သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ႏိုင္ငံေပၚျဖတ္ၿပီး ေျမာက္ကိုရီးယား ဒုံးက်ည္စမ္းသပ္ 


ေျမာက္ကိုရီးယားက စမ္းသပ္ပစ္လႊတ္တဲ့ဒံုးက်ည္ ဂ်ပန္ေရပိုင္နက္ထဲ က်ေရာက္ရာလမ္းေၾကာင္း။ (ေအာက္တိုဘာ ၄၊ ၂၀၂၂)

[[Zawgyi/Unicode]]

ေျမာက္ကိုရီးယားက အမ်ိဳးအစားမသိေသးတဲ့ ပဲ့ထိန္းတပ္ဒုံးက်ည္တစင္းကို ဂ်ပန္ႏိုင္ငံေပၚကိုေက်ာ္ၿပီး ပစ္လႊတ္လိုက္တဲ့အတြက္ ေျမာက္ပိုင္းက ဟိုကိုင္းဒိုး (Hokkaido) နဲ႔ ေအအိုမိုရီ (Aomori) ခ႐ိုင္ေတြမွာ လူေတြကို အဂၤါေန႔မနက္က ေဘးလြတ္ရာေ႐ႊ႕ေျပာင္းခဲ့ရပါတယ္။

ဒီလိုပစ္ခတ္တာဟာ ရက္စက္ရမ္းကားတဲ့လုပ္ရပ္ျဖစ္တယ္လို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida က ေျပာပါတယ္။

“ဒီအေျခအေနကိုတုံ႔ျပန္တဲ့အေနနဲ႔ က်လာတဲ့လက္နက္ေၾကာင့္ ပ်က္စီးခဲ့တာေတြကို စစ္ေဆးဖို႔ အစိုးရကို ၫႊန္ၾကားထားပါတယ္။ အခ်က္အလက္ေတြကို ႏွံ႔ႏွံ႔စပ္စပ္ စုေဆာင္းသုံးသပ္ၿပီး ဆိုင္ရာတိုင္းျပည္ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ ေျပာထားပါတယ္။ ဒီေနာက္မွာေတာ့ အမ်ိဳးသားလုံၿခဳံေရးေကာင္စီကို ခ်က္ခ်င္းေခၚယူၿပီး သတင္းအခ်က္အလက္ေတြကို စုေဆာင္း သုံးသပ္မွာပါ။” လို႔ ေျပာသြားခဲ့တာပါ။

ဒုံးက်ည္ကို မနက္ ၇ နာရီ ၂၂ မိနစ္က ပစ္လႊတ္ခဲ့တာျဖစ္တယ္လို႔ ဂ်ပန္အစိုးရအဖြဲ႕ အတြင္းဝန္ခ်ဳပ္ Hirokazu Matsuno က သတင္းေထာက္ေတြကို ေျပာပါတယ္။ ေနာက္ ၂၂ မိနစ္အၾကာမွာ ဂ်ပန္ႏိုင္ငံရဲ႕အေရွ႕ဘက္ကမ္းက စီးပြါးေရးဇုံအျပင္ဘက္ ပစိဖိတ္ သမုဒၵရာထဲကို က်သြားခဲ့တယ္လို႔ ဆိုပါတယ္။

အဂၤါေန႔က ပစ္လႊတ္ခဲ့တဲ့ဒုံးက်ည္ျဖစ္ပုံရတဲ့ဓာတ္ပုံေတြကို ေျမာက္ကိုရီးယား ႏိုင္ငံပိုင္ မီဒီယာက ေဖာ္ျပခဲ့ပါတယ္။

ေျမာက္ကိုရီးယားက ႏ်ဴကလီယာလက္နက္သုံးဖို႔ဆုံးျဖတ္ခဲ့ရင္ မဟာမိတ္ေတြက ျပတ္ျပတ္သားသား ထူးထူးကဲကဲ တုံ႔ျပန္သြားမယ္လို႔ စေနေန႔ကက်င္းပခဲ့တဲ့ လက္နက္ကိုင္တပ္ဖြဲ႕မ်ားေန႔ အခမ္းအနားမွာ ေတာင္ကိုရီးယားသမၼတ Yoon Suk Yeol က ေျပာၾကားခဲ့ပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဂျပန်နိုင်ငံပေါ်ဖြတ်ပြီး မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်

မြောက်ကိုရီးယားက အမျိုးအစားမသိသေးတဲ့ ပဲ့ထိန်းတပ်ဒုံးကျည်တစင်းကို ဂျပန်နိုင်ငံပေါ်ကိုကျော်ပြီး ပစ်လွှတ်လိုက်တဲ့အတွက် မြောက်ပိုင်းက ဟိုကိုင်းဒိုး (Hokkaido) နဲ့ အေအိုမိုရီ (Aomori) ခရိုင်တွေမှာ လူတွေကို အင်္ဂါနေ့မနက်က ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပါတယ်။

ဒီလိုပစ်ခတ်တာဟာ ရက်စက်ရမ်းကားတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ပြောပါတယ်။

“ဒီအခြေအနေကိုတုံ့ပြန်တဲ့အနေနဲ့ ကျလာတဲ့လက်နက်ကြောင့် ပျက်စီးခဲ့တာတွေကို စစ်ဆေးဖို့ အစိုးရကို ညွှန်ကြားထားပါတယ်။ အချက်အလက်တွေကို နှံ့နှံ့စပ်စပ် စုဆောင်းသုံးသပ်ပြီး ဆိုင်ရာတိုင်းပြည်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောထားပါတယ်။ ဒီနောက်မှာတော့ အမျိုးသားလုံခြုံရေးကောင်စီကို ချက်ချင်းခေါ်ယူပြီး သတင်းအချက်အလက်တွေကို စုဆောင်း သုံးသပ်မှာပါ။” လို့ ပြောသွားခဲ့တာပါ။

ဒုံးကျည်ကို မနက် ၇ နာရီ ၂၂ မိနစ်က ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Hirokazu Matsuno က သတင်းထောက်တွေကို ပြောပါတယ်။ နောက် ၂၂ မိနစ်အကြာမှာ ဂျပန်နိုင်ငံရဲ့အရှေ့ဘက်ကမ်းက စီးပွါးရေးဇုံအပြင်ဘက် ပစိဖိတ် သမုဒ္ဒရာထဲကို ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့က ပစ်လွှတ်ခဲ့တဲ့ဒုံးကျည်ဖြစ်ပုံရတဲ့ဓာတ်ပုံတွေကို မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားက နျူကလီယာလက်နက်သုံးဖို့ဆုံးဖြတ်ခဲ့ရင် မဟာမိတ်တွေက ပြတ်ပြတ်သားသား ထူးထူးကဲကဲ တုံ့ပြန်သွားမယ်လို့ စနေနေ့ကကျင်းပခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့များနေ့ အခမ်းအနားမှာ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က ပြောကြားခဲ့ပါသေးတယ်။

XS
SM
MD
LG