သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုလက်နက်တင်ပို့မှု တောင်အာဖရိကအထက်တရားရုံး တားမြစ်မိန့်ချ


နေပြည်တော်မှာကျင်းပတဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား။ (မတ် ၂၇၊ ၂၀၂၁) FILE - Military personnel participates in a parade on Armed Forces Day in Naypyitaw, Myanmar, March 27, 2021.
နေပြည်တော်မှာကျင်းပတဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား။ (မတ် ၂၇၊ ၂၀၂၁) FILE - Military personnel participates in a parade on Armed Forces Day in Naypyitaw, Myanmar, March 27, 2021.

မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု စာချုပ် ဒါမှမဟုတ် တင်ပို့ခွင့်ပါမစ်တွေရပ်ထားဖို့ တောင်အာဖရိက Gauteng ဒေသ အထက်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

ဖွဲ့စည်းပုံနဲ့မညီညွတ်တဲ့ အစိုးရ အပြောင်းအလဲ ဒါမှမဟုတ် လူမျိုးသုဥ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်တဲ့နိုင်ငံတွေကို လက်နက်တင်ပို့လွှဲပြောင်းမှုရပ်ဆိုင်းဖို့ နိုင်ငံလုံးဆိုင်ရာ သမရိုးကျ လက်နက်များ ထိန်းချုပ်ရေး ကော်မီတီ (NCACC) ကို တရားရုံးက အမိန့်ထုတ်လိုက်တာ ဖြစ်တယ်လို့ အာဖရိက ကာကွယ်ရေးဆိုင်ရာ သတင်းတွေကိုဖော်ပြတဲ့ defenceweb အင်တာနက်စာမျက်နှာ က ပြောပါတယ်။

တောင်အာဖရိက တရားစွဲဆိုရေး ဗဟိုဌာန SALC ရဲ့ ကိုယ်စား လူ့အခွင့်အရေး ရှေ့နေများအဖွဲ့ LHR ရဲ့ လျှောက်ထားချက်ကို တရားရုံးက ဇူလိုင် ၁၉ ရက်မှာ ခုလိုတုံ့ပြန် ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ‘လူ့အခွင့်အရေး ချိုးဖောက်နေတဲ့တိုင်းပြည်နဲ့ စစ်အာဏာသိမ်းထားတဲ့တိုင်းပြည်တွေကို လက်နက် တင်ပို့တာ ဥပဒေနဲ့ မညီညွတ်ပါဘူး။ တောင်အာဖရိက အနေနဲ့ တာဝန်ခံမှု တာဝန်ယူမှုရှိတဲ့ လက်နက် ကုန်သွယ်ရေးဖြစ်ဖို့ ဒီအမိန့်က အရေးကြီးလှပါတယ်’ လို့ SALC ရဲ့ နိုင်ငံတကာ တရားမျှတရေး ဌာန အကြီးအကဲ Dr Atilla Kisla က ပြောပါတယ်။

တောင်အာဖရိက,ကနေ မြန်မာကို လက်နက်တင်ပို့ရေး သာမက၊ တခြားတိုင်းပြည်တွေအပေါ်လည်း ဒီအမိန့်က သက်ရောက်မှု ရှိလိမ့်မယ်လို့ Justice for Myanmar အဖွဲ့က ဆိုပါတယ်။

မြန်မာကိုလက်နက်တင်ပို့မှု တောင်အာဖရိကအထက်တရားရုံး တားမြစ်မိန့်ချ
 
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG