သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှတလွှား အပူဒဏ်အန္တရာယ် သတိပေးချက်တွေထုတ်ပြန်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ အပူသက်သာစေရေး မြို့သာယာရေးကော်ပိုရေးရှင်းက ရေဖြန်းကားနဲ့ ဖြန်းပေးနေစဉ် (ဧပြီ ၂၅၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ အပူသက်သာစေရေး မြို့သာယာရေးကော်ပိုရေးရှင်းက ရေဖြန်းကားနဲ့ ဖြန်းပေးနေစဉ် (ဧပြီ ၂၅၊ ၂၀၂၄)

အာရှတလွှားမှာ အပူဒဏ်ကြောင့် စာသင်ကျောင်းတွေပိတ်၊ သတိပေးချက်တွေ ထုတ်ပြန်နေရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဆိုရင်လည်း အစိုးရက ကျောင်းတွေကို ၂ ရက်ပိတ်လိုက်ပြီး အားလုံးကို အိမ်တွေမှာပဲနေကြဖို့ အမိန့်ထုတ်ခဲ့တာပါ။ စံချိန်တင် အပူချိန်မြင့်နေတာကြောင့် ကျန်းမာရေးထိခိုက်နိုင်တဲ့အတွက် အစိုးရကျောင်းပေါင်း ၄၇,၀၀၀ ကျော်က ကျောင်းတွေကို အွန်လိုင်းစနစ်နဲ့ သင်ကြားဖို့ အစိုးရက ညွှန်ကြားထားတာပါ။

အပူဒဏ်ကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ထဲ နိုင်ငံတဝန်း စာသင်ကျောင်းတွေပိတ်ထားခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း ကျောင်းတွေပိတ်ဖို့ ဒီကနေ့ပဲ အမိန့်ထပ်မံထုတ်ပြန်ခဲ့တာပါ။ မြို့တော်ဒါကာမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပျမ်းမျှ အမြင့်ဆုံးအပူချိန် ၁၀၅ ဒီကရီဖာရင်ဟိုက် အထိမြင့်တက်ခဲ့တာပါ။ ဒီအပူချိန်က နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်ပြီး လာမယ့်ရက်တွေမှာလည်း ရာသီဥတု ဆက်ပြီးပူပြင်းမယ်လို့ ခန့်မှန်းထားပါတယ်။ အပူဒဏ်ကြောင့် ဧပြီလထဲ သေဆုံးသူ ၇ ယောက်ထက်မနည်းရှိတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံဘန်ကောက်မြို့ လမ်းမမီးပွိုင့်မှာ အရိပ်ခိုနေကြတဲ့ ဆိုင်ကယ်များကိုတွေ့ရစဉ် (ဧပြီ ၂၅၊ ၂၀၂၄)
ထိုင်းနိုင်ငံဘန်ကောက်မြို့ လမ်းမမီးပွိုင့်မှာ အရိပ်ခိုနေကြတဲ့ ဆိုင်ကယ်များကိုတွေ့ရစဉ် (ဧပြီ ၂၅၊ ၂၀၂၄)

ထိုင်းနိုင်ငံမှာလည်း အခုနှစ်အတွင်း အပူလှိုင်းကြောင့် သေဆုံးသူဟာ ၃၀ ထက်မနည်း ရှိသွားပြီဖြစ်သလို မြောက်ပိုင်းခရိုင်တွေမှာ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေနဲ့ ကြုံနေရတယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG