိုင္း၊ စိတ္ပိုင္းဆိုင္ရာနဲ႔၊ လူမႈေပါင္းသင္းဆက္ဆံေရးပိုင္း ေပါင္းစုံပါေနတာမို႔၊ တျခား လက္ေတြ႔ကာကြယ္နည္းေတြအတြက္လည္း၊ ဘက္ေပါင္းစုံ စဥ္းစားကာကြယ္ေပးဖို႔ လိုပါတယ္။ ဥပမာ အခုလို အဆုံးစီရင္ႏိုင္တဲ့သူမ်ိဳးကို သတိထားမိတာနဲ႔၊ အခုလိုလုပ္ဖို႔ လိုအပ္မဲ့ ပစၥည္းေတြ စုေဆာင္းေနတာ (ပိုးသတ္ေဆး၊ မီးဖိုေခ်ာင္သုံးဓားလို လက္နက္ စတာေတြ) ရွိႏိုင္တာကို ရွာေဖြ၊ ဖယ္ရွားေပးၿပီး ဆက္ေစာင့္ၾကည့္ေနဖို႔ အေရးႀကီးပါတယ္။ ဒါ့အျပင္ တခ်ဳိ ႔ငယ္႐ြယ္သူေတြအတြက္ေတာ့ ဘဝအေတြ႔အႀကဳံနဲ႔ သင္ခန္းစာနည္းတာေၾကာင့္၊ အခုလို စိတ္ဖိစီးမႈႀကီးႀကံဳရခ်ိန္မွာ ဘယ္လို ကိုယ္တြယ္ေျဖရွင္းရမွန္း မသိႏိုင္တာမို႔၊ သူတို႔ကို ႀကိဳတင္ၿပီး ဘဝျပႆနာ ေျဖရွင္းမႈသင္ခန္းစာ (Problem-solving Skills)၊ ဘဝသင္ခန္းစာ (Life Skills) မ်ိဳးေတြ သင္ေပးထားဖို႔ လိုပါတယ္။ ဒီလိုအေျခခံသင္ခန္းစာေတြကို ေက်ာင္းေတြ၊ အားလပ္ရက္စခန္း (Camp) ဝင္တာေတြမ်ိဳးမွာ သင္ၾကားေပးႏိုင္ပါတယ္။

ဒါ့အျပင္ အခုလို ကာကြယ္ရာမွာ ႏွစ္သိမ့္ကုသေပးမႈ (Treatment) အပိုင္းကလည္း အေရးႀကီးပါတယ္။ ဒီအတြက္ ႏိုင္ငံမ်ားစြာမွာ ကိုယ့္ကိုယ္ကို အဆုံးစီရင္မႈ ကာကြယ္ေရး မဟာဗ်ဳဟာ (Suicide Prevention Strategy) ေရးဆြဲၿပီး လုပ္ရာမွာ၊ အဓိကအားျဖင့္ က်န္းမာေရးဝန္ထမ္း၊ သူနာျပဳနဲ႔ ေက်ာင္းဆရာ၊ ဆရာမေတြ တျခားကူညီေပးႏိုင္သူေတြရဲ႕ အသိတရား ျမႇင့္တင္ေပးမႈေတြကို ဦးစားေပးလုပ္ေနၾကပါတယ္။ ဒီေနရာမွာ စိတ္ပိုင္းဆိုင္ရာေရွးဦးသူူနာျပဳစုမႈ (Psychological First Aid) သင္တန္းမ်ိဳးကိုလည္း ထည့္သြင္းေပးေနပါတယ္။ အလားတူ ျမန္မာႏိုင္ငံမွာလည္း ဒီသင္တန္းမ်ိဳးကို အင္တာနက္ကတဆင့္၊ ေနာက္ အင္တာနက္မရႏိုင္တဲ့ နယ္ဘက္လိုေဒသေတြမွာလည္း အုပ္စုငယ္အလိုက္ေတြ႔ဆုံပြဲ (ရပ္႐ြာတြင္း နီးစပ္ရာ အခ်င္းခ်င္းအစုလိုက္အပါအဝင္) နဲ႔ သတင္းမီဒီယာေတြကတဆင့္လည္း ျဖန႔္ျဖဴးမွ်ေဝေပးသင့္ပါတယ္။

လက္ေတြ႔ႏွစ္သိမ့္ကုသေပးရာမွာလည္း အခုလို ကိုယ့္ကိုယ္ကို အဆုံးစီရင္ႏိုင္သူအေနနဲ႔ စိတ္ဖိစီးမႈျပင္းျပၿပီး ဥပမာ မစားခ်င္မေသာက္ခ်င္ ျဖစ္လာတာ၊ ရႈပ္ေထြးတဲ့ စိတ္ေဝဒနာခံစားေနရတာမ်ိဳးေတြ႔လွ်င္၊ မျဖစ္မေန သူေျပာတာအကုန္ကို ကိုယ္ကိုယ္တိုင္ခံစားရသလို နားေထာင္ေပးတာ (Empathic listening) လုပ္ေပးဖို႔ လိုလာပါၿပီ။ ဒါ့အျပင္ ကာယကံရွင္တစ္ေယာက္ထဲ ျဖစ္တာမဟုတ္ဘဲ၊ တျခားသူေတြလည္း ဒီလို စိတ္ခံစားမႈႀကီးမ်ိဳး ႀကဳံလာလွ်င္ အလားတူ ျဖစ္ႏိုင္တာကိုပါ ရွင္းျပေပးဖို႔ လိုပါတယ္။ ဒီေနရာမွာ ျပႆနာက သူကလည္း ေရွာင္ရွားခ်င္၊ ကိုယ္ကလည္း မေျပာရဲ၊ မေမးရဲ ျဖစ္တတ္တာပါ။ ဒါေၾကာင့္ ေျပာေပးေမးေပးဖို႔ (ကိုယ့္ကိုယ္ကို လုပ္ႀကံဖို႔ ရွိလား ေမးတာအပါအဝင္) အထူး အေရးႀကီးလာပါတယ္။ ဒါမွသာ ကာယကံရွင္အတြက္ ခံစားခ်က္ေတြ မွ်ေဝခံစားေပးႏိုင္သူ၊ နားလည္ေပးႏိုင္သူေတြ႔ၿပီး၊ တျခားေျဖရွင္းႏိုင္တဲ့ အႀကံဉာဏ္သစ္ေတြ ရလာကာ၊ သက္သာရာစရလာၿပီး ခ်က္ခ်င္း အဆုံးမစီရင္ေတာ့မွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ယုံၾကည္ကိုးကြယ္မႈဆိုင္ရာ အေထာက္အကူ (Spiritual Support) ေပးႏိုင္တဲ့ သက္ဆိုင္ရာ ဘာသာေရးအဖြဲ႔ေတြ (Faith/ Religious Organizations)၊ ဘာသာေရးဘုန္းႀကီးေက်ာင္းေတြ သြားတာမ်ိဳးနဲ႔ စိတ္ခံစားမႈဆိုင္ရာ အေထာက္အကူ (Emotional support) ရလာေအာင္ ကူညီေပးသင့္ပါတယ္။ စိတ္ေရာဂါခံစားရတဲ့အဆင့္ သိသာလာလွ်င္လည္း သက္သာေအာင္လုပ္ေပးႏိုင္တဲ့ တတ္ကြၽမ္းသူေတြရွိတဲ့ ကုသမႈေနရာမ်ိဳး (စိတ္ပိုင္းဆိုင္ရာ ေဆး႐ုံ၊ ေဆးခန္း) ေတြကို ေရာက္ေအာင္ တတ္ႏိုင္သေလာက္ ကူညီစီမံေပးဖို႔ အေရးႀကီးပါတယ္။ အခုလို အဆုံးစီရင္ေတာ့မဲ့အခ်ိန္မွာ ကာယခံရွင္က စလုပ္ႏိုင္တာထက္၊ ေဘးပတ္ဝန္းက်င္က သိၿပီး စကူညီႏိုင္တာ၊ ဥပမာ ဒီ သတင္းအခ်က္အလက္ (Information) မ်ိဳး ေျပာျပေပးၿပီး လက္ေတြ႔အကူအညီေတြရေအာင္ လုပ္ေပးတာမ်ိဳးက ပိုအေရးပါလာတယ္။ တကယ္ေတာ့ အမ်ားက ဘယ္လိုလုပ္ေပးႏိုင္တာ သိထားဖို႔ ျမန္မာမွာ အေတြ႔အႀကဳံ နည္းႏိုင္ေသးတာေၾကာင့္၊ ဒီ ပညာေပးလုပ္ငန္းေတြ ပိုလုပ္ေပးဖို႔က ပိုအေရးပါလာေနပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖုိ႔ ကိုဝင္းမင္းက ၾသစေတ်းလ်အေျခစိုက္ စိတ္က်န္းမာေရး အထူးကုသမားေတာ္ႀကီးနဲ႔၊ ျမန္မာေဆးတကၠသိုလ္ေတြရဲ႕ ဂုဏ္ထူးေဆာင္ပါေမာကၡ ေဒါက္တာ Raymond တင့္ေဝ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==== Unicode =====

ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုကနေ ကာကွယ်ရာမှာ ပညာပေးမှုတွေ ပိုလိုအပ်လာတာအပြင်၊ ဘေးကကူပေးနိုင်မဲ့ လူမှုကူညီရေးကွန်ရက်မျိုးရှိဖို့ အရေးကြီးဆုံး ဖြစ်တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

အခုလို ကာကွယ်ရေးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်နိုင်တဲ့ ကာယကံရှင်အတွက် စိတ်ပိုင်းဆိုင်ရာ အသိပညာပေးမှု (Psychoeducation) လိုအပ်သလို၊ အရေးကြီးဆုံးက ကာယကံရှင်ကို ဘေးကနေ စိတ်ခံစားမှုဆိုင်ရာအရ (Emotionally) ထောက်ပံ့ပေးနိုင်တဲ့ လူမှုကူညီရေးကွန်ရက် (Social Support Network) မျိုး ရှိဖို့ပါ။ စိတ်ပိုင်းဆိုင်ရာ ပညာပေးမှုအတွက် သတင်းအချက်အလက် (Information) မှာလည်း၊ လူတိုင်းအတွက် ဒီလိုအဆုံးစီရင်မှုမျိုးက အဓိကဖြစ်လာစေတတ်တဲ့ စိတ်ဖိစီးမှုကြီးတွေ လျော့ပါးသွားအောင် ဘယ်လိုဆောင်ရွက်သင့်တာနဲ့၊ တတ်ကျွမ်းတဲ့သူတွေဆီက ဘယ်လို အကူအညီတောင်းခံနိုင်တာကို အဓိက ဖြန့်ဖြူးပေးသင့်ပါတယ်။ ဒီနေရာမှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ ဥပမာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု သတင်းသက်သက်ကို အတင်းဆွဲဆောင်မှု ပိုရှိအောင် လုပ်တာမျိုးထက်၊ အခုလို ကာကွယ်ပေးနိုင်တဲ့ ပညာပေးအချက်အလက်တွေပါ ထည့်ပေးလိုက်ဖို့ပါ။

နောက်တချက်က ကာယကံရှင်ကိုယ်တိုင် အကူအညီတောင်းနိုင်တဲ့ လူမှုကူညီရေးကွန်ရက်မှာလည်း စိတ်ပိုင်းဆိုင်ရာ ပညာရှင်တွေ မဖြစ်မနေ ရှိနေဖို့ မလိုအပ်ပါဘူး။ ခင်မင်ရာ မိတ်ဆွေ၊ ဆွေမျိုး၊ ယုံကြည်ရသူတွေကနေ သတိထားမိပြီး၊ ကာယကံရှင် ဖြစ်နေတာတွေကို ကိုယ်တိုင်ခံစားရသလို၊ ဘာပြောပြော စိတ်ရှည်စွာ နားထောင်ပေးပြီး၊ ကူညီပံ့ပိုးနှစ်သိမ့်ပေးကာ စောင့်ကြည့်ပေးနိုင်ဖို့ အဓိကလိုတာပါ။ အကြောင်းက မိမိကိုယ်ကိုယ်ကို အဆုံးစီရင်နိုင်သူအနေနဲ့ သူ့ကိုယ်သူ မနှစ်မြို့တော့ဘဲ လူတွေနဲ့ မတွေ့ချင်တာကြောင့်၊ တစ်ဦးတစ်ယောက်ထဲ သီးသန့်ခွဲ ရှောင်ရှားနေတတ်တာကနေ အထီးကျန်ခံစားရပြီး၊ အဆုံးစီရင်တဲ့အဆင့်ကို တွန်းပို့ခံရသလို ဖြစ်သွားတတ်တာကို၊ ကြားကဝင်ကာကွယ်ပေးမှု လိုလာတာကြောင့်ပါ။

ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုတွေ ဖြစ်ရခြင်းအကြောင်းရင်းကိုက အလွန်ခက်ခဲနက်နဲပြီး၊ ဘက်စုံဖြစ်တဲ့ ကိုယ်ခန္ဓာပိုင်း၊ စိတ်ပိုင်းဆိုင်ရာနဲ့၊ လူမှုပေါင်းသင်းဆက်ဆံရေးပိုင်း ပေါင်းစုံပါနေတာမို့၊ တခြား လက်တွေ့ကာကွယ်နည်းတွေအတွက်လည်း၊ ဘက်ပေါင်းစုံ စဉ်းစားကာကွယ်ပေးဖို့ လိုပါတယ်။ ဥပမာ အခုလို အဆုံးစီရင်နိုင်တဲ့သူမျိုးကို သတိထားမိတာနဲ့၊ အခုလိုလုပ်ဖို့ လိုအပ်မဲ့ ပစ္စည်းတွေ စုဆောင်းနေတာ (ပိုးသတ်ဆေး၊ မီးဖိုချောင်သုံးဓားလို လက်နက် စတာတွေ) ရှိနိုင်တာကို ရှာဖွေ၊ ဖယ်ရှားပေးပြီး ဆက်စောင့်ကြည့်နေဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် တချို့ငယ်ရွယ်သူတွေအတွက်တော့ ဘဝအတွေ့အကြုံနဲ့ သင်ခန်းစာနည်းတာကြောင့်၊ အခုလို စိတ်ဖိစီးမှုကြီးကြုံရချိန်မှာ ဘယ်လို ကိုယ်တွယ်ဖြေရှင်းရမှန်း မသိနိုင်တာမို့၊ သူတို့ကို ကြိုတင်ပြီး ဘဝပြဿနာ ဖြေရှင်းမှုသင်ခန်းစာ (Problem-solving Skills)၊ ဘဝသင်ခန်းစာ (Life Skills) မျိုးတွေ သင်ပေးထားဖို့ လိုပါတယ်။ ဒီလိုအခြေခံသင်ခန်းစာတွေကို ကျောင်းတွေ၊ အားလပ်ရက်စခန်း (Camp) ဝင်တာတွေမျိုးမှာ သင်ကြားပေးနိုင်ပါတယ်။

ဒါ့အပြင် အခုလို ကာကွယ်ရာမှာ နှစ်သိမ့်ကုသပေးမှု (Treatment) အပိုင်းကလည်း အရေးကြီးပါတယ်။ ဒီအတွက် နိုင်ငံများစွာမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ကာကွယ်ရေး မဟာဗျုဟာ (Suicide Prevention Strategy) ရေးဆွဲပြီး လုပ်ရာမှာ၊ အဓိကအားဖြင့် ကျန်းမာရေးဝန်ထမ်း၊ သူနာပြုနဲ့ ကျောင်းဆရာ၊ ဆရာမတွေ တခြားကူညီပေးနိုင်သူတွေရဲ့ အသိတရား မြှင့်တင်ပေးမှုတွေကို ဦးစားပေးလုပ်နေကြပါတယ်။ ဒီနေရာမှာ စိတ်ပိုင်းဆိုင်ရာရှေးဦးသူူနာပြုစုမှု (Psychological First Aid) သင်တန်းမျိုးကိုလည်း ထည့်သွင်းပေးနေပါတယ်။ အလားတူ မြန်မာနိုင်ငံမှာလည်း ဒီသင်တန်းမျိုးကို အင်တာနက်ကတဆင့်၊ နောက် အင်တာနက်မရနိုင်တဲ့ နယ်ဘက်လိုဒေသတွေမှာလည်း အုပ်စုငယ်အလိုက်တွေ့ဆုံပွဲ (ရပ်ရွာတွင်း နီးစပ်ရာ အချင်းချင်းအစုလိုက်အပါအဝင်) နဲ့ သတင်းမီဒီယာတွေကတဆင့်လည်း ဖြန့်ဖြူးမျှဝေပေးသင့်ပါတယ်။

လက်တွေ့နှစ်သိမ့်ကုသပေးရာမှာလည်း အခုလို ကိုယ့်ကိုယ်ကို အဆုံးစီရင်နိုင်သူအနေနဲ့ စိတ်ဖိစီးမှုပြင်းပြပြီး ဥပမာ မစားချင်မသောက်ချင် ဖြစ်လာတာ၊ ရှုပ်ထွေးတဲ့ စိတ်ဝေဒနာခံစားနေရတာမျိုးတွေ့လျှင်၊ မဖြစ်မနေ သူပြောတာအကုန်ကို ကိုယ်ကိုယ်တိုင်ခံစားရသလို နားထောင်ပေးတာ (Empathic listening) လုပ်ပေးဖို့ လိုလာပါပြီ။ ဒါ့အပြင် ကာယကံရှင်တစ်ယောက်ထဲ ဖြစ်တာမဟုတ်ဘဲ၊ တခြားသူတွေလည်း ဒီလို စိတ်ခံစားမှုကြီးမျိုး ကြုံလာလျှင် အလားတူ ဖြစ်နိုင်တာကိုပါ ရှင်းပြပေးဖို့ လိုပါတယ်။ ဒီနေရာမှာ ပြဿနာက သူကလည်း ရှောင်ရှားချင်၊ ကိုယ်ကလည်း မပြောရဲ၊ မမေးရဲ ဖြစ်တတ်တာပါ။ ဒါကြောင့် ပြောပေးမေးပေးဖို့ (ကိုယ့်ကိုယ်ကို လုပ်ကြံဖို့ ရှိလား မေးတာအပါအဝင်) အထူး အရေးကြီးလာပါတယ်။ ဒါမှသာ ကာယကံရှင်အတွက် ခံစားချက်တွေ မျှဝေခံစားပေးနိုင်သူ၊ နားလည်ပေးနိုင်သူတွေ့ပြီး၊ တခြားဖြေရှင်းနိုင်တဲ့ အကြံဉာဏ်သစ်တွေ ရလာကာ၊ သက်သာရာစရလာပြီး ချက်ချင်း အဆုံးမစီရင်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အထောက်အကူ (Spiritual Support) ပေးနိုင်တဲ့ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့တွေ (Faith/ Religious Organizations)၊ ဘာသာရေးဘုန်းကြီးကျောင်းတွေ သွားတာမျိုးနဲ့ စိတ်ခံစားမှုဆိုင်ရာ အထောက်အကူ (Emotional support) ရလာအောင် ကူညီပေးသင့်ပါတယ်။ စိတ်ရောဂါခံစားရတဲ့အဆင့် သိသာလာလျှင်လည်း သက်သာအောင်လုပ်ပေးနိုင်တဲ့ တတ်ကျွမ်းသူတွေရှိတဲ့ ကုသမှုနေရာမျိုး (စိတ်ပိုင်းဆိုင်ရာ ဆေးရုံ၊ ဆေးခန်း) တွေကို ရောက်အောင် တတ်နိုင်သလောက် ကူညီစီမံပေးဖို့ အရေးကြီးပါတယ်။ အခုလို အဆုံးစီရင်တော့မဲ့အချိန်မှာ ကာယခံရှင်က စလုပ်နိုင်တာထက်၊ ဘေးပတ်ဝန်းကျင်က သိပြီး စကူညီနိုင်တာ၊ ဥပမာ ဒီ သတင်းအချက်အလက် (Information) မျိုး ပြောပြပေးပြီး လက်တွေ့အကူအညီတွေရအောင် လုပ်ပေးတာမျိုးက ပိုအရေးပါလာတယ်။ တကယ်တော့ အများက ဘယ်လိုလုပ်ပေးနိုင်တာ သိထားဖို့ မြန်မာမှာ အတွေ့အကြုံ နည်းနိုင်သေးတာကြောင့်၊ ဒီ ပညာပေးလုပ်ငန်းတွေ ပိုလုပ်ပေးဖို့က ပိုအရေးပါလာနေပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက သြစတျေးလျအခြေစိုက် စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီးနဲ့၊ မြန်မာဆေးတက္ကသိုလ်တွေရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာ Raymond တင့်ဝေ ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG