သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးမေးလ် ပြသနာသစ် အချက်အလက် ထုတ်ပြန်ဖို့ FBI ကို ကလင်တန်တိုက်တွန်း


Hillary Clinton
Hillary Clinton

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton က သူနိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ချိန် ကိုယ်ပိုင်အီးမေးလ် ဆာဗာသုံးခဲ့တာနဲ့ ပတ်သက် လို့ ပြန်စစ်ဆေးမယ်လို့ FBI အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ ကြေငြာချက် အပေါ်တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ FBI အကြီးအကဲ James Comey ရဲ့ ကြေငြာ ချက် သောကြာနေ့က ထွက်လာပြီး နာရီပိုင်းအကြာမှာပဲ သတင်းဌာနတွေရှေ့မှာ Hillary ကပြောဆိုခဲ့တာပါ။ အရင်ကလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုမှာ မတွေ့ခဲ့ရတဲ့ အီးမေးလ် အသစ်တွေ တွေ့ရှိခဲ့ပြီး Hillary Clinton အပေါ်သက်ရောက် မှုတွေရှိ လာနိုင်တယ်လို့ FBI အကြီးအကဲ မစ္စတာ Comey ကပြောပါတယ်။

နောက်တွေ့တဲ့ အီးမေးလ်နဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေထုတ်ပြန်ပေးဖို့ Hillary ကတောင်းဆိုလိုက်တာပါ။ ခုတွေ့တဲ့ အီးမေးလ်က သိပ်အရေးပါချင်မှပါတယ် ဆိုပြီး FBI အကြီးအကဲ ကိုယ်တိုင်ပြောဆိုထားတာကြောင့် ဒီတွေ့ရှိချက်ကို ထုတ်ပြန် လိုက်ပါလို့ ဟီလာရီကဆိုပါတယ်။ အစိုးရအီးမေးလ်တွေကို ကိုယ်ပိုင်ဆာဗာနဲ့ အသုံးပြု ခဲ့တာဟာ အလွန်ပေါ့လျော့ပေမယ့် အမှားအယွင်းတော့မရှိဘူးလို့ ဂျူလိုင် လတုန်းက ဆုံးဖြတ်ခဲ့တာပါ။FBI က အခု ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ဂျူလိုင်လက ဆုံးဖြတ်ချက်အပေါ် အပြောင်းအလဲတွေမှာ ရှိလာမှာ မဟုတ်ဘူးဆိုတာ ယုံကြည်မှု အပြည့်ရှိတယ်လို့ ဟီလာရီကပြောပါတယ်။

ဒီအီးမေးလ်ထဲမှာ ဟီလာရီရဲ့ အနီးကပ်လူဖြစ်တဲ့ Human Abedin ရဲ့ခင်ပွန်းေ ဟာင်း၊ နယူးယောက် အောက်လွတ်တော်အမတ်ဟောင်း Anthony Weiner နဲ့ ဆက်စပ်နေ တယ်ဆိုပြီး နောက်ထပ် သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ် ပါတယ်။ Weiner ဟာမြောက်ကာရိုလိုင်းနားက အရွယ်မရောက်သေးတဲ့ မိန်းကလေးတဦးနဲ့ တယ်လီဖုန်း ကတဆင့် လိင်ပိုင်းဆိုင်ရာစာတွေနဲ့ ဓာတ်ပုံတွေပေး ပို့ရေးသား ဆက်သွယ် တယ်ဆိုပြီး စုံစမ်းစစ်ဆေးခံနေရတာဖြစ်ပါတယ်။

ပြိုင်ဘက် ရီပါဘလစ်ကန် သမ္မတလောင်း Donald Trump ကတော့ ဒီအမှုကို FBI က ပြန်စစ်ဆေးမယ်ဆိုတာကို ထောက်ခံပြီး ဂျူလိုင်လက ဆိုးရွားလွန်းတဲ့ ဆုံးဖြတ်ချက် အမှားကိုပြန်ပြင်နိုင် လိမ့်မယ်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG