သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အျငင္းပြားစရာ ဥပေဒၾကမ္း ေဟာင္ေကာင္လႊတ္ေတာ္တရားဝင္ ႐ုပ္သိမ္း


ေဟာင္ေကာင္မွာ လူထုဆႏၵျပပြဲႀကီးေတြ စတင္ျဖစ္လာေစခဲ့တဲ့ အျငင္းပြားစရာ ဥပေဒၾကမ္းကုိ အာဏာပိုင္ေတြ တရားဝင္ျပန္ ႐ုပ္သိမ္းလိုက္ပါၿပီ။

ရာဇဝတ္မႈ က်ဴးလြန္တယ္လို႔ မသကၤာသူေတြကုိ တ႐ုတ္ျပည္မႀကီးကို လႊဲေျပာင္းေပးေရး အဆိုျပဳတဲ့ ဥပေဒၾကမ္းေၾကာင့္ လူမႈအသိုင္းအဝိုင္းထဲမွာ ပဋိပကၡျဖစ္ရတဲ့အတြက္ ဒီဥပေဒၾကမ္းကို ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးအဖဲြ႔က ဆိုင္းငံ့ထားၿပီးျဖစ္ေၾကာင္းနဲ႔ အခုေတာ့ ဥပေဒၾကမ္းကို တရားဝင္ ႐ုပ္သိမ္းတယ္လို႔ လံုၿခံဳေရးဝန္ႀကီး John Lee ကလႊတ္ေတာ္မွာ ဒီကေန႔ ေၾကညာခဲ့ပါတယ္။

ဒီဥပေဒၾကမ္းေၾကာင့္ တ႐ုတ္ျပည္မႀကီး အစိုးရရဲ႕ ထိန္းခ်ဳပ္မႈ ေဟာင္ေကာင္မွာ တျဖည္းျဖည္းပိုမ်ားလာေနၿပီလို႔ဆိုၿပီး ဇြန္ လထဲကစလို႔ ေထာင္ေသာင္းခ်ီတဲ့ ေဟာင္ေကာင္ျပည္သူေတြ လမ္းေပၚထြက္ ဆႏၵျပေနၾကတာပါ။

ဆႏၵျပပြဲေတြ အ႐ွိန္ျမင့္လာခ်ိန္မွာ အုပ္ခ်ဳပ္ေရးမွဴး Carrie Lam ကဥပေဒၾကမ္းကို ဆိုင္းငံ့ခဲ့ေပမဲ့ ဆႏၵျပသူေတြဘက္က ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖုိ႔ ဆက္လက္ေတာင္းဆိုေနၾကပါတယ္။

ဒီဥပေဒၾကမ္း ႐ုပ္သိမ္းေရးအပါအဝင္ ဆႏၵျပသူေတြဘက္က အခ်က္ ငါး ခ်က္ကို ေတာင္းဆိုထားတာပါ။ ဥပေဒၾကမ္းကို တရားဝင္႐ုပ္သိမ္းေၾကာင္း မေၾကညာခင္ နာရီပိုင္းအလိုမွာ ထိုင္ဝမ္မွာ လူသတ္မႈနဲ႔ အလို႐ွိေနတဲ့ ေဟာင္ေကာင္အမ်ဳိးသား Chan Tong-kai ကို ေဟာင္ေကာင္အက်ဥ္းေထာင္ကေန ျပန္လႊတ္ေပးလိုက္ပါတယ္။

ေငြမည္းခဝါ ခ်မႈေထာင္ဒဏ္ျပည့္သြားလို႔ ျပန္လႊတ္ေပးတာပါ။ ဒါေပမဲ့ ထိုင္ဝမ္မွာ သူ႔ရဲ႕ ကိုယ္ဝန္ေဆာင္ရည္းစားကို သတ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ထိုင္ဝမ္က အလို႐ွိေနပါတယ္။ သူ႔ရဲ႕အမႈေၾကာင့္ ရာဇဝတ္မႈ က်ဴးလြန္တယ္လို႔ မသကၤာသူေတြကုိ တ႐ုတ္ျပည္မႀကီးကို လႊဲေျပာင္းေပးေရးဥပေဒၾကမ္းကိစၥ လူသိမ်ားၿပီး ဆႏၵျပမႈေတြ စတင္ခဲ့တာ ျဖစ္ပါတယ္။

တခ်ိန္ထဲမွာပဲ ေဟာင္ေကာင္အစိုးရအႀကီးအကဲ Carrie Lam ေနရာမွာ ၾကားျဖတ္ေခါင္းေဆာင္တေယာက္နဲ႔ အစားထိုးဖုိ႔ တ႐ုတ္ျပည္မႀကီးအစိုးရက စီစဥ္ေနတယ္လို႔ Financial Times သတင္းစာထဲမွာ ေဖာ္ျပခဲ့ပါတယ္။

ဆႏၵျပသူေတြေတာင္းဆုိေနတဲ့အတိုင္း အုပ္ခ်ဳပ္ေရးမွဴးကို ဖယ္႐ွားတာလို႔ မျဖစ္ေအာင္ ေဟာင္ေကာင္အေျခအေနေတြ တည္ၿငိမ္ေအာင္ တ႐ုတ္ေခါင္းေဆာင္ေတြက အခ်ိန္ေစာင့္ေနေၾကာင္း သတင္းစာထဲမွာ ေရးသားထားပါတယ္။

[Unicode Version]

ဟောင်ကောင်မှာ လူထုဆန္ဒပြပွဲကြီးတွေစတင်ဖြစ်လာစေခဲ့တဲ့ အငြင်းပွားစရာ ဥပဒေကြမ်းကို အာဏာပိုင်တွေ တရားဝင်ပြန် ရုပ်သိမ်းလိုက်ပါပြီ။

ရာဇဝတ်မှု ကျူးလွန်တယ်လို့ မသင်္ကာသူတွေကို တရုတ်ပြည်မကြီးကို လွှဲပြောင်းပေးရေး အဆိုပြုတဲ့ ဥပဒေကြမ်းကြောင့် လူမှုအသိုင်းအဝိုင်းထဲမှာ ပဋိပက္ခဖြစ်ရတဲ့အတွက် ဒီဥပဒေကြမ်းကို ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့က ဆိုင်းငံ့ထားပြီးဖြစ်ကြောင်းနဲ့ အခုတော့ ဥပဒေကြမ်းကို တရားဝင် ရုပ်သိမ်းတယ်လို့ လုံခြုံရေးဝန်ကြီး John Lee ကလွှတ်တော်မှာ ဒီကနေ့ ကြေညာခဲ့ပါတယ်။

ဒီဥပဒေကြမ်းကြောင့် တရုတ်ပြည်မကြီးအစိုးရရဲ့ ထိန်းချုပ်မှု ဟောင်ကောင်မှာ တဖြည်းဖြည်းပိုများလာနေပြီလို့ဆိုပြီး ဇွန် လထဲကစလို့ ထောင်သောင်းချီတဲ့ ဟောင်ကောင်ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြနေကြတာပါ။

ဆန္ဒပြပွဲတွေ အရှိန်မြင့်လာချိန်မှာ အုပ်ချုပ်ရေးမှူး Carrie Lam ကဥပဒေကြမ်းကို ဆိုင်းငံ့ခဲ့ပေမဲ့ ဆန္ဒပြသူတွေဘက်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဆက်လက်တောင်းဆိုနေကြပါတယ်။ ဒီဥပဒေကြမ်း ရုပ်သိမ်းရေးအပါအဝင် ဆန္ဒပြသူတွေဘက်က အချက် ငါး ချက်ကို တောင်းဆိုထားတာပါ။ ဥပဒေကြမ်းကို တရားဝင်ရုပ်သိမ်းကြောင်း မကြေညာခင် နာရီပိုင်းအလိုမှာ ထိုင်ဝမ်မှာ လူသတ်မှုနဲ့ အလိုရှိနေတဲ့ ဟောင်ကောင်အမျိုးသား Chan Tong-kai ကို ဟောင်ကောင်အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။

ငွေမည်းခဝါ ချမှုထောင်ဒဏ်ပြည့်သွားလို့ ပြန်လွှတ်ပေးတာပါ။ ဒါပေမဲ့ ထိုင်ဝမ်မှာ သူ့ရဲ့ ကိုယ်ဝန်ဆောင်ရည်းစားကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်က အလိုရှိနေပါတယ်။ သူ့ရဲ့အမှုကြောင့် ရာဇဝတ်မှု ကျူးလွန်တယ်လို့ မသင်္ကာသူတွေကို တရုတ်ပြည်မကြီးကို လွှဲပြောင်းပေးရေးဥပဒေကြမ်းကိစ္စ လူသိများပြီး ဆန္ဒပြမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ဟောင်ကောင်အစိုးရအကြီးအကဲ Carrie Lam နေရာမှာ ကြားဖြတ်ခေါင်းဆောင်တယောက်နဲ့ အစားထိုးဖို့ တရုတ်ပြည်မကြီးအစိုးရက စီစဉ်နေတယ်လို့ Financial Times သတင်းစာထဲမှာ ဖော်ပြခဲ့ပါတယ်။

ဆန္ဒပြသူတွေတောင်းဆိုနေတဲ့အတိုင်း အုပ်ချုပ်ရေးမှူးကို ဖယ်ရှားတာလို့ မဖြစ်အောင် ဟောင်ကောင်အခြေအနေတွေ တည်ငြိမ်အောင် တရုတ်ခေါင်းဆောင်တွေက အချိန်စောင့်နေကြောင်း သတင်းစာထဲမှာ ရေးသားထားပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG