သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ ဖားဆောင်းမြို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်


ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)

ကရင်နီဒေသ ဖားဆောင်းမြို့မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကြား ပြီးခဲ့တဲ့လနှောင်းပိုင်းကစ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး၊ အထိအခိုက်အကျအဆုံးတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားဆောင်းမြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး၊ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာတွေ ရှိတယ်လို့လည်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပြောခွင့်ရသူတဦးဖြစ်တဲ့ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

“ဖားဆောင်းမြို့ထဲမှာတော့ အခုချိန်ထိ ထိတွေ့တိုက်ပွဲတွေက ရှိနေတုန်းပဲပေါ့နော်။ လောလောဆယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒါမြို့ထဲမှာ ပြန့်ထားတဲ့ သူ့ရဲ့ လှုပ်ရှားတပ်တွေ သူတို့ရဲ့ ဒီမြို့ရဲ့ စေတီကုန်းက ကုန်းစခန်းကနေ သူတို့ပြန်ဆုတ်ပြီးတော့ သူတို့ အခြေစိုက်တပ်ရင်းတွေဘက်ကို ပြန်ပြီးတော့ ဆုတ်ခွာသွားတဲ့ အခြေအနေမျိုး ဖြစ်သွားပါပြီး။ စစ်ကောင်စီတပ်ဘက်က မြို့ထဲကိုတော့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အဆမတန် လုပ်နေတာတော့ ရှိပါတယ်။”

တိုက်ပွဲတွေအတွင်း ၂ ဘက် ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ ပြောပေမဲ့ အတိအကျတော့ မသိရသလို၊ စစ်ကောင်စီက သတင်းထုတ်ပြန်တာလည်း မတွေ့ရသေးပါဘူး။ တိုက်ပွဲတွေဖြစ်နေတဲ့ နယ်မြေကဒေသခံတချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေ ရှိတယ်လို့လည်း KNDF ပြောခွင့်ရက ပြောဆိုခဲ့ပေမဲ့ သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။ တိုက်ပွဲတွေကြောင့် ဒေသခံအများအပြားဟာလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း အကူအညီပေးနေသူတွေက ဗွီအိုအေကို ပြောပါတယ်။

Forum

XS
SM
MD
LG