သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးသည်းထန်ရေကြီးမှုကြောင့် မြိတ်မြို့မှာ စာသင်ကျောင်းတချို့ပိတ်


တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ မိုးများရေကြီးမှုတွေကြောင့် စာသင်ကျောင်းတချို့ ပိတ်ထားရ (စက်တင်ဘာ ၂၈၊ ၂၀၂၃)
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ မိုးများရေကြီးမှုတွေကြောင့် စာသင်ကျောင်းတချို့ ပိတ်ထားရ (စက်တင်ဘာ ၂၈၊ ၂၀၂၃)

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ မိုးများရေကြီးမှုတွေကြောင့် စာသင်ကျောင်းတချို့ ပိတ်ထားရပါတယ်။ မိုးသည်းထန် လေပြင်းတိုက်ခိုက်မှုတွေကြောင့် မြေပြိုမှုတွေကြုံခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ အရေးပေါ် အကူအညီပေးနေသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို မအိသန့်စင် ပြောပြမှာပါ။

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ ဗုဒ္ဓဟူးနေ့ ညကစ မိုးသည်းထန် လေပြင်းတိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီး၊ ရပ်ကွက်တချို့ ရေဘေးသင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးများပြီး ကျောင်းထဲရေဝင်လို့ စာသင်ကျောင်းတွေကိုလည်း ဒီကနေ့မှာ ယာယီပိတ်လိုက်ရတယ်လို့ မြိတ်မြို့က မိဘမေတ္တာ သွေးနှင့်ပရဟိတအသင်း တာဝန်ခံတဦးက ပြောပါတယ်။

"(စာသင်ကျောင်းတွေ) ပိတ်တော့ပိတ်ရတယ်ဗျ။ ညကဆို မိုးတအားရွာတယ်။ မိုးတအားရွာတော့ စာသင်ကျောင်းတွေ အကုန်လုံးပိတ်လိုက်ရတယ်။ ပြီးတော့ ကျွဲကူးဘက်ခြမ်းမှာလည်း မြေပြိုပြီး လူထိခိုက်မှု ရှိခဲ့တယ်။"

မိုးများပြီး မြေပြိုတာကြောင့် အနည်းဆုံး အိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စုက ကျွဲကူးကျေးရွာမှာ ဒီနေ့အစောပိုင်း မြေပြိုကျရာက အိမ် ၂ လုံး ပျက်စီးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ အရေးပေါ် အကူအညီပေးနေတဲ့မိဘမေတ္တာ သွေးနှင့်ပရဟိတအသင်း တာဝန်ခံက အခုလို ပြောပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ မိုးများရေကြီးမှုတွေကြောင့် စာသင်ကျောင်းတချို့ ပိတ်ထားရ (စက်တင်ဘာ ၂၈၊ ၂၀၂၃)
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ မိုးများရေကြီးမှုတွေကြောင့် စာသင်ကျောင်းတချို့ ပိတ်ထားရ (စက်တင်ဘာ ၂၈၊ ၂၀၂၃)

"အိမ်က နှစ်လုံးပါသွားတယ်။ မြေသားပေါ်မှာဆောက်တဲ့ ဓနိမိုးအိမ်ပဲ။ အိမ်ကို တောင်စောင်းမှာ ဆောက်ထားတာ တောင်ပြိုတော့ အိမ်နှစ်ဆောင်လုံး ပါသွားတယ်။ သူတို့ပြောတာတော့ ပိုက်ဆံက သိန်း ၃၀ လောက် ပါသွားတယ်။ အမျိုးသမီးကြီးက နှဖူးကွဲပြီး နံရိုးညှပ်သွားတယ်။ အိမ်ထဲမှာထားထားတဲ့ ဆိုင်ကယ်က တစီးပါသွားတယ်။"

ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် ပရဟိတအသင်းတွေက ကူညီဆောင်ရွက်ပေး နေတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း မိုးရွာသွန်းတဲ့ အရှိန်ကြောင့် ကျွဲကူးကျေးရွာ၊ ရန်ကင်းတောင်ပေါ်က မြေထိန်းနံရံတချို့ ပြိုကျပျက်စီးခဲ့ပါတယ်။ မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ဟာ မြောက်-အနောက်မြောက်ဘက်ဆီ ရွေ့လျားနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ မနက်ဖြန်မနက်အထိ နေရာကွက်ပြီး မိုးကြီးနိုင်တဲ့ ဒေသတွေထဲမှာ တနင်္သာရီတိုင်းလည်း ပါဝင်တယ်လို့ ခန့်မှန်းထားပါတယ်။ မိုးများလေပြင်းတဲ့အရှိန်ကြောင့် ရေကြီးရေလျှံတာနဲ့ မြေပြိုကျတဲ့ဒဏ်ကို အခုနှစ် မိုးတွင်းကာလမှာ ဒေသတချို့ ကြုံတွေ့နေရတာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG